နောက်ဆုံးပြင်ဆင်ဖြည့်စွက်သည့်နေ့ - ၀၂ မေလ ၂၀၁၂
မူလစာမျက်နှာ|ချိုးလင်းပြာအကြောင်း|ဆက်သွယ်ရန်|BWU|

ပထမဆုံး အမျိုးသမီးလူရွှင်တော်များပါဝင်သည့် ချိုးလင်းပြာသဘင်ပွဲ DVD မှာယူကြည့်ရှုနိုင်ပြီ


ထိုင်းနိုင်ငံ နယ်စပ်တနေရာမှာ ကျင်းပခဲ့တဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ ၁၅ နှစ်ပြည့် အခမ်းအနားမှာ ထူးထူးခြားခြား အမျိုးသမီးလူရွှင်တော်များပါဝင်တဲ့ ချိုးလင်းပြာသဘင်ပွဲကို တင်ဆက်ပြသခဲ့ပါတယ်။

သီးလေးသီးဆေးရောင်စုံအငြိမ့်မှ မင်းသမီး မြစပယ်ငုံ၊ မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့ဝင် အမျိုးသမီးငယ်များဖြစ်ကြတဲ့ တိုးတိုး၊ ဘုတ်ဘုတ်၊ စဲစဲတို့ကနေ လူရွှင်တော်များအဖြစ် ပါဝင်ဖျော်ဖြေခဲ့ပြီး သီးလေးသီးဆေးရောင်စုံအငြိမ့်မှ လူရွှင်တော် ဇီးသီးက မင်းသားလေးအဖြစ်၊ မြန်မာ့အမျိုးသမီးသမဂ္ဂမှ ထွေးထွေး၊ ၀င့်ဝါခိုင်တို့က မင်းသမီးများအဖြစ် မြိုင်မြိုင်ဆိုင်ဆိုင် ပထမဆုံး ကပြဖျော်ဖြေခဲ့တဲ့ ထူးထူးခြားခြား သဘင်ပွဲလေးဖြစ်ပါတယ်။

ချိုးလင်းပြာ သဘင်ပွဲမှာ အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့နေရတဲ့ နေ့တဓူဝ ခွဲခြားဆက်ဆံမှုများ၊ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုများအပေါ် အမျိုးသမီးလူရွှင်တော်တွေကနေ သရော်ခဲ့ပြီး ဒီမိုကရေစီလှုပ်ရှားမှုနှင့် စစ်အာဏာရှင်လက်အောက် အမျိုးသမီးအခွင့်အရေးအခြေအနေကိုလည်း ဟာသပြကွက်များနဲ့ တင်ဆက်ထားပါတယ်။

ချိုးလင်းပြာသဘင်ပွဲ DVD ကို မှာယူကြည့်ရှုလိုပါက မြန်မာ့အမျိုးသမီးသမဂ္ဂသို့ အီးမေးလ်မှတဆင့် (သို့) စာတိုက်မှတဆင့် ဆက်သွယ်တောင်းယူနိုင်ပါတယ်။

စာတိုက်လိပ်စာ-
Burmese Women's Union
P.O Box 40,
Mae Rim, Chiang Mai 50180
Thailand

အီးမေးလ်-
Email: bwu@burmesewomensunion.org
          bwu.dove@gmail.com