နောက်ဆုံးပြင်ဆင်ဖြည့်စွက်သည့်နေ့ - ၀၂ မေလ ၂၀၁၂
မူလစာမျက်နှာ|ချိုးလင်းပြာအကြောင်း|ဆက်သွယ်ရန်|BWU|

တော်လှန်ရေးကာလထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ဘယ်လောက်ပါဝင်နေသလဲ

မေယွန်းအိမ်
ဒီမိုကရေစီလှုပ်ရှားမှု တော်လှန်ရေး ကာလထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက ဘယ်လောက် ပါဝင်နေသလဲ ဆိုတာကို စတင်ပြီး တွေးတွေးမိချင်း အတွေးထဲမှာ ပထမဦးဆုံး ပေါ်လာတဲ့ မေးခွန်းကတော့ ဒီလှုပ်ရှားမှုကြီးထဲမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့(နေရာတိုင်းမှာ) တန်းတူ လုပ်ကိုင်နေသလား ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲတွေအနေနဲ့ ထပ်ပေါ်လာတာတွေကတော့ ဒီလိုလှုပ်ရှားမှုထဲမှာ ဘာကြောင့် အမျိုးသမီးတွေက ခေါင်းဆောင်မှုအခန်းကို မရကြတာလဲ။ သူတို့တွေဟာ အမျိုးသားတွေနဲ့ တန်းတူ အနာဂတ် မြန်မာပြည်ရဲ့ အရေးကို ဆွေးနွေးတဲ့ နေရာတွေမှာ၊ လှုပ်ရှားမှုအတွင်းမှာ ဆုံးဖြတ်ချက် ချမှတ်တဲ့အခါ တကယ်တမ်း ပါဝင်နေကြပြီလား ဆိုတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။

ယေဘူယျ ပြောရစတမ်း ဆိုရင်တော့ လှုပ်ရှားမှုထဲမှာ အမျိုးသားတွေက တော်လှန်ရေး ဗျူဟာတွေ ချကြ၊ ဆုံးဖြတ်ချက်တွေ လုပ်ကြပြီဆိုရင် အမျိုးသမီးတွေက ဘေးထွက်ထိုင်ကြပြီး သာမန် ထောက်ခံ အားပေးတဲ့ အနေအထားမျိုးကို ရောက်ကုန်ကြပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ လူဦးရေ အချိုးအစားဟာ လူဦးရေအားလုံးရဲ့ ထက်ဝက်ကျော် ရှိနေတဲ့အတွက် အမျိုးသားတွေ ဒီလိုချမှတ်တဲ့ တော်လှန်ရေး ဗျူဟာတွေ၊ ဆုံးဖြတ်ချက်တွေရဲ့ ကောင်းကျိုး ဆိုးကျိုး အကျိုးဆက်တွေကို အများဆုံး ခံစားကြရမှာက အမျိုးသမီးတွေသာ ဖြစ်ပါတယ်။ ဒါတောင်မှ အမျိုးသမီးတွေက ဘာကြောင့် ဒီလိုကဏ္ဍတွေမှာ မပါဝင်ကြရတာလဲ။ ဒီကိစ္စတွေဟာ နိုင်ငံရေးတွေသာ ဖြစ်တယ်။ အမျိုးသမီးတွေနဲ့ နိုင်ငံရေးဟာ လုံးဝ မသက်ဆိုင်ဘူး။ အမျိုးသမီးဆိုတာ ယဉ်ကျေးမှု ထိန်းသိမ်းရေး၊ အိမ်ထောင်ရေးရာတွေ အပေါ်သာ အာရုံစိုက်ဖို့ လိုတယ်လို့ ယူဆထားကြလို့လား၊ ဒါဆိုရင် နိုင်ငံရေးဆိုတာက ဘာလဲ။

နိုင်ငံရေးဆိုတာဟာ လူတွေရဲ့ အနာဂတ်၊ တိုင်းပြည် တစ်ပြည်ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် အဆုံးအဖြတ်တွေ ချမှတ်ဆောင်ရွက်ရာမှာ ပါဝင်ဆောင်ရွက်နိုင်ခွင့်ပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေ ဒီလို ပါဝင်ဆောင်ရွက်နိုင်ခွင့် နည်းသေးတာ၊ မရှိသေးတာဟာ ဒီလို နိုင်ငံရေး ဆွေးနွေးပွဲတွေဆီ အမျိုးသမီးတွေ ၀င်ရောက်ဖို့အတွက် အမျိုးသားတွေက ရုပ်ပိုင်းဆိုင်ရာအနေနဲ့ ပိတ်ဆို့ထားလို့ မဟုတ်ပါဘူး။ ဒါပေမဲ့ အမျိုးသမီးတွေ ဒီလိုမျိုး ပါဝင်ခွင့်မရအောင် အခြားသော အကြောင်းအချက်များစွာက ဟန့်တားနေတာကတော့ အသေအချာပါပဲ။

ဘာအကြောင်းအရာတွေက အဓိက ဟန့်တားနေတာလဲ။ ပထမဦးဆုံးကတော့ အမျိုးသမီးတွေဟာ အိမ်တွင်းမှု လုပ်ငန်းတွေနဲ့ မအားလပ်နိုင်တာတွေပါပဲ။ အိမ်ထောင်ကျလို့ အိမ်ထောင်တစ်ခုကို စတင်လိုက်တာနဲ့ အိမ်ထောင်တာဝန်တွေ အားလုံးက အမျိုးသမီးတွေအပေါ် စုပြုံကျလာတော့တာပါပဲ။ အိမ်ထောင်ရေး တာဝန်တွေနဲ့ ရင်သွေးတာဝန်တွေက အမျိုးသမီးတွေကို အိမ်ရဲ့ပြင်ပက တခြားအလုပ်တွေမှာ ပါဝင်လုပ်ကိုင်ဖို့ အခက်အခဲတွေ ဖြစ်လာရတော့တယ်။  ဒါတွေကို ကျော်လွှားနိုင်ဖို့ကတော့ အိမ်ထောင်တာဝန်တွေကို စိတ်ချလက်ချနဲ့ ခွဲဝေလုပ်ကိုင်နိုင်ဖို့ ဖြစ်ပါတယ်။ အိမ်ထောင်ဖက်တွေက အိမ်ထောင်တာဝန်တွေကို အမျိုးသမီး တစ်ယောက်တည်းရဲ့ တာဝန်တွေသာ ဖြစ်တယ်လို့ မမှတ်ပဲနဲ့ ခွဲဝေလုပ်ကိုင်မှသာ အမျိုးသမီးတွေဟာ သူတို့အတွက် အကျိုးရှိမယ့် အိမ်ထောင်ပြင်ပ တာဝန်တွေ၊ အသက်မွေးဝမ်းကျောင်း ပညာတွေ၊ အခြားပညာတွေကို သင်ယူလေ့လာဖို့ အချိန်ရှိလာမှာ ဖြစ်ပါတယ်။

မြန်မာပြည်က တချို့ အစဉ်အလာတွေ၊ မိသားစုတွေ သာမန်တွေးတောတဲ့ အတွေးတွေကလည်း အမျိုးသမီးတွေအနေနဲ့ ပညာရေး အခွင့်အရေးတွေကို အမျိုးသားတွေနဲ့ တန်းတူမရနိုင်အောင် ဟန့်တားနေတတ်ပါတယ်။ စီးပွားရေး အဆင်မပြေလို့ ရင်သွေးတွေကို ကျောင်းက ထုတ်ရတော့မယ်ဆိုရင် မိန်းကလေးကို ကျောင်းကထုတ်ပစ်ဖို့ အရင်ဆုံး စဉ်းစားမိတတ်ကြတယ်။ မိန်းခလေးဆိုရင် သေစာရှင်စာ တတ်ရင် ရပြီဆိုတဲ့အတွေး၊ အိမ်ထောင်ကျရင် သူ့ယောက်ျားက တာဝန်ယူ ကျွေးမွေးလိမ့်မယ်ဆိုတဲ့ အတွေးတွေက အမျိုးသမီးတွေ အထက်တန်း အဆင့်မြင့် ပညာတွေ သင်ယူမှုကို အနှောက်အယှက် ပြုစေတာ အမှန်ပါပဲ။ ဒီလိုမျိုး အတွေးမျိုးနဲ့ ဒီလို ပတ်ဝန်းကျင်မျိုးကြားမှာ ရှင်သန်လာခဲ့ရတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူရည်တူ ပညာရေးအခွင့်အရေးမျိုး သင်ကြားခဲ့တယ်လို့ ဆိုနိုင်ပါ့မလား။ သူတို့တတွေ အိမ်ထောင်ပြင်ပကို ထွက်ပြီးတော့ အလုပ်လုပ်ပြီ ဆိုတော့ရော အမျိုးသားတွေနဲ့ တန်းတူ တူညီတဲ့ အခွင့်အရေး ရပြီး တူညီတဲ့ အမြင်မျိုးကို ကြုံတွေ့ရနိုင်ပါ့မလား။

မြန်မာပြည်လို ကျန်းမာရေး အခြေအနေ အဆင့်အတန်း အလွန်ကို နိမ့်ကျနေတဲ့ နိုင်ငံမျိုးမှာ အမျိုးသမီးတွေအဖို့ ပိုမိုပြီးတော့ ဒုက္ခ ရောက်ပါတယ်။ ဘာလို့လဲဆိုတော့ ပြောခဲ့တဲ့အတိုင်း မိသားစုဝင်တွေရဲ့ တာဝန်တွေကို အမျိုးသမီးတွေရဲ့ တာဝန်တွေလုံးလုံး ဖြစ်တယ်လို့ ယူဆထားတဲ့အတွက် မိသားစုဝင်တစ်ယောက် ကျန်းမာရေး ချို့တဲ့တာနဲ့ အဓိက တာဝန်ယူရမယ့်သူက အမျိုးသမီးတွေ ဖြစ်နေပါတယ်။ လုံလောက်တဲ့ ကျန်းမာရေး အသိပညာပေးမှုတွေ မရှိတဲ့အခါမှာတော့ အမျိုးသမီးတွေဟာ မလိုလားအပ်တဲ့ ကိုယ်ဝန်ပျက်ကျမှု၊ အမျိုးသမီးရောဂါ ထူပြောမှုဒဏ်ကို အများဆုံး ခံစားရတာပါပဲ။ သားသမီး မွေးဖွားဖို့ မိသားစုစီမံကိန်းတွေ ရေးဆွဲရာမှာလည်း အမျိုးသမီးတွေရဲ့ ဆန္ဒတွေဟာ သူတို့ ယောက်ျားတွေရဲ့ အလိုရမ္မက်၊ ဆန္ဒတွေအောက်မှာ ပျောက်ပျက်ခဲ့ရ တတ်ပါတယ်။ သူတို့ ကိုယ်ခန္ဓာကို သူတို့ ပိုင်ဆိုင်ခွင့် မရှိပဲ အမျိုးသားတွေ အလိုဆန္ဒအရ သားသမီးတွေ တစ်ယောက်ပြီး တစ်ယောက် မွေးနေရင်း သားသမီးနဲ့ အိမ်ထောင်ရေး တာဝန်တွေ ကြားမှာပဲ ဘ၀ရဲ့ အချိန် တော်တော်များများကို ကုန်ဆုံးခဲ့ရပါတော့တယ်။ ဒီလိုနဲ့ပဲ အိမ်ထောင်စုအတွင်းမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ တဖြည်းဖြည်း လျော့နည်းလာရင်းနဲ့ ပြင်ပ ပတ်ဝန်းကျင်မှာ ပါဝင်ပတ်သက်ဖို့အတွက်ကို မ၀ံ့မရဲတွေ ဖြစ်လာပြီး လူမှုအသိုင်းအ၀ိုင်းနဲ့ ကင်းကွာသွားတတ်ပါတယ်။

ဒီလိုအတားအဆီးတွေကို ကျော်လွှားဖို့အတွက် အမျိုးသမီးတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုလာနိုင်ဖို့အတွက် အများရဲ့ကြားမှာ သူတို့တွေရဲ့ အတွေးအခေါ် အယူအဆတွေကို ယုံယုံကြည်ကြည် ရဲရဲဝံ့ဝံ့နဲ့ ပြောဆိုနိုင်ဖို့အတွက် ၀ိုင်းဝန်းအားပေးကြရပါမယ်။ အမျိုးသမီးလှုပ်ရှားမှုတွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေအကြောင်း ပညာပေးရင်း သူတို့တွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ ဆက်စပ်ပြီး အသုံးချလာတတ်အောင် ၀ိုင်းဝန်း လုပ်ဆောင်ပေးရပါမယ်။

ဒါ့အပြင် နိုင်ငံရေးဗဟုသုတတွေ၊ အသိဥာဏ်တွေ ရင့်ကျက်ကြွယ်ဝလာဖို့အတွက် ယနေ့အမျိုးသမီးတွေကို အခွင့်အရေးပေးကြရပါမယ်။ လှုပ်ရှားမှုအတွင်းက ခေါင်းဆောင်မှု အခန်းကဏ္ဍတွေမှာ၊ ဆုံးဖြတ်ချက်ချမှတ်တဲ့ နေရာတွေမှာ အမျိုးသမီးတွေကိုယ်တိုင် ပါဝင်လာစေရင်းနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတွေ တိုးတက်လာအောင်၊ အမျိုးသမီးတွေရဲ့ အရည်အချင်းတွေ တိုးတက်မြင့်မားလာအောင် လုပ်ဆောင်ပေးရပါမယ်။ ဒါမှသာ ဒီမိုကရေစီ လှုပ်ရှားမှု ပြီးဆုံးသွားလို့ နောင်အနာဂတ် လူမှုဘ၀သစ်တစ်ခုကို တည်ဆောက်တဲ့အခါမှာ ဒီအလေ့အကျင့်တွေကို ဆက်လက်ပြီး လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ အများဆုံး ကြားရတဲ့ အမျိုးသားတွေရဲ့ ပြောကြားချက်ကတော့ လူ့အခွင့်အရေးဆိုတဲ့ လူအများစုနဲ့ သက်ဆိုင်တဲ့ လူ့အခွင့်အရေးကို ပထမ ဦးစားပေး ဆောင်ရွက်ပြီးတော့မှ အမျိုးသမီးအခွင့်အရေးကို ဒုတိယဆောင်ရွက်ကြစို့ ဆိုတဲ့အပြော ဖြစ်ပါတယ်။ နိုင်ငံတကာ အမျိုးသမီး လှုပ်ရှားမှုများရဲ့ အတွေ့အကြုံအရဆိုရင်တော့ အမျိုးသမီးအခွင့်အရေးကို နောက်မှ တောင်းဆိုတိုက်ပွဲဝင်ပါဆိုတဲ့ အချိန်ဆွဲတဲ့ လုပ်ရပ်မျိုးဟာ အမျိုးသမီးအခွင့်အရေး ပြည့်ပြည့်၀၀ ရရှိရေးတွေကို ဘယ်တော့မှ ဦးတည်မှာမဟုတ်ပဲနဲ့ အမျိုးသမီးအခွင့်အရေးဆိုတာ ဒုတိယတန်းစား အခွင့်အရေးမျိုးသာ ဖြစ်တယ်ဆိုတဲ့ အမြင်မျိုးနဲ့ပဲ ဆက်လက် အသိအမှတ်ပြုခံသွားရမှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ လှုပ်ရှားမှုကာလအတွင်းမှာ ခေါင်းဆောင်ဖြစ်ခွင့်၊ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ပါဝင်ခွင့်တွေ စတဲ့ အခွင့်အရေးတွေ မရရှိခဲ့တဲ့အတွက် လှုပ်ရှားမှုကြီး ပြီးဆုံးသွားခဲ့လို့ တိုင်းပြည်မှာ စစ်အစိုးရ ပြုတ်ကျသွားတဲ့ နောက်ပိုင်းမှာလည်း အမျိုးသမီးတွေဟာ အခုလိုမျိုးပဲ အမျိုးသားတွေ လုပ်သမျှကိုသာ ထောက်ခံအားပေးတဲ့ အဆင့်မှာပဲ ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ အမျိုးသမီးတွေကို ခေါင်းဆောင်မှုနေရာတွေ၊ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာတွေမှာ ပါဝင်နိုင်ခွင့်တွေ ဖန်တီးပေးရပါမယ်၊ ဒါမှမဟုတ်ရင်တော့ စစ်အစိုးရ ပြုတ်ကျသွားရင်တောင် ဒီကဏ္ဍမျိုးတွေမှာ အမျိုးသမီးတွေ ပါဝင်လာဖို့ အဆင်သင့် မဖြစ်သေးတဲ့ အဖြစ်မျိုးနဲ့ ကြုံကြရပါမယ်။

လက်ရှိလှုပ်ရှားမှုတွေမှာ တာဝန်ယူထားကြတဲ့ ခေါင်းဆောင်တွေအနေနဲ့လည်း အမျိုးသမီးတွေအပေါ် နေရာပေးမှု လိုအပ်တယ်ဆိုတဲ့ အသိတွေ တိုးတက်လာစေဖို့ လိုအပ်ပါတယ်။ သူတို့တွေကတဆင့် တခြားသူတွေကို ဒီလိုအသိမျိုး ပြန့်ပွားဖို့အတွက် လုပ်ဆောင်နိုင်ပါတယ်။ ဒီလိုမျိုးလုပ်ဆောင်မှသာ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး တိုက်ပွဲရဲ့ ခေါင်းဆောင်မှုနေရာတွေမှာ၊ ဆုံးဖြတ်ချက်ချမှတ်တဲ့ နေရာတွေမှာ အမျိုးသားတွေနဲ့ တန်းတူ တိုက်ပွဲဝင်နိုင်မယ့် အခြေအနေကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

၁၉၉၅ ခုနှစ် တရုတ်နိုင်ငံ ဘီဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် ကုလသမဂ္ဂ အမျိုးသမီးညီလာခံမှာ ချမှတ်ခဲ့တဲ့ ရှေ့လုပ်ငန်းစဉ်တွေထဲမှာ အမျိုးသမီးတွေ ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာမှာ ပါဝင်လာစေနိုင်ဖို့အတွက် အစိုးရတွေကို ပန်ကြားထားတဲ့ အချက်တွေ ရှိပါတယ်။ ဒီအချက်တွေကတော့ ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာမှာ အမျိုးသမီးတွေ အင်တိုက်အားတိုက် ပါဝင်လာဖို့အတွက်နဲ့ ညီမျှတဲ့ အခွင့်အလမ်းများ ရရှိစေရေးအတွက် တာဝန်ယူဆောင်ရွက်ပေးဖို့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါမှာ အမျိုးသမီးတွေ ပါဝင်လာနိုင်ဖို့အတွက် သူတို့တွေကိုလိုအပ်တဲ့ ဗဟုသုတတွေ တိုးပွားအောင် လေ့ကျင့်ပျိုးထောင်မှုတွေ လုပ်ဆောင်ပေးဖို့နဲ့ အမျိုးသမီးတွေရဲ့ လုပ်ကိုင်နိုင်မှုစွမ်းရည်တွေကို တိုးပွားအောင် လုပ်ဆောင်ပေးဖို့ စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒါတွေဟာ အစိုးရတွေအပေါ် တောင်းဆိုထားတဲ့ အချက်တွေ ဖြစ်ပေမယ့် လက်ရှိတော်လှန်ရေးအတွင်းက ဆုံးဖြတ်ချက် ချမှတ်တဲ့ နေရာတွေမှာ နေရာယူထားကြတဲ့ အမျိုးသားတွေအနေနဲ့လည်း သတိမူလေ့လာစရာ အချက်တွေလည်း ဖြစ်ပါတယ်။ ဒါမှသာ နောင်အနာဂတ်မြန်မာနိုင်ငံမှာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍ တိုးတက်မြင့်မားလာနိုင်မှာ ဖြစ်ပါတယ်။

Print     


 

ဆက်စပ်အကြောင်းအရာများ

  1. အမျိုးသမီးများ၏ အင်အားတစ်ရပ်
  2. ရရှိပြီးဟုဆိုသော မြန်မာအမျိုးသမီး အခွင့်အရေး
  3. စွယ်တော်ရိုင်းပင်ရိပ်က အင်နာစတာရှား
  4. ဥပဒေပြင်ပက စစ်ရာဇ၀တ်မှုများ
  5. တ၀က်မှန်အဖေ့စကား
  6. ကျမတို့ပြောနေတဲ့ တန်းတူညီမျှမှုဆိုတာ ဘာလဲ။ “ရှင်းရှင်းလင်းလင်း ပြောကြရအောင်”
  7. နှောင်းနောင်တ
  8. အမျိုးသမီးနှင့် ရဲစွမ်းသတ္တိ (သို့မဟုတ်) လောင်အုန်နှင့်တွေ့ဆုံခြင်း အပိုင်း(၂)
  9. “သမိုင်းတကွေ့မှမြန်မာဝံသာနုအမျိုးသမီးများ” ( ဒေါ်ဒေါ်စု - ကိုလိုနီခေတ်မြန်မာ့အမျိုးသမီးသမဂ္ဂ ဥက္ကဌ)
  10. အမျိုးသမီးနှင့် ရဲစွမ်းသတ္တိ (သို့မဟုတ်) လောင်အုန်နှင့်တွေ့ဆုံခြင်း အပိုင်း(၁)
  11. လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက
  12. တဦးချင်းဆိုင် နိုင်ငံရေး - ပင်မရည်ရွယ်ချက်
  13. လူထုခေါင်းဆောင်အား လက်တွေ့ကျကျ ၀န်းရံခြင်း
  14. အမျိုးသမီးနှင့် နိုင်ငံတော်ပြုပြင်တည်ဆောက်ရေး
  15. ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် မြန်မာ့လွတ်လပ်ရေးမဟေသီ

    1.  

      ထင်မြင်ချက်များ

      Name:(Required)

      Email:(Required)

      Comment:(Required)



      Web Site Terms & Conditions Are you agree ?

      TERMS AND CONDITIONS
      We (The Age & The Sydney Morning Herald) invite you to post comments in a number of areas of the website (comments areas). These include but are not limited to 'Your Say' and in the comments sections of blogs published on the website.
      When using the comments areas, you agree to be bound by the following terms and conditions.
      If you think that a comment that has been posted is offensive, unsuitable or has in some other way breached these terms and conditions, please email us at readerlink@smh.com.au with a link to the comment and your reasons for objecting to it. We'll consider whether there are grounds for editing or removing the comment and take appropriate action, but you won't necessarily be contacted as to our decision.
      Our rights
      1. We retain the right and discretion (but not the obligation) to edit, delete, reject or remove any comment which you post or seek to post in the comments areas.
      2. You grant us a non-exclusive, royalty-free, perpetual, worldwide licence to reproduce and deal with any material you submit to us by all means whatsoever (including, without limitation, in print and electronic format).
      3. We retain the right and discretion to terminate your access to the comments areas if we believe you are abusing the services in any way, or have breached these terms and conditions.
      Your obligations
      5. You will not post any material in the comments areas:
      (a) which is not original work in which you own the copyright, or which in any way violates or infringes (or could reasonably be expected to violate or infringe) the copyright, registered trademark or intellectual property rights of another person;
      (b) which is (or could reasonably be expected to be) obscene, offensive, pornographic, vulgar, profane, indecent or otherwise illegal;