နောက်ဆုံးပြင်ဆင်ဖြည့်စွက်သည့်နေ့ - ၀၂ မေလ ၂၀၁၂
မူလစာမျက်နှာ|ချိုးလင်းပြာအကြောင်း|ဆက်သွယ်ရန်|BWU|

ကိုယ့်ရဲ့ File နဲ့ Folder တွေကို ဘယ်လိုဖွက်မလဲ

ဦးဦး အဂ္ဂ

အများသုံး ကွန်ပြူတာတလုံးကို သုံးနေရတဲ့အခါ သမီးသိမ်းထားတဲ့ ဖိုင် (File) နဲ့ ဖိုင်တွဲ (Folder) တွေကို လူတကာက ဖွင့်ကြည့်လို့မရအောင် လုပ်တဲ့နည်း ဒီနေ့ ဦးဦး ပြောပြမယ်။ ဝင်းဒိုးထဲမှာ ဖိုင်ဖွက်ဖို့ လုပ်ထားပေးတဲ့ ခလုတ်တွေ ရှိပေမယ့် စကားဝှက် ထည့်လို့မရတာမို့ အဲဒီနည်းကို သိတဲ့လူတိုင်းက ကွန်ပြူတာထဲမှာ ဖွက်ထားတဲ့ ဖိုင်တွေ ဖိုင်တွဲတွေကို ဖွင့်ကြည့်လို့ရတယ်။ အဲဒီနည်းကို မသိသေးတဲ့ သမီးတို့အတွက် ဦးတဆင့်စီ ပြပေးမယ်နော်။ သိပြီးသူတွေကတော့ ဒီအပိုင်းကို ကျော်သွားလိုက်ပေါ့။

ဝင်းဒိုးထဲမှာ ဖိုင်၊ ဖိုင်တွဲ ဖွက်နည်း

အဆင့် (၁)
သမီးဖွက်ချင်တဲ့ ဖိုင်တွဲက  "drive D" ထဲမှာရှိတဲ့ "101-PANA" ဆိုပါတော့။ အဲဒီ ဖိုင်တွဲကို ညာခလုပ်နှိပ်လိုက်-




အဆင့် (၂)

အောက်ဆုံးက Properties ကိုသွားပြီး ဘယ်ခလုတ်နှိပ်-









အဆင့် (၃)
 
General အောက်က Attribute မှာ Hidden ကိုတွေ့မယ်၊
အမှတ်ပေးပြီး ရွေးလိုက်ပြီး







အဆင့် (၄)

Confirm Attribute changes မှာ Apply Changes to the folder,subfolder and files  ကို ရွေး၊







အဆင့် (၅)

အရွေးခံရတဲ့ ဖိုင်တွဲဟာ အရောင်မှိန်သွားပေမဲ့ သူ့ကို ဘယ်သူမဆိုဖွင့်လို့ရနေတုန်းဘဲ။




အဆင့် (၆)

ဝင်းဒိုး  Menu bar ပေါ်က Tool ထဲမှာ 
Folder Options ကိုသွားပြီး နှိပ်လိုက်-



အဆင့် (၇)

အဲဒီအထဲမှာ Do not show Hidden files and folders  ကို
ရွေးလိုက်






အဆင့် (၈)
ခုဆို သမီးဖွက်လိုက်တဲ့ "101-PANA" ဖိုင်တွဲဟာ ပျောက်သွားပြီ။ သမီးရဲ့ ဖိုင်တွေ ဖိုင်တွဲတွေ ရှိနေမှန်း ဘယ်သူမှ မသိတော့ဘူးပေါ့။



ဒီဖိုင်တွေ ဖိုင်တွဲတွေကို ပြန်ဖွင့်ချင်ရင် folder option ကို ပြန်သွားပြီး View အောက်က Show hidden files and folders ကို ပြန်ရွေးလိုက်ရုံပါဘဲ။ ကောင်းကောင်း မှတ်ထားရမှာက သမီးရဲ့ ဖိုင်တွေ ဖိုင်တွဲတွေကို ဒီနည်း သိတဲ့လူတိုင်း အထူးသဖြင့် ဒီအပတ်ထုတ် ချိုးလင်းပြာကို ဖတ်သူတိုင်းက ဖွင့်လို့ရတယ် ဆိုတာကိုပါဘဲ။ ဒါကို လူများများ သိမသွားအောင် လုပ်တဲ့နည်း တနည်းကတော့ ဒီအပတ် ချိုးလင်းပြာကို မဖြန့်ချိနဲ့ပေါ့၊ ဟုတ်ဖူးလား၊ တကယ့် အကြံကောင်းဘဲနော်... နောက်တခု အရေးကြီးတာက ကွန်ပြူတာ ချို့ယွင်းလို့ ပြင်ရတဲ့အခါတွေမှာ သမီးရဲ့ ဖိုင်နဲ့ ဖိုင်တွဲတွေ ရှိနေတာကို စက်ပြင်ဆရာ ဒါမှမဟုတ် စက်ပြင်ဆရာမက မြင်ဖို့လိုတယ်နော်။ မမြင်ရတဲ့ ဖိုင်နဲ့ ဖိုင်တွဲတွေကို Back up လုပ်ပေးမှာ မဟုတ်တော့  စက်လဲပြင်ပြီးရော သမီးလုပ်ထားတာတွေလည်း အကုန်ပျောက် ကုန်ရောပေါ့။ မှတ်ကရော။ ဒါပေမဲ့ ဒီလို ပျောက်သွားတာတွေ တချို့ကို ပြန်ရှာလို့တော့ရတယ်။ ဘယ်လိုပြန်ရှာရတယ် ဆိုတာကိုတော့ ဇာတ်လမ်းရှည်တဲ့အတွက် နောက်စာစောင်တွေမှာဘဲ ပြောတော့မယ်နော်။

ကဲ .. ကဲ  အခု တကယ့်ကို လုံခြုံမှုရှိတဲ့ ဖိုင်နဲ့ ဖိုင်တွဲဖွက်နည်းကို ဆက်ရှင်းပြမယ်။ လွယ်လွယ်လေးပါဘဲ။ ဖိုင်နဲ့ ဖိုင်တွဲဖွက်တဲ့ Program တွေ ၁ဝ ခုမက ရှိတဲ့အထဲက Secure File Vault ဆိုတဲ့ program ကို သုံးတဲ့နည်း ဦးဦးပြောပြမယ်။ ကော်ဖီပူပူလေးတခွက်လောက် ထဖျော်ပြီး တကျိုက်စီမျှင်းသောက်ရင်းနဲ့
ဆက်ပြီး ကြည့်သွာပေါ့နော်-

တဘက်က ပုံဟာ ဖိုင်နဲ့ ဖိုင်တွဲတွေကို လုံခြုံစေတဲ့ Program တချို့ပါဘဲ။ အားနေရင်တော့ download.com ထဲဝင်ပြီး ရှာဖွေလိုက်ရင် အများကြီး ထပ်တွေ့အုံးမှာပေါ့။ ဒါပေမဲ့ ၁၅ ရက်စာ နမူနာတွေက များပြီး တကယ်သုံးလိုက်တော့ အင်တာနက်ကနေတဆင့် ပိုက်ဆံမပို့ပေးရင် ဘာမှ ဆက်မလုပ်ပေးဘူး။



ဒီတော့ ဦးဦးဆီက ဟောဒီ Secure file vault ကိုဘဲသုံးပေါ့။
ဒီ Program ကို တခြား Program တွေလိုဘဲ install  လုပ်ရတာ လွယ်တယ်။ လုပ်ရင်းနဲ့ ဘာဆက်လုပ်ရမယ် ဆိုတာကို ကိုယ့်ဖာသာကိုယ် သိနိုင်တာမို့ ဦးဦး မပြောတော့ဘူး။ အဲ တခု သိပ်အရေးကြီးတာက ပထမဆုံး အကြိမ်ဖွင့်တုန်းမှာ ကိုယ်ထည့်လိုက်တဲ့ စကားဝှက် (Pass word) ကို လုံးဝ မှတ်မိနေဖို့ပါဘဲ။ ဒီစကားဝှက်နဲ့ဘဲ ဖွက်ထားတာတွေကို ပြန်ဖွင့်လို့ရမှာဖြစ်တယ်။ စကားဝှက်မေ့သွားရင် ဒီ Program ကိုလည်း သုံးလို့ရတော့မှာမဟုတ်ဘူး။ Reinstall  ပြန်လုပ်ရင်လဲ ဒီစကားဝှက်အဟောင်းကိုဘဲ ပြန်တောင်းမှာ ဖြစ်တယ်။ ဒီတော့ သမီးရဲ့ ဖိုင်ကိုလည်း ပြန်ဖွင့်လို့ မရတော့ဘူးပေါ့။

အဆင့် (၁)
All program ကိုသွားပြီး Secure file vault ကိုဖွင့်လိုက်ရင်









အဆင့် (၂)

I have carefully read the above warning ကိုရွေးနော်


အဆင့် (၃)

ဒီမှာလဲ  I have carefully read the above warning ကိုဘဲ ထပ်ရွေး


အဆင့် (၄)
ဒီမှာ သမီး ပထမဆုံး သုံးခဲ့တဲ့ password ကို ပြန်ထည့်။ ၃ ခါထက် မှားရင် ၁၅ မိနစ်ရပ်သွားမယ်။


အဆင့်(၅)

မြှားအမဲပြထားတဲ့ File Locker ကိုရွေး





အဆင့် (၆)

သမီးဖွက်ချင်တာက ဘယ်ဘက်က မြှားပြထားတဲ့ VIDEO_OUTPUT ဆိုပါတော့ အဲဒီ ဖိုင်တွဲကို ရွေးလိုက်ပြီး အပေါ်က မြှားပြထားတဲ့ Lock folder ကို နှိပ်လိုက်တာနဲ့



အဆင့် (၇)

Are you surre you want to lock 'C:\VIDEO_OUTPUT' folder? ဆိုပြီးမေးရင်  'yes' လို့ ဖြေလိုက်ပေတော့။




အဆင့် (၈)

သမီးရဲ့ VIDEO_OUTPUT' ဆိုတဲ့ ဖိုင်တွဲတခုလုံး မူလရှိနေတဲ့နေရာ C Drive ကနေ ပျောက်သွားပြီ။ C Drive ကို ယှဉ်ဖွင့်ပြီးကြည့်ရင် မူလဖိုင်တွဲကြီး မရှိတော့တာကို တွေ့ရပါမယ်။



အဆင့် (၉)
ဖျောက်ထားတဲ့ ဖိုင်နဲ့ ဖိုင်တွဲတွေကို ပြန်ဖွင့်ချင်ရင် အဲဒီဖိုင်နဲ့ ဖိုင်တွဲတွေကို ရွေးပြီး"Unlock Folder" ကို နှိပ်လိုက်တဲ့အခါ Are you sure you want to unlock 'VIDEO_OUTPUT'folder? ဆိုတဲ့ စာတန်း ပေါ်လာမယ်။ 'YES' လိုက်ပေတော့။


အဆင့် (၁ဝ)

ဖွက်ထားတဲ့ ဖိုင်တွဲဟာ သူနေခဲ့ရာ drive ရဲ့ အောက်ဆုံးမှာ ပြန်ပြီး ပေါ်လာတာကို တွေ့ရမယ်။

ကဲ ခုလောက်ဆိုသဘောပေါက်ပြီပေါ့နော၊ တဆင့်စီ သေသေချာချာ လိုက်လုပ်သွားရင် အောင်မြင်ဖို့ သေချာတယ်သမီး။
 
ဖိုင်တခုချင်းစီကို ဖွက်မယ် ပြီးရင် နောက်ပိုင်းမှာ ပြန်ဖွင့်မယ်ဆိုရင်တော့ ပုံမှာပြထားတဲ့ ၁၊၂၊ ၃၊ ၄ အတိုင်း အပြန်အလှန် အဆင့်ဆင့် လုပ်သွားရုံပါဘဲ။







အလျဉ်းသင့်လို့ နောက်ဆုံးအနေနဲ့ တခု ထပ်ပြောပြအုံးမယ်။ ကွန်ပြူတာ တတ်တယ်ဆိုတဲ့ လူတွေဟာ အနိမ့်ဆုံး အဆင့်အဖြစ်  Microsoft word ကိုတော့ သုံးတတ်ကြမှာ ဖြစ်တယ်။ အဲဒီမှာလဲ သမီးသိမ်းထားတဲ့ ဖိုင်တွေကို စကားဝှက် လုပ်ပေးလို့ ရတယ်လေ။ လုပ်နည်းမသိရင် ဦးပြောပြမယ်။ ပုံတွေ ဘာတွေနဲ့တော့ အသေးမစိပ်တော့ဘူး။ ညောင်းလာပြီလေ။
 (၁) Microsoft word နဲ့လုပ်ထားတဲ့သမီးရဲ့ဖိုင်တခုကိုဖွင့်လိုက်
(၂) Save as ကိုသွား
(၃) အပေါ်ညာထောင့်နားက Tools ကိုသွား
(၄) Security Options ကိုဝင်
(၅) အဲဒီမှာ သမီးကြိုက်ရာစကားဝှက်တခုကို ရိုက်ထည့် (စကားဝှက် တခုထဲကို ၂ခါ ၃ ခါလောက်ထည့်ပေး ရတတ်တယ်)။ ဒါပြီးရင် ပြီးပြီ။သမီးဒီဖိုင်ကိုဖွင့်တဲ့ အခါတိုင်း ဒီ စကားဝှက်ကို မရိုက်ထည့်ရင် ပွင့်လာမှာ မဟုတ်တာ သိပ်သေချာတာပေါ့ သမီးရေ။

နောက်အပတ် ထပ်တွေ့ကြအုံးမယ်နော်...
သမီးတို့ရဲ့
ဦးဦး အဂ္ဂ


Print     


 

ဆက်စပ်အကြောင်းအရာများ

  1. Font (ဖောင့်)
  2. နာမည်ကြီး အမျိုးသမီး ကွန်ပြူတာ သိပ္ပံပညာရှင်များ
  3. ယာဟူး ထူထောင်ခဲ့သူတွေအကြောင်း

    1.  

      ထင်မြင်ချက်များ

      htweko
      ကြိုက်ပါတယ်
       

      Name:(Required)

      Email:(Required)

      Comment:(Required)



      Web Site Terms & Conditions Are you agree ?

      TERMS AND CONDITIONS
      We (The Age & The Sydney Morning Herald) invite you to post comments in a number of areas of the website (comments areas). These include but are not limited to 'Your Say' and in the comments sections of blogs published on the website.
      When using the comments areas, you agree to be bound by the following terms and conditions.
      If you think that a comment that has been posted is offensive, unsuitable or has in some other way breached these terms and conditions, please email us at readerlink@smh.com.au with a link to the comment and your reasons for objecting to it. We'll consider whether there are grounds for editing or removing the comment and take appropriate action, but you won't necessarily be contacted as to our decision.
      Our rights
      1. We retain the right and discretion (but not the obligation) to edit, delete, reject or remove any comment which you post or seek to post in the comments areas.
      2. You grant us a non-exclusive, royalty-free, perpetual, worldwide licence to reproduce and deal with any material you submit to us by all means whatsoever (including, without limitation, in print and electronic format).
      3. We retain the right and discretion to terminate your access to the comments areas if we believe you are abusing the services in any way, or have breached these terms and conditions.
      Your obligations
      5. You will not post any material in the comments areas:
      (a) which is not original work in which you own the copyright, or which in any way violates or infringes (or could reasonably be expected to violate or infringe) the copyright, registered trademark or intellectual property rights of another person;
      (b) which is (or could reasonably be expected to be) obscene, offensive, pornographic, vulgar, profane, indecent or otherwise illegal;