
လက်ရှိ အမျိုးသမီးများ ဦးဆောင်မှုအပိုင်းနှင့် ပတ်သက်ပြီး "အကန့်အသတ်တွေတော့ အများကြီး ရှိနေသေးပါတယ်။ နိုင်ငံရေးအရ ဦးဆောင်မှုမှာ ပါဝင်နိုင်ဖို့ လူမှုအသိုင်းအဝိုင်းကြီးက တွဲခေါ်ပေးမှုအားနည်းတယ်၊ အမျိုးသမီးတွေကို လူမှုရေးရေး အဝန်းအဝိုင်း ကိစ္စတွေမှာသာ ပါဝင်စေမှု များပါတယ်။ ဦးဆောင်မှုရှိလာတဲ့ အမျိုးသမီးတွေကိုလည်း အမျိုးသမီးတွေ အချင်းချင်း အပြန်အလှန်ပံ့ပိုး ကူညီမှု လိုအပ်သလို ဝန်းရံပေးဖို့လည်း လိုအပ်နေပါတယ်။..."
အပြည့်အစုံဖတ်ရန်...
အမျိုးသမီးနှီးနှောဖလှယ်ပွဲဟာ အမျိုးသမီးတွေအချင်းချင်း တွေ့ဆုံဖို့ နေရာတစ်ခုဖြစ်တယ်။ ဒီနေရာမှာ ယုံကြည်မှုတွေ ရကြတယ်၊ ပျော်ရွှင်မှုတွေ ရကြတယ်၊ အချင်းချင်း ပံ့ပိုးမှု၊ ကူညီမှုပေးဖို့ နည်းလည်းတွေ ရှာကြတယ်။ ကမ္ဘာမှာ၊ သူတို့နိုင်ငံမှာ၊ သူတို့လူမှုအသိုင်းအ၀ိုင်းမှာ၊ သူတို့မိသားစုမှာ သူတို့ရဲ့အသံတွေ ထုတ်ဖော်ဖို့ နည်းလမ်းတွေ ရှာဖွေကြတယ်။
အပြည့်အစုံဖတ်ရန်...
"ကဏ္ဍနယ်ပယ် အသီးသီးမှာ အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါလာနိုင်ဖို့အတွက် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံက အစပြုလို့ ဥပဒေပိုင်းဆိုင်ရာ ပြဌာန်းချက် အဆင့်ဆင့်မှာ တရားဝင်ဖြစ်လာဖို့က အရမ်းအရေးကြီးပါတယ်။ အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း အဖွဲ့ အစည်းအနေနဲ့ပဲ ဖြစ်ဖြစ်၊ တစ်ဦးချင်းစီအနေနဲ့ပဲ ဖြစ်ဖြစ် အစိုးရကိုရော၊ နိုင်ငံရေးပါတီ အဖွဲ့ အစည်း စတဲ့ လူမှုအသိုင်းအ၀န်း တစ်ခုလုံးမှာ၊ လူမှုကဏ္ဍ နယ်ပယ် အဆင့်ဆင့်မှာ တောင်းဆို တင်ပြမှုတွေ များများလုပ်ဖို့ လိုတယ်။ အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း အမျိုးသားတွေ လက်ခံယုံကြည်လာနိုင်အောင် ကြိုးစားလုပ်ဆောင်မှုတွေရှိဖို့ လိုတယ်လို့ ပြောချင်ပါတယ်။"
အပြည့်အစုံဖတ်ရန်...
"ပထမ အဆင့် အနေနဲ့ကတော့ သူတို့ရဲ့ အခြေအနေတွေနဲ့ လိုအပ်ချက်တွေကို သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေအပြင် မြန်မာလူထု၊ အလှူရှင်များအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကပါ သိရှိလာကြပြီး အဲ့ဒီကမှတဆင့် လက်ရှိ ရှိနေတဲ့ အလုပ်သမားတွေရဲ့ အခြေအနေတွေကို ပြောင်းလဲပစ်ပြီးတော့ အလုပ်သမားတွေရဲ့ အခြေခံရပိုင်ခွင့် အခွင့်အရေးတွေ၊ အကာအကွယ် ပေးနိုင်တဲ့ မူဝါဒတွေ ဖြစ်ပေါ်လာပြီး အလုပ်သမားလက်မှတ် လုပ်ဆောင်ခွင့် စတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာပါမယ်။ ဒီ့အပြင် ...
အပြည့်အစုံဖတ်ရန်...
ကမ္ဘာတ၀ှမ်း ပြုလုပ်ကျင်းပသော ကျား၊ မ အခြေပြု အကြမ်းဖက်မှုများကို ဆန့်ကျင်သည့် ၁၆ ရက်တာ လှုပ်ရှားမှုအစိတ်အပိုင်းအနေဖြင့် ကုလသမဂ္ဂ အေဂျင်စီများနှင့် လူမှုလူ့အဖွဲ့အစည်းများသည် ဂါဇာကမ်းမြောင်ဒေသရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ဆန့်ကျင်တိုက်ဖျက်ရန်အတွက် ပွဲတော်တခုကို ဒီဇင်ဘာ ၈ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ပြုလုပ်ခဲ့ပြီး ...
အပြည့်အစုံဖတ်ရန်...