နောက်ဆုံးပြင်ဆင်ဖြည့်စွက်သည့်နေ့ - ၀၂ မေလ ၂၀၁၂
မူလစာမျက်နှာ|ချိုးလင်းပြာအကြောင်း|ဆက်သွယ်ရန်|BWU|

နာမည်ကြီး အမျိုးသမီး ကွန်ပြူတာ သိပ္ပံပညာရှင်များ

အဂ္ဂ
သမီးတို့ကို ထူးချွန်ထက်မြက်လိုစိတ် ပွားများလာစေမယ့် နည်းတွေထဲမှာ အောင်မြင်သွားခဲ့တဲ့ အမျိုးသမီးတွေရဲ့ အကြောင်းကို ပြောပြခြင်းကလည်း အဓိကကျတဲ့ စိတ်အားသတ္တိ အားတိုးဆေးတခုပဲလို့ ယူဆတယ်။ သူများမကောင်းကြောင်းတွေအစား သူများကောင်းကြောင်းတွေကို လေ့လာနှလုံးသွင်းတာက ကြီးမြင့်ရေးလမ်းစဘဲပေါ့၊ ဟုတ်ဘူးလား။

ဦးဦးကတော့ ကွန်ပြူတာအိုင်တီကိစ္စတွေကို ရေးနေရသူဖြစ်တော့ ကွန်ပြူတာလောကက ကမ္ဘာကျော် အမျိုးသမီး ကွန်ပြူတာသိပ္ပံပညာရှင် တွေအကြောင်းကို ပြောပြမယ်နော်။

တကယ်တာ့ ကွန်ပြူတာနဲ့ ပတ်သက်တဲ့ Charles Babbage စာအုပ်ကို ကွန်ပြူတာမပေါ်ခင်ဖြစ်တဲ့ ၁၈ ရာစုကတည်းက အော့ဂတ်စတာ အဒါခင်း (Augusta Ada King) ဆိုတဲ့ အင်္ဂလိပ် အမျိုးသမီး စာရေးဆရာမတဦးက ရေးသားပြုစုခဲ့တာပါတဲ့။ သူမက သုံးသပ်ရေးစက် (Analytical engine) လို့ အမည်ပေးခဲ့တဲ့ စက်ရဲ့ အလုပ်လုပ်ပုံလုပ်နည်း ပညာတွေဟာ ကမ္ဘာ့အစောဆုံး သင်္ချာနည်းကျ ကွန်ပြူတာ သိပ္ပံပညာကျမ်းတစောင်ဖြစ်ပြီး သူမကိုတော့ ကမ္ဘာ့အစောဆုံး ကွန်ပြူတာပရိုဂမ်မာ (Computer programmer) အဖြစ် ၁၉၈၀ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှာ အမေရိကန်နိုင်ငံ ကာကွယ်ရေးဌာနက အသိအမှတ်ပြုခဲ့ပါတယ်။ နားလည်ရလွယ်အောင် ပြောရရင်တော့ သူမဟာ ဒီနေ့သုံးနေတဲ့ ကွန်ပြူတာနဲ့  Software အားလုံးကို ကမ္ဘာပေါ်မှာ ဒါတွေ တခုမှ မရှိသေးတဲ့ အချိန်က ဒါတွေ ရှိလာအောင် စတင် ဖန်တီးခဲ့သူပါဘဲ။ ပြီးခဲ့တဲ့လက အထာမျိုးနဲ့ ပြောရရင်တော့ သူမဟာ ကမ္ဘာသူ ကမ္ဘာသားတွေအတွက် ကွန်ပြူတာ ဖန်ဆင်းပေးခဲ့တဲ့ နတ်မင်းကြီး တပါးပေါ့။ ဟုတ်တယ်ဟုတ်။

အဒါခင်းလိုဘဲ ကွန်ပြူတာသိပ္ပံပညာကို ထူးချွန်ကြတဲ့ အမျိုးသမီး ပညာရှင်တွေ ခေတ်အဆက်ဆက်မှာ ရှိခဲ့ပါတယ်။ သူတို့ထဲက တချို့ အကြောင်းကို ဦးဦး လှန်လှောရှာဖွေ တင်ပြမယ်နော်။

မဂ်ဝှစ်မန်း (Meg Whitman) ဆိုတဲ့အမျိုးသမီးဟာ အီးဘေး (eBay) လို့ခေါ်တဲ့ အင်တာနက်ပေါ်က လေလံလုပ်ငန်း ကုမ္ဗဏီကြီးရဲ့ အမြင့်ဆုံး အုပ်ချုပ်ရေးမှူးများ အရာရှိချုပ် (Chief Executive Officer, CEO) တဦး ဖြစ်ခဲ့တယ်။ သူမဟာ ၁၉၉၈ ခုနှစ်မှာ အမှုထမ်း ၁၀၀ ခန့်ရှိခဲ့တဲ့ အီးဘေးကုမ္ပဏီကို အမှုထမ်း ၉၀၀၀ ကျော်အထိ ကမ္ဘာတလွှား တိုးပွားလာစေသူဖြစ်တယ်။ အမေရိကန်နိုင်ငံ Fortune magazine ကြီးက သူမကို ၂၀၀၄ ခုနှစ်အတွင်း တန်ခိုးအထွားဆုံး လုပ်ငန်းရှင်တဦးအဖြစ် မှတ်ကျောက်တင်ခဲ့တယ်။

ကားလီဖီယိုရီနာ (Carly Fiorina)  ဆိုတဲ့ အမျိုးသမီးဟာ ၁၉၉၉ခုနှစ် ကနေ ၂၀၀၅ ကြားမှာ Hewlett-Packard (HP) လို့ သမီးတို့ ကြားဖူးနားဝရှိတဲ့ ကွန်ပြူတာဆိုင်ရာ ကုန်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီကြီးရဲ့ အုပ်ချုပ်ရေးမှူးများ အရာရှိချုပ် (Chief Executive Officer, CEO) တဦး ဖြစ်ခဲ့တယ်။ Fortune magazine ကြီးက သူမကို 1998-2003 ခုနှစ်အတွင်း သြဇာတက္ကိမအကြီးဆုံး လုပ်ငန်းရှင်တဦးအဖြစ် မှတ်ကျောက်တင်ခဲ့တယ်။

ရှဖီဂိုးလ်ဝတ်စာ (Shifi Goldwasser) - သူမဟာ ကွန်ပြူတာသီအိုရီ သိပ္ပံပညာရှင်ဖြစ်ပြီး  European Association for Theoretical Computer Science (EATCS) အဖွဲ့ ကြီးက ချီးမြှင့်တဲ့ Godel Prize ဆုကြီးကို ၂ ကြိမ် ရရှိခဲ့ရလောက်အောင် အင်မတန် ထူးချွန်သူဖြစ်တယ်။ သူမဟာ မက်စချူးဆက် စက်မှုတက္ကသိုလ်က လျှပ်စစ်အင်ဂျင်နီယာနဲ့ ကွန်ပြူတာ သိပ္ပံပါရဂူကြီးဖြစ်တယ်။ သူမဟာ ကွန်ပြူတာသုံး သီအိုရီအသစ်အသစ်တွေကို ဆက်လက်သုတေသနပြု စမ်းသပ်ထုတ်လုပ် ဖြန့်ချိနေဆဲ ဖြစ်တယ်။

အနိတာဘော်ဂ် (Anita Borg) ကတော့ ၁၉၉၇ ခုနှစ်က အမျိုးသမီးနည်းပညာ တက္ကသိုလ် (Institute for Women and Technology, IWT) ကို ထူထောင်အုပ်ချုပ်ခဲ့သူ ဖြစ်တယ်။ သူမရဲ့ လုပ်ငန်းကို Xerox ကုမ္ဗဏီကြီးက ထောက်ပံ့အားပေးခဲ့တယ်။ သူမ IWT ရဲ့ ဦးတည်ချက် (၃) ခုကတော့

၁) နည်းပညာမတတ်တဲ့ အမျိုးသမီးတွေကို တိုးတက်ရေး လမ်းကြောင်းပေါ်တင်ရေး
၂) အမျိုးသမီး သိပ္ပံပညာရှင် တိုးပွားလာရေး
၃) အမျိုးသမီးတို့ရဲ့ ဒီပြောင်းလဲမှုအရှိန်ကို စက်မှုလုပ်ငန်းနဲ့ အစိုးရမှ အဟုန်မြှင့်ပေးရန် ကူညီရေးတို့ ဖြစ်ပါတယ်။

အီဗာတာဒေါ့စ် (Eva Tardos) ဟာ 1988 က Fulkerson Prize ဆုကိုရှိခဲ့သူ ဟန်ဂေရီအမျိုးသမီး သိပ္ပံပါရဂူတဦးဖြစ်တယ်။ ခုလောလောဆယ် အမေရိကန်ပြည် Cornell University မှာ ကွန်ပြူတာသိပ္ပံဌာနရဲ့ ဥက္ကဌရော တက္ကသိုလ် ပါမောက္ခတဦးအဖြစ်ပါ တာဝန်ယူထားသူဖြစ်တယ်။

ဘားဘရာအိပ်ခ်ျလစ်ကော့ (Babra H.Liskov) လို့ခေါ်တဲ့ သမီးတို့ရဲ့ ဟောဒီဖွားဖွားကြီးကတော့ အမေရိကန်ပြည်ရဲ့ ကွန်ပြူတာသိပ္ပံ ပါရဂူဘွဲ့ကို ၁၉၆၈ ခုနှစ်က ဆွတ်ခူးခဲ့တဲ့ ပထမဆုံး အမျိုးသမီးပါဘဲ။

ဖရန့်စ်အီးအလန် (Frence E.Allen) ဟာ ၂၀၀၆ ခုနှစ်က Association for Computing Machinery, AMT ရဲ့ AM Turning ဆုကြီးကို ချီးမြှင့်ခံခဲ့ရသူ ပထမဆုံး အမျိုးသမီး ကွန်ပြူတာသိပ္ပံပညာရှင် ဖြစ်တယ်။ ဒီဆုကြီးဟာ သမီးတို့ ကြားဖူးတဲ့ နိုဘယ်ဆုကြီးနဲ့ အဆင့်အတန်း အတူတူပါဘဲ။ သူမဟာ IBM ကွန်ပြူတာလုပ်ငန်းကြီးရဲ့ အဓိကကျတဲ့ ပညာရှင်တဦး ဖြစ်ခဲ့တယ်။ သူမကို နယူးယောက်မြို့တော်မှာ ၁၉၃၂ ခုနှစ်က မွေးဖွားခဲ့တာ ဆိုတော့ ခုဆို ဖွားဖွားကြီး ဖြစ်နေပြီပေါ့နော်။

အန်နာရှနီဒါ (Erna Schneder)  ဟာ အမေရိကန်ကို စစ်နိုင်စေခဲ့တဲ့ အဏုမြူဗုံး တည်ထွင်သူ အိုင်စတိုင်းလိုဘဲ ဒုတိယကမ္ဘာစစ် ကာလတုန်းက အမေရိကန်ရဲ့ တည်ထွင်ပါရဂူတဦးလို့ ဦးဦး တင်စားလိုက်ချင်တယ်။ စစ်ရေးစစ်ရာဆိုတာက ဆက်သွယ်ရေးစနစ် ပိုကောင်းတဲ့ဘက်ကို အသာစီးရစေတယ်။ သူမဟာ အမေရိကန်တပ်မတော် ဆက်သွယ်ရေးအတွက် ကွန်ပြူတာ စွစ်ချင် တယ်လီဖုန်း ဆက်သွယ်ရေးစနစ် (Computerized switching system for telephone traffic) ကို တီထွင်ခဲ့တဲ့အတွက် ဆက်သွယ်ရေးပိုင်းမှာ ဘယ်စစ်ပြိုင်နိုင်ငံကမှ အမေရိကန်ကို ယှဉ်မရဖြစ်ခဲ့တယ်။ ဒီနေ့ သမီးတို့ သုံးနေတဲ့ တယ်လီဖုန်းတွေဟာ အန်နာရဲ့ ကွန်ပြူတာ တယ်လီဖုန်းဆက်သွယ်ရေးစနစ်ကို အခြေခံထားတာ ဖြစ်တယ်။ ဦးဦးမှတ်မိသေးတယ် ဦးဦးတို့ ငယ်ငယ်က မြန်မာပြည်မှာ တယ်လီဖုန်းဆက်ရင် တယ်လီဖုန်းရုံးက လူတယောက်နဲ့ ဘယ်နံပါတ်ကို ဆက်ချင်ပါသလဲဆိုတာ အရင်ပြောရတယ်။ သူက တယ်လီဖုန်းဆိုင်ရာ နံပါတ်ကို ဂျက်ထိုးဆက်သွယ်ပေးတယ်။ သူ့ကို Exchange လို့ ခေါ်တယ်လေ။ ခုဆိုရင် သမီးဆက်ချင်တဲ့လူရဲ့ ဖုန်းနံပါတ်ကို သမီးဘာသာသမီး တိုက်ရိုက် ဆက်လို့ရတယ်မဟုတ်လား။ အေး..အဲဒါ ဖွားဖွား အန်နာရဲ့ ကျေးဇူးဘဲလေ။

ဂျင်းအီးစမက် (Jean E.Sammet,1928) ဟာ (Association for Computing Machinery, AMT) မှာ ၁၉၇၄ ကနေ ၁၉၇၆ ခုနှစ်အထိ ဥက္ကဌလုပ်ခဲ့တယ်။  FORMAC programming language ကို ၁၉၆၂ ခုနှစ်မှာ တည်ထွင်ခဲ့သူဖြစ်တယ်။ သူမဟာ IBM ကွန်ပြူတာလုပ်ငန်းကြီးမှာ ၂၇ နှစ်တိုင်တိုင် ရှေ့ဆောင်ရှေ့ရွက် ပါဝင်လုပ်ကိုင်ခဲ့သူဖြစ်တယ်။ သူမဟာ ၁၉၈၉ မှာ Lovelace Award Recipient, ဆု၊ ၁၉၉၄ မှာ Fellow of the Association for Computing Machinery ဆု၊ ၁၉၉၇ မှာ  SIGPLAN Distinguished Service Award  ဆု နဲ့  ၂၀၀၉ ခုနှစ်မှာ Computer Pioneer Award Recipient (IEEE Computer Society) ဆုကြီးတွေကို ချီးမြှင့်ခြင်း ခံခဲ့ရသူဖြစ်တယ်လေ သမီးရေ.. ဒီလိုတော်တဲ့ အမျိုးသမီးတွေကို သမီးတို့ အားကျအတုယူကြပေါ့နော်။

အက်ဒလီဂိုးလ်စတင်း (Adele Goldstine) ကတော့ သမီးတို့ ဒီနေ့သုံးနေတဲ့ ဒီဂျစ်တယ်ကွန်ပြူတာကို တီထွင်ဖန်တီးတဲ့ သိပ္ပံပညာရှင် ဖြစ်တယ်။ သူမဟာ ကမ္ဘာကျော် အမျိုးသမီးကွန်ပြူတာရှင် ၆ ဦးကို သင်ကြားမွေးထုတ်ခဲ့သူလည်း ဖြစ်တယ်။ သူမရဲ့ တပည့်ကျော် ၆ ယောက်နဲ့အတူ ဒီနေ့အသုံးပြုနေတဲ့ Electronic Numerical Integrator And Computer, ENICA လို့ခေါ်တဲ့ ခေတ်မှီကွန်ပြူတာ နည်းစနစ်ကို တည်ထွင်ခဲ့ကြတယ်။ ဒီလိုဆိုတော့ သူမတို့ ခေတ်မတိုင်မီက ကွန်ပြူတာတွေဟာ အနာလော့ (Analog) လျှပ်စစ်လိုင်းသုံး ကွန်ပြူတာတွေသာ ဖြစ်မှာပေါ့နော်။ သမီးတို့ နောက်ပိုင်း အားတဲ့အခါ ကွန်ပြူတာပညာမှာ ပြောပြောနေတဲ့ Analog နဲ့ Digital ဟာ ဘာတွေလဲဆိုတာကို ရှာဖွေလေ့လာ သိထားကြနော်။

ဂရေ့စ်မော်ရေးဟော့ပါ (Grace Murray Hopper) ဟာ လွန်ခဲ့တဲ့ နှစ်တရာကျော်က အမေရိကန် ကွန်ပြူတာ သိပ္ပံပညာရှင်တဦးအဖြစ်ရော အမေရိကန်ရေတပ် အရာရှိတဦးအဖြစ်ပါ နာမည်ကျော်ကြားခဲ့သူဖြစ်တယ်။ သူမဟာ ကွန်ပြူတာ ပရိုဂရမ်တွေကိုလုပ်တဲ့ ကွန်ပြူတာ ဘာသာစကား အစီအစဉ်ကို ပထမဆုံး ထုတ်လုပ်အသုံးချခဲ့သူဖြစ်တယ်။


အမှန်က ပြောစမှတ်ပြုရတဲ့သမိုင်းဝင် သိပ္ပံပညာရှင် အမျိုးသမီးတွေ အများကြီးရှိသေးတယ်။ ဒီနေ့တော့ ဒီလောက်ဘဲသမီးရေ။ ဦးဦး ဒီနေ့မနက် ယဉ်မောင်းလိုင်စင်သွားဖြေရမှာမို့  လောနေတယ်လေ။ တကယ် အချိန်ပိုနေသေးရင်တော့ ထုံးစံအတိုင်း နိုင်ငံရေး ရင်ကွဲနာကျ ဖန်တရာတေ တေးသီချင်းလေးတွေကို အဆုံးမှာ ညည်းပြလိုက်ဦးမှာပါ။

ရှေ့ပတ်တွေ့ ကြဦးမယ်လေ.
ဦးဦး အဂ္ဂ

Print     


 

ဆက်စပ်အကြောင်းအရာများ

  1. Font (ဖောင့်)
  2. ကိုယ့်ရဲ့ File နဲ့ Folder တွေကို ဘယ်လိုဖွက်မလဲ
  3. ယာဟူး ထူထောင်ခဲ့သူတွေအကြောင်း

    1.  

      ထင်မြင်ချက်များ

      ဥာဏ်လင်း
      ကျေးဇူးတင်တယ်နော်။မသိတာတွေသိရတာပေါ့.ကျွန်တော်လာလေ့လာသွား....။
       

      ကေးကေး
      ဦးရေ..သမီးတို့ကျောင်းမှာ လူသုံးကုန်ပစ္စည်းထုတ်လုပ်သော သိပ္ပံပညာ၇ှင်များအကြောင်း အဆိုင်းမန့်ရေးခိုင်းထားတယ်... အဲတာ သမီးက အမျိုးသမီးသိပ္ပံပညာရှင်တွေပဲ စုပြီးေ၇းချင်တယ်။ ဖြစ်နိုင်ရင် မြန်မာအမျိုးသမီးတွေပေါ့...အဲတာ ဘယ်မှာရှာလို့ရမလဲဆိုတာ ပြောပြပေးပါလား..အားကိုးပါတယ်။ လေးစားလျှက်
       

ုkokolunn
      ဖက်ရတာကောင်းပါတယ် အခုလို့ သိခွင့်ရတဲ့အတွက်ဝမ်းသာပါတယ်
       

      Name:(Required)

      Email:(Required)

      Comment:(Required)



      Web Site Terms & Conditions Are you agree ?

      TERMS AND CONDITIONS
      We (The Age & The Sydney Morning Herald) invite you to post comments in a number of areas of the website (comments areas). These include but are not limited to 'Your Say' and in the comments sections of blogs published on the website.
      When using the comments areas, you agree to be bound by the following terms and conditions.
      If you think that a comment that has been posted is offensive, unsuitable or has in some other way breached these terms and conditions, please email us at readerlink@smh.com.au with a link to the comment and your reasons for objecting to it. We'll consider whether there are grounds for editing or removing the comment and take appropriate action, but you won't necessarily be contacted as to our decision.
      Our rights
      1. We retain the right and discretion (but not the obligation) to edit, delete, reject or remove any comment which you post or seek to post in the comments areas.
      2. You grant us a non-exclusive, royalty-free, perpetual, worldwide licence to reproduce and deal with any material you submit to us by all means whatsoever (including, without limitation, in print and electronic format).
      3. We retain the right and discretion to terminate your access to the comments areas if we believe you are abusing the services in any way, or have breached these terms and conditions.
      Your obligations
      5. You will not post any material in the comments areas:
      (a) which is not original work in which you own the copyright, or which in any way violates or infringes (or could reasonably be expected to violate or infringe) the copyright, registered trademark or intellectual property rights of another person;
      (b) which is (or could reasonably be expected to be) obscene, offensive, pornographic, vulgar, profane, indecent or otherwise illegal;