နောက်ဆုံးပြင်ဆင်ဖြည့်စွက်သည့်နေ့ - ၀၂ မေလ ၂၀၁၂
မူလစာမျက်နှာ|ချိုးလင်းပြာအကြောင်း|ဆက်သွယ်ရန်|BWU|

ဗုဒ္ဓဝါဒနှင့် မိန်းမသား

မဲဇာ

‘ဗုဒ္ဓဝါဒ’ ဟူသည် အဘယ်နည်း။ အကောင်းသက်သက်သာ ရှုမြင်သော အကောင်းမြင်ဝါဒလည်း မဟုတ်။ အဆိုးသဘော အပျက်သဘောတို့ကိုချည်း ရှုမြင်သော အဆိုးမြင်ဝါဒလည်း မဟုတ်ပေ။ ထိုဝါဒ နှစ်ခုစလုံးသည် ဗုဒ္ဓဝါဒအတွက် အစွန်းတရားများ ဖြစ်သည်။ ဗုဒ္ဓဝါဒသည် အစွန်းရောက်သော ဝါဒမဟုတ်ချေ။ အလယ်အလတ်ကျင့်စဉ် တရားဝါဒသာ ဖြစ်လေသည်။

ထို့ပြင် ဗုဒ္ဓဝါဒသည် ဗုဒ္ဓ၏ တရားတော်များသည် ကျောင်းတိုက်မျာတွင် သတင်းသုံးနေကြသည့် ရဟန်းသံဃာတော်များ အတွက်သာ မဟုတ်။ အိမ်ယာ ထူထောင်၍ နေထိုင်ကြသော ယောက်ျားမိန်းမ လူသားအားလုံးအတွက်ဖြစ်၏။

ထို့ကြောင့် မြတ်စွာဘုရား၏ တရားတော်များသည် လူ့ဘဝကို စွန့်ခွာ၍ သစ်တပင်အောက်၊ ဝါတပင်အောက်သို့ သွားရောက်ကျင့်ကြံနိုင်မှ မဟုတ်။ လူတို့ နေထိုင်သွားလာပြောဆို ကြံစည်နေသည့် နေ့စဉ်ဘဝ၌ လက်တွေ့လိုက်နာ ကျင့်ကြံနိုင်သော တရားများဖြစ်သည်။

ဗုဒ္ဓဝါဒသည် ဘက်လိုက်သော ဝါဒမဟုတ်၊ ဗုဒ္ဓ၏ သန္တာန်ဘောင်တွင်လည်း ဘက်လိုက်ကိလေသာဟူ၍ မြူမှုန်မျှပင်မရှိ၊ ဘက်လိုက်ပြီး အကြမ်းဖက်၍ မည်သူမျှ မိမိဘက်သို့ပါအောင် သိမ်းသွင်း ဆွဲဆောင်ခြင်း မရှိ၊ မြတ်စွာဘုရားသခင်သည် သူ့အား ကိုးကွယ်သည်ဖြစ်စေ၊ မကိုးကွယ်သည်ဖြစ်စေ လူမျိုးမရွေး ဆူကြုံနိမ့်မြင့်မရွေး အားလုံးသော သတ္တဝါဝေနေယျတို့အပေါ် ညီမျှသော မဟာဂရုဏာတော် ထားရှိ၏။ ထို့ပြင် မည်သည့်ဘာသာ အပေါ်တွင်မျှလည်း စော်ကားခြင်းပုတ်ခတ်ခြင်း၊ နှိမ့်ချခြင်းမရှိပေ။

ဗုဒ္ဓဝါဒသည် ကိုယ်ကျိုးစီးပွား၌ မျှော်မှန်းခြင်း ကင်းလျက် စေတနာ သဒ္ဓါသက်သက်ဖြင့်သာ ဤလောက၏ ကောင်းမှုဆိုးမှုတို့ကို ကြည့်ရှုဆင်ခြင်သော အနတ္တ ဝါဒဖြစ်သည်။ ဘုရား၊ တရား၊ သံဃာဟူသော ရတနာသုံးပါးသည် ဤလောက၌ အယူအပူဇော်ခံသက်သက်အနေဖြင့် ပွင့်ထွန်းပေါ်ပေါက်လာသည်မဟုတ်။ ဘုရားဟောတော်မူသည့် အတိုင်း လိုက်နာကျင့်သုံး၍ အနိမ့်ဆုံးအနေဖြင့် ကလျာဏပုထုဇဉ် (လူကောင်း) ဖြစ်သွားအောင် ထို့ထက်စွမ်းနိုင်ပါက မဂ်ဖိုလ်ကို ရသွားသည်အထိ ကျင့်ကြံအားထုတ်နိုင်စေရန်အတွက်သာ ဖြစ်သည်။

ယခုအချိန်တွင် ဗုဒ္ဓဝါဒက ဘာသာဝင် မိန်းမသားတို့သည် ဒါန၊ သီလတို့နှင့် ရောင့်ရဲ တင်းတိမ်နေကြပေ၏။ သို့မဟုတ် ယောက်ျားတို့၏ ပါရမီဖြည့်ဖက်ဟူ၍လည်း လက်ခံယုံကြည်နေကြသည်။ သံသရာမှ လွတ်ကြောင်း အကျင့်တရားတို့ကို များသောအားဖြင့် မလေ့လာ မကျင့်ကြံကြတော့ပေ။

ယခုခေတ်ကာလသည် အပြောင်းအလဲများသော ခေတ်၊ အခက်အခဲမျိုးစုံ ကြုံတွေ့နေရသောခေတ် ဖြစ်သည်။ ဒုက္ခတွေလည်း ပိုများလာကြ၏။ အလုပ်အကိုင်များ ပိုလာကြသည်။ စားဝတ်နေရေး ဒုက္ခ၊ မိသားစုတာဝန် နိုင်ငံဆိုင်ရာ တာဝန်များ ပိုလာကြသည်။ မိန်းမသားတို့မှာ အခွင့်အရေးကို တောင်းဆိုရင်း အလုပ်တွေ ပိုများလာကြသည်။ ယခင်က ထမ်းဆောင်ခဲ့သော အိမ်တွင်းမှု အိမ်ထောင်ရေး လုပ်ငန်းများထက် အဆပေါင်းများစွာ ပိုလာကြ၏။ စိတ်ညစ်စရာ သောကများလည်း ပိုလာကြ၏။ အခက်အခဲ ဒုက္ခပေါင်းများစွာကို ရင်ဆိုင်ဖြေရှင်းရာတွင် စိတ်တည်ငြိမ်ခိုင်ခံမှု မရှိပါက တပူပေါ် နှစ်ပူဆင့် ဖြစ်လာနိုင်၏။ ဒေါသများ အလိုမကျမှုများကြောင့် မလိုအပ်သော ပြဿနာများ၊ ကျန်းမာရေး ထိခိုက်မှုများ၊ ပတ်ဝန်းကျင်နှင့် အဆင်မပြေမှုများ ဖြစ်ပေါ်လာနိုင်၏။

စိတ်တည်ငြိမ် ခိုင်ခန့်မှု ရရှိစေရန်အတွက်လည်း ဗုဒ္ဓဝါဒတွင် ကျင့်စဉ်ပေါင်းများစွာ ရှိပေသည်။ သို့သော် ‘ကိစ္စများမြောင် လူတို့ဘောင်’ဟု ဆိုသည့်အတိုင်း အားလပ်သော အချိန် မရှိသလောက်ကို ဖြစ်နေပေ၏။ ကိုယ်ခန္ဓာက အနားယူနေသောအခါများတွင်လည်း စိတ်ကို အနားမယူပေးနိုင်ကြပေ။ သို့သော် ဗုဒ္ဓဘုရား၏ တရားတော်များတွင် ကိစ္စများမြောင် လူတို့ဘောင်တွင်း၌ နေထိုင်ရင်း ကျင့်ကြံအားထုတ် စိတ်တည်ငြိမ် ခိုင်ခန့်မှုကို ရယူနိုင်သော တရားလည်းရှိ၏။ ၄င်းတို့မှာ ‘အပ္ပမာဒေန သမ္ပာဒေတ’ ပင်ဖြစ်၏။ ‘အပ္ပမာ’ဆိုတာ မမေ့မလျော့တာ၊ မမေ့မလျော့ခြင်း ဆိုတာကတော့ စိတ်က ဟိုဟာဒီဟာ တွေးပြီးတော့ စိတ်ကူးယဉ်ထဲမှာ မနေတာ။ ပစ္စုပ္ပန်မှာ ကိုယ့်ကိုယ်မှာ ကိုယ့်စိတ်တွေမှာ ဖြစ်နေတာကို သိနေတာကို ‘အပ္ပမာဒေန’လို့ ခေါ်ပေ၏။

‘သတိနဲ့နေ၊ သိနေပါ’ ဒါကို တရားအားထုတ်တယ်လို့ ခေါ်ပါတယ်။ တရားအားထုတ်တဲ့အခါ အနိမ့်ဆုံး အကျိုးကျေးဇူးဟာ စိတ်ဓာတ်အင်အားတွေ တိုးလာတယ်။ စိတ်ကြည်လင်လာတယ်။ ချမ်းသာလာတယ်။ အဲဒီလို စိတ်အင်အားပြည့်လာတဲ့၊ စိတ်ချမ်းသာတဲ့လူဟာ သူ့မှာ တခြားလုပ်စရာ ကိုင်စရာရှိတဲ့အခါမှာ အဲဒီကိစ္စကို ကြည်လင်အေးချမ်းတဲ့ သတိသမာဓိ ရှိနေတဲ့ စိတ်ကလေးနဲ့ပဲ အာရုံပြုကြည့်လို့ရှိရင် သူ့အခက်အခဲရဲ့ သဘာဝကို သူကောင်းကောင်းနားလည်တယ်။ ဘာလုပ်ရင် အဆင်ပြေမယ်ဆိုတာလည်း ကောင်းကောင်းနားလည်တယ်။ ရှုပ်ထွေးနေတဲ့ စိတ်နဲ့ လုပ်စရာရှိတဲ့ ကိစ္စကို  တွေးတဲ့အခါ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး။ ဘာလုပ်ရင် ကောင်းမလဲဆိုတာ ပေါ်မလာနိုင်ဘူး။ စိတ်အထင်နဲ့ပဲ ဟိုဟာလုပ်ရင်ကောင်းမလား၊ ဒီဟာလုပ်ရင်ကောင်းမလား မရွေးနိုင်ဘူး။ ထင်မိထင်ရာတွေ လုပ်မိတတ်တယ်။ အဲဒီလို လုပ်မိလို့ရှိရင် အမှားအယွင်းတွေ များတယ်။ တခါတလေ လုပ်ပြီးကာမှ ငါ ဒါလုပ်ဖို့မကောင်းဘူး၊ အချိန်လည်း ကုန်သွားပြီ၊ တမျိုးပြင်ရင် ကောင်းမယ်၊ တခါတလေ ပြန်ပြင်ဖို့လည်း မဖြစ်နိုင်တော့ဘူး။ အချိန်လည်း မရှိတော့ဘူး။ ပိုက်ဆံလည်း မရှိဘူး။ ဒုက္ခတွေ အများကြီး ရောက်ရပါတယ်။ စိတ်ကြည်လင်အောင် တည်ငြိမ်အောင် ထားတတ်သူဟာ အခက်အခဲ ရှိလာတဲ့အခါမှာ အေးအေးဆေးဆေး ခံစားပြီး ဖြေရှင်းနိုင်ပါတယ်။ စိတ်တည်ငြိမ် ခိုင်ခန့်မှု ရှိလာအောင် ‘အပ္ပမာဒေန သမ္ပာဒေတ’ နဲ့ အလေ့အကျင့် လုပ်ယူကြရမှာပါပဲ။

အခုခေတ် မိန်းမသားတွေ ပဋာစာရီလောက် အခြေအနေ မဆိုးကြသေးပါဘူး။ ကြိုးစားပြီး အလေ့အကျင့် လုပ်ယူရင်ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် လက်ထက်တုန်းက ‘ပဋာစာရီ’ ဆိုတာ အကြီးအကျယ် ပူလောင်ရူးသွပ်ခဲ့ရသူတဦးပါ။ ခင်ပွန်းသည်က မြွေကိုက်လို့သေ။ သားကြီးက ရေနစ်လို့သေ၊ သားငယ်က စွန်ချီလို့သေ၊ မိဘနှစ်ပါးနဲ့ အစ်ကိုက လေကြီး မိုးကြီးကျ အိမ်ပြိုလို့သေ၊ တနေ့တည်းမှာ ချစ်သူ ခြောက်ဦးတို့ရဲ့ ခြောက်လောင်းပြိုင် သေပွဲကြီးနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ သူဟာ မြတ်စွာဘုရားရဲ့ တရားကို နာကြားရတဲ့အတွက် ပူလောင်မှုတွေ ငြိမ်းအေးသွားပါတယ်။ ရှုပ်ထွေးမှုတွေ ရှင်းလင်းသွားပါတယ်။ တရားတော်ရဲ့ အဆုံးမှာ ‘ပဋာစာရီ’ သောတာပန် တည်သွားပါတယ်။ နောက်တော့ ဘိက္ခူနီမပြုပြီး ဆက်တရားအားထုတ်လိုက်တာ ပဋိသမ္ဘိဒါလေးပါးနဲ့တကွ ရဟန္တာဖြစ်သွားတဲ့အပြင် ဝိနည်းဆောင်တဲ့ ဘိက္ခူနီတွေထဲမှာ အသာဆုံး အမြတ်ဆုံး ဧကဒဂ်ဘွဲ့ကိုပါ ဆွတ်ခူးရရှိသွားပါတယ်။

ဆက်ပြီးပြောချင်တာက ရဟန္တာဆိုတာ ယောက်ျားတွေပဲ ဖြစ်ခွင့်ရတာလို့ ယူဆနေသူတွေကိုပါပဲ။ ဒီအယူအဆ အမှားကြီးကလည်း ရှေးရိုးစွဲကြီး ဖြစ်နေပါတယ်။ ရဟန္တာဆိုတာ မိန်းမဘဲဖြစ်ဖြစ်၊ ယောက်ျားပဲဖြစ်ဖြစ် ဖြစ်ခွင့်ရှိပါတယ်။ ကျင့်ကြံအားထုတ်မှုတွေနဲ့ သက်ဆိုင်ပါတယ်။ ပဋစာရီဟာ မိန်းမသားပါပဲ။ မိန်းမသားတောင်မှ ရူးနေတဲ့ မိန်းမသား၊ သည့်ခြေပျက်သွားတဲ့ မိန်းမသား၊ ပဋိသမ္ဘိဒါလေးပါးနဲ့တကွ ရဟန္တာဖြစ်သွားတဲ့အပြင် မြတ်စွာဘုရား ချီးမြှင့်တဲ့ ဝိနည်းဆောင် ဘိက္ခူနီတွေထဲမှာ အသာဆုံး၊ အမြတ်ဆုံးဖြစ်တဲ့ ဧကဒဂ်ဘွဲ့ကိုပါ ရရှိခဲ့တယ်။

ဒါဆိုရင် ယောက်ျားတွေမှ ရဟန္တာဖြစ်ခွင့် ရှိတယ်ဆိုတဲ့ အယူကို ဆက်ပြီး မယူကြပါတော့နဲ့။ မိန်းမတွေလည်း ရဟန်းပြုခွင့်ရှိပါတယ်။

မိန်းမတွေ ရဟန်းပြုခွင့် ရှိမရှိ ဆိုတဲ့ ပြဿနာဟာ ‘ဘိက္ခူနီဓမ္မနန္ဒ’ ကြောင့် ထိုင်းနိုင်ငံ ထေရဝါဒ၊ ဗုဒ္ဓဘာသာလောကအတွင်း အတော်လေးပင် ဂယက်ရိုက်ခတ်သွားစေခဲ့ပါတယ်။ အမှားတွေ၊ အမှန်တွေ၊ ငြင်းရင်း နောက်ဆုံးမှာတော့လည်း အမှန်တရား ဖြစ်တဲ့အတိုင်း ဘိက္ခူနီဓမ္မနန္ဒမှ အနိုင်ရရှိသွားပါတယ်။ ဒီပြဿနာမျိုး မြန်မာနိုင်ငံ၊ ထေရဝါဒ ဗုဒ္ဓဘာသာမှာလည်း ဖြစ်ခဲ့ဖူးပါတယ်။ သထုံဇေတဝန် ဆရာတော်ဘုရားကြီးခေတ်က ဖြစ်ပါတယ်။ နောက်ဆုံး ဆရာတော်ဘုရားကြီးပဲ အနိုင်ရရှိခဲ့ပါတယ်။ ‘မိလိန္ဒပဥာအဌကဏ’အား ရှုပါ။

ဒါကြောင့် ‘ဘူတံဘူတတောပဿတိ’ အရှိကို အရှိအတိုင်း မြင်လျှင် နိဗ္ဗာန်ရတော့တာပါပဲ။ မိန်းမ ယောက်ျား မခွဲခြားထားပါဆိုတဲ့ အကြောင်းကို ပြောကြားလိုပါတယ်။  

Print     


 

ဆက်စပ်အကြောင်းအရာများ

  1. ဘာသာရေး အမြင်မှားများ ပြုပြင်ရန် မိန်းမသားတိုင်း၏ တာဝန်
  2. ဗုဒ္ဓဝါဒနှင့် ပြည့်တန်ဆာ
  3. ဘာသာတရားအား အလွဲသုံးစားမလုပ်ကောင်းပါ
  4. ကမ္ဘာ့စံပြ သီလရှင် ဆရာကြီး ဒေါ်ဥာဏစာရီဏီ
  5. ခရစ်ယာန်အသင်းတော်များနှင့် အမျိုးသမီးများ
  6. အလ္လာအရှင်မြတ်ရဲ့ အရှေ့မှာ ကျားမ တန်းတူမှုရှိပါသလား

    1.  

      ထင်မြင်ချက်များ

      Name:(Required)

      Email:(Required)

      Comment:(Required)



      Web Site Terms & Conditions Are you agree ?

      TERMS AND CONDITIONS
      We (The Age & The Sydney Morning Herald) invite you to post comments in a number of areas of the website (comments areas). These include but are not limited to 'Your Say' and in the comments sections of blogs published on the website.
      When using the comments areas, you agree to be bound by the following terms and conditions.
      If you think that a comment that has been posted is offensive, unsuitable or has in some other way breached these terms and conditions, please email us at readerlink@smh.com.au with a link to the comment and your reasons for objecting to it. We'll consider whether there are grounds for editing or removing the comment and take appropriate action, but you won't necessarily be contacted as to our decision.
      Our rights
      1. We retain the right and discretion (but not the obligation) to edit, delete, reject or remove any comment which you post or seek to post in the comments areas.
      2. You grant us a non-exclusive, royalty-free, perpetual, worldwide licence to reproduce and deal with any material you submit to us by all means whatsoever (including, without limitation, in print and electronic format).
      3. We retain the right and discretion to terminate your access to the comments areas if we believe you are abusing the services in any way, or have breached these terms and conditions.
      Your obligations
      5. You will not post any material in the comments areas:
      (a) which is not original work in which you own the copyright, or which in any way violates or infringes (or could reasonably be expected to violate or infringe) the copyright, registered trademark or intellectual property rights of another person;
      (b) which is (or could reasonably be expected to be) obscene, offensive, pornographic, vulgar, profane, indecent or otherwise illegal;