အနှိမ်ခံလာခဲ့ရသော အမျိုးသမီးများ၏ဘဝ
ရဲနိုင်
ကျနော့်ထံသို့ အမျိုးသမီး အခွင့်အရေး လက်စွဲစာအုပ် နှစ်အုပ်ကို မြန်မာ့အမျိုးသမီး သမဂ္ဂမှ ပို့ပေး၍ (၂၂.၀၅.၀၁ ) ရက်နေ့က ရောက်ရှိလာခဲ့သည်။ (၁၄.၀၈.၀၁) ရက်နေ့က ချိုးလင်းပြာ အမျိုးသမီးစာစောင်၊ အမှတ် ၄ ထပ်ရောက်လာပါသည်။
ထို့ကြောင့် ယခုတလော အမျိုးသမီး လက်စွဲစာအုပ်၊ အမျိုးသမီးမဂ္ဂဇင်း၊ စာစောင်၊ ဂျာနယ်နှင့် သတင်းစာများထဲက အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှုများ၊ အမျိုးသမီးများနှင့် သက်ဆိုင်သော ဆောင်းပါးများ၊ ကဗျာ၊ ၀တ္တုများကိုဘဲ ဖတ်ဖြစ်နေပါသည်။ ဤအခါတွင် အမေ၊ နှမများအတွက် စာရေးအုံးမှဘဲဟု ချင်ခြင်းတပ်မိ၍ ဤဆောင်းပါးကို ရေးမိပါသည်။
လူ - တွေးခေါ်ဥာဏ် ရှိသော ခြေနှစ်ချောင်း သတ္တ၀ါ၊ မနုဿဟူသော ပါဠိဝေါဟာရကို ပညာရှင်များက “လူသား” ဟူ၍ ဖွင့်ဆိုကြပါသည်။ မနုဿကို ၀ိဂြိုလ်ပြုသောအခါ (မနု - ဥဿ) ဟု အဓိပ္ပါယ်ရသည်။ မနု - လူ(၀ါ) အသိဥာဏ်ရှိသူ၊ မနောအာရုံဖြင့် ခံစားသူ။ ဿ - မြင့်မြတ်သော၊ မြင့်မြတ်သူဟု ဆိုပါသည်။
(က) - ဤသတ္တလောကကြီးမှာ လူသာလျှင် စာပေအတတ်ပညာကို တီထွင်သုံးစွဲတတ်၍၊ အမြင့်မြတ်ဆုံး၊ အကြီးကျယ်ဆုံး၊ စဉ်းစားဆင်ခြင်မှု အရှိဆုံးဖြစ်သည်ဟုလည်း အဓိပ္ပါယ်ယူ၍ ရနိုင်သည်။
(ခ) - မြင့်မြတ်သောအကျင့်ကို ကျင့်သောသူ၊ အရာရာမှာ စဉ်းစားဆင်ခြင်ပြီး ကောင်းသောအမှု၊ အပြုစိတ်ဖြင့်သာလျှင် ကျင့်ကြံနေထိုင်တတ်သော သူကို “လူ” ဟု ခေါ်ကြောင်းလည်း ဖြစ်နိုင်ပေသည်ဟု ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်ရပေသည်။ ထိုကဲ့သို့ အဓိပ္ပါယ် ဖွင့်ဆိုထားသော လူကို ဥာဏ်ပညာ၊ အကျင့်၊ သီလ၊ သိက္ခာနှင့် မဆိုင်ဘဲ၊ ယောက်ျား၊ မိန်းမ လိင်ကွဲပြားပေါ်မှာ အမျိုးသမီးများသည် အမျိုးသားများထက် ယုတ်ညံ့ကြောင်း၊ ယောက်ျားများသည် အမျိုးသမီးများထက် မြင့်မြတ်လျှက် ဘုန်းကံရှိကြောင်းဆိုသည့် ခပ်ညံ့ညံ့ အတွေးအခေါ်ကို ကလေးဘ၀ကပင် အဘက်ဘက်မှ ဆုံးမသင်ကြားခြင်းကို ခံခဲ့ကြရသည်။
ဥပမာ - ထမီလှန်းသည့် ကြိုးတန်းအောက် ၀င်လျှင် ဘုန်းနိမ့်ကြောင်း၊ အမျိုးသမီး အ၀တ်အစားများကို အမျိုးသား အ၀တ်အစားများကဲ့သို့ အိမ်ဦးခန်းမှာ ထားပါက ငရဲကြီးကြောင်း၊ အမျိုးသမီးထမီကို အမျိုးသားများ အ၀တ်အစားကဲ့သို့ (ယောက်ျားများ) ခေါင်းအုံးအိပ်လျှင် ဘုန်းနိမ့်ကြောင်း၊ အမျိုးသမီးများက အမျိုးသားအ၀တ်အစားများ ခေါင်းအုံးအိပ်ပါက မည်သို့မျှမဖြစ်ကြောင်း၊ သက်တူ ရွယ်တူခြင်းပင် ဖြစ်သော်ငြားလည်း အမျိုးသမီးများက အမျိုးသားများကို ကျော်လွှားသွားလျှင် ငရဲကြီးကြောင်း၊ သက်တူ ရွယ်တူ ယောက်ျားလေးက မိန်းခလေးအား ကျော်လွှားသွားပါက မည်သို့မျှ မဖြစ်ကြောင်း စသည်ဖြင့် သဘာဝလည်းမကျ၊ တဘက်စီးနင်း နိုင်လှသော အတွေးအခေါ်နှင့် ကျင့်သုံးမှု အများအပြား ရှိခဲ့ပါသည်။
ယင်းသို့လျှင် ကလေးဘ၀ကတည်းက အဘက်ဘက်မှ သင်ကြားခဲ့ရသည့် အမျိုးသားသည် အမျိုးသမီးထက် မြင့်မြတ်သည်ဟူသော အသိတရားကို ကျနော်တို့ မိခင်များဖြစ်သော အမျိုးသမီးများ ကိုယ်တိုင်ကပင် ထိုသင်ကြားမှုကို အရိုးစွဲလာပြီး အမှားပင် ဖြစ်လင့်ကစား သုံးပါများလာတော့ အမှန်ဖြစ်ဆိုသကဲ့သို့ တကယ်ပင် ထင်မှတ်ခဲ့ကြသည်။ ဤသို့ အမျိုးသမီးများက ထင်မှတ်လေလေ၊ အမျိုးသား မဟာဖိုဝါဒသမားများက ကြိုက်လေလေ ဖြစ်တော့သည်။
ဤနေရာ၌ ကျနော် နှစ်ဆယ့်တစ်နှစ်သားခန့်က အတွေ့အကြုံလေး တစ်ခုကို တင်ပြပါရစေ။ ကျနော်နှင့် အတန်းတူ “ကိုချို” ဆိုသည့် မိတ်ဆွေတစ်ဦး ဆုံး၍ သူ၏ နာရေးကိစ္စကို နေ့ရောညပါ သူငယ်ချင်းတစ်စု ၀ိုင်းလုပ်ပေးကြသည်။ ဧည့်သည်များလာ၍ ကျနော်က နောက်ဘက် ကာထားသည့် ထရံကို အိမ်ရှေ့ခန်းနှင့် တဆက်တည်း ဖြစ်သွားအောင် (ခွာ) ဖျက်ချဖို့ လုပ်ကြပါသည်။ ထိုအခါ ထရံမှာရှိနေသည့် အမျိုးသမီး အ၀တ်လှန်းသည့် ကြိုးတန်း၌ ရှိနေသော ထမီအပါအ၀င် အမျိုးသမီး အ၀တ်အစားများကို ရုပ်သိမ်းရမှာ ဖြစ်ပါသည်။
ကျနော့်ကို ၀ိုင်းကူနေကြသော သူငယ်ချင်းများက ဘုန်းနိမ့်မှာ စိုးရိမ်၍ မကိုင်ကြပါ။ သူတို့က အလုပ်များနေသော အိမ်ရှင်သမီးကို လှမ်းခေါ်ပါသည်။ ကျနော်က “မခေါ်နဲ့” ဟု ဆိုကာ အ၀တ်အစား အားလုံးကို ရုပ်သိမ်းလိုက်ပါသည်။ ထိုအချိန်က စာအုပ် စာပေလောက စာအုပ်တိုက်တွင် လုပ်ကိုင်နေသူဖြစ်၍ လုပ်ငန်းသဘောအရ စာပေါင်းစုံကို ဟိုစပ်စပ်၊ သည်စပ်စပ် ဖတ်နေရသူ၊ နိုင်ငံရေးကို စိတ်ဝင်စား၍ နိုင်ငံရေးစာပေများနှင့် ကွန်မြူနစ်စာပေများကို ဦးစားပေး ဖတ်နေသူဖြစ်ခြင်းက တစ်ကြောင်း၊ အဏ္ဍဇ - ဥ၌ တည်၍ဖြစ်သော သန္ဓေ၊ သံသေဒဇ - သစ်သီး၊ သစ်ပွင့်၊ သစ်ခေါင်း၊ သစ်နွယ်တို့၌ ဖြစ်သောသန္ဓေ၊ ဇလာ ဗုဇ - အမိဝမ်း၌ ကာလရေကြည်တည်၍ ဖြစ်သောသန္ဓေ၊ သြပပါတိက- မွေးဖွားခြင်း မရှိသော နတ်၊ ဗြဟ္မာတို့ကဲ့သို့ လျှပ်တပျက်အတွင်း ကိုယ်ထင်ရှား ဖြစ်လာသောသန္ဓေ ဟူ၍ ပဋိသန္ဓေ(၄) မျိုး ရှိသည့်အနက် ကျနော်တို့လူသား အမျိုးသား အမျိုးသမီးများသည် ဘုရားလောင်းများမှအစ အမျိုးသမီးများ၌ ကာလရေကြည် တည်၍ မွေးဖွားလာကြသူများ ဖြစ်ကြ၍ အမျိုးသားသည် အမျိုးသမီးထက် မြင့်မြတ်လျှက် ဘုန်းကြီးသည် ဆိုသည်မှာ သဘာဝမကျ၊ ယုတ်တိ ကင်းမဲ့လှသော သင်ကြားမှုနှင့် အယူအဆကို လက်ခံထားသူ မဟုတ်၍ ဖြစ်ပါသည်။ သူငယ်ချင်းများ လှမ်းခေါ်မှုကြောင့် ကွယ်လွန်သူ “ကိုချို” ၏ ခယ်မ လှမ်းမြင်သွားပြီး “ အို ဘာလို့ ထမီတွေ ရုပ်နေတာလဲ၊ ဘုန်းနိမ့်သွားလိမ့်မယ်၊ လူကို ငရဲမပေးပါနဲ့” ဟု ပြောပါသည်။ သို့သော် နောက်ကျသွားပါပြီ။ ကိုချို့ နာရေးကိစ္စ ပြီး၍ နောက်မှ ကိုချို့ခယ်မက တလွဲ အဓိပ္ပါယ် ကောက်သွားကြောင်းကို သူမပြောပြမှ သိရပါသည်။
သူမက “ ယောက်ျားလေးတွေဟာ ဘုန်းနိမ့်မှာ ကြောက်လို့ အမေ့ထမီကလွဲပြီး နှမများထမီတောင် မကိုင်ဘူး။ ပိုင်ရှင် အမျိုးသမီးမှာလည်း ငရဲကြီးတယ်။ ဒါကို မကြောက်မရွံ့ကိုင်တော့ ကျနော်ဟာ အမျိုးသမီးတွေနဲ့ ကောင်းကောင်း ရင်းနှီးထားသူသာ ဖြစ်ကြောင်း” ဟု ဆိုပါသည်။
ကျနော်က ရဟန်းသံဃာများ၏ ပံ့သကူ သင်္ကန်းမှစ၍ အ၀တ်အစား ၀တ်ရခြင်း၏ အဓိကဖြစ်သော
(၁) မွေးရာပါ အရှက်အကြောက်တရားကို လုံခြုံအောင်ဖုံးဖိရခြင်း။
(၂) ခြင်၊ ထင်၊ မှည့်စသည်ဖြင့် ပိုးမွှား တ၇ိစ္ဆာန်များနှင့် သဘာဝ ဘေးအန္တရာယ်များ၏ ရန်မှ လုံခြုံရေးအတွက် ကာကွယ်ရခြင်း။
(၃) ရာသီဥတုဒဏ်ကို ခုခံလျှက် ခံနိုင်ရည်ရှိရေးအတွက် ၀တ်ဆင်ရခြင်းနှင့် ယင်းအ၀တ်အထည် ယက်လုပ်သည့် ၀ါဂွမ်းမှအစ ယက်ကန်းစင်အထိ အသေးစိတ်ကို ကြုံတိုင်း၊ ဆုံတိုင်း အကြိမ်ပေါင်းများစွာ ရှင်းပြပေးရပါသည်။
ထို့အပြင် ကချင်၊ ကန့်ကော်၊ ရခိုင်လုံချည်များကို မိန်းခလေးများ ၀တ်ဆင်လာခြင်း၊ ပြည်ပမှ အမျိုးသမီးများ ၀တ်စားဆင်ယင်မှုနှင့် မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှ သွင်းယူလာသော လူမျိုးပေါင်းစုံ ၀တ်ထားသည့် ဘေထုပ်များအထိ စုံလင်စွာရှင်းပြရပါသည်။ နောက်ပိုင်း၌ ကိုချို့ခယ်မ၏ အရေးပေး ဆက်ဆံခြင်းကို ခံရပါသည်။ ကျနော့်ကို အမျိုးသမီးများအပေါ်၌ သက်ညှာ ထောက်ထား စာနာမှုတရား ကြီးမားစွာရှိ၍ သူကြည်ညိုသွားပါသည်။ ဘယ်အတွက်ကြောင့်မှန်း မသိ ဤအရင်ကပင် မိန်းခလေးများ၏ ခင်မင်မှုကိုရရှိ၍ အမျိုးသမီး အပေါင်းအသင်း များပါသည်။
ထိုကဲ့သို့ အမျိုးသမီးများသည် ကျေးပိုင်၊ ကျွန်ပိုင်ခေတ်မှ စတင်၍ သက်ဦးဆံပိုင် စစ်ဘုရင်များ ကြီးစိုးလာသည့် ခေတ်အထိ အမြစ်စွဲနေသော အစဉ်အလာနှင့် ပတ်ဝန်းကျင်၏ ဆုံးမသင်ကြားမှု အောက်၌ ကြီးပြင်းလာသူများပီပီ မိမိတို့ကိုယ်ကို အမျိုးသားများထက် ယုတ်ညံ့ ဘုန်းနိမ့်ကြောင်း အသိအမှတ်ပြုကာ ယုံကြည်လာကြသော်လည်း တခါတလေတင်မူ ထိုအသိကို အမှတ်တမဲ့ ဆန့်ကျင်တတ်ကြပေသည်။ ဥပမာ - ယောက်ျားလေးဖြစ်သူသည် မိမိထက် ပညာအရည်အချင်း နည်းပါးပြီး ဆင်းရဲ၍ လူနေမှု အဆင့်အတန်း နိမ့်ကျသော (သို့မဟုတ်) မိဘများ၏ အလုပ်အကိုင်၌ လုပ်ကိုင်နေသူ ဖြစ်ပါက ထိုသူ၏ ချစ်ရေးဆိုမှုကို ခံရသော မိန်းခလေးအချို့သည် (အချစ်၌ မျက်စိမရှိ၊ အမျိုးသမီးထက် အမျိုးသားက ဘုန်းကြီးသည်) ဟူသော စကားကို မေ့ပျောက်လျှက် (မချစ်ကြောင်းကို ယဉ်ကျေးစွာ ငြင်းပယ်သော အပြောမျိုး မဟုတ်ဘဲ) ပညာဂုဏ်၊ ဥစ္စာဂုဏ်၊ ရာထူးဂုဏ်မောက်ကာ မတူမတန် မာနထန်၍ “အုတ်ကြား မြက်ပေါက်ကများ၊ အမဲရိုး ဟင်းအိုးမှ အားမနာ၊ ဒီလို အဆင့်အတန်း နိမ့်ကျတဲ့အကောင်ရဲ့ ရည်းစားစကား အပြောခံရတာ ရှက်ဖို့ သိပ်ကောင်းတာဘဲ” ဟု ပြောတတ်ကြပြန်သည်။
အမျိုးသားသည် အမျိုးသမီးထက် ဘုန်းကြီးပြီး မြင့်မြတ်သည်ဆိုသော အသိမှာ ဤနေရာမျိုး၌ အရာမ၀င် ဖြစ်သွားပြန်ပါသည်။ မေ့သွားတတ်ကြသည်။ ဤသည်မှာ အမျိုးသား အမျိုးသမီးများ၏ ဘုန်းမြင့်ခြင်း၊ မြင့်မြတ်ခြင်း၊ ယုတ်ညံ့ခြင်းစသော သတ်မှတ်ချက်များမှာ ရိုးသား ကြိုးစားမှုနှင့် အကျင့်သီလ အပေါ်၌ အခြေမခံဘဲ ငယ်ရွယ်စဉ် ကလေးဘ၀မှစ၍ အစဉ်အလာ ပတ်ဝန်းကျင်၏ ဆုံးမသင်ကြားမှုနှင့် မြေရှင်ခေတ်၊ အရင်းရှင်ခေတ်နှင့် ယခု တိုက်ပိုင်ရှင် လူတန်းစားခေတ်တို့၌ ပေါ်ပေါက်လာကြသော (လူအချို့ သတ်မှတ်နေကြသော အထက်တန်းလွှာ လူကုန်ထံ) အမျိုးသမီးအချို့၏ ဘ၀င်မြင့်မှု စိတ်ရောဂါသာ ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်ပါစေ မဟာဖိုဝါဒနှင့် အမျိုးသားများသည် အမျိုးသမီးများထက် မြင့်မြတ်၍ ဘုန်းကြီးသည်ဆိုကာ ဆက်လက်မိုက်မဲ အတင့်ရဲလျှက် အမျိုးသမီးများအပေါ် ကိုယ်ချင်းမစာ မောက်မောက်မာမာ နှိမ့်ချဆက်ဆံ နေကြဦးမည် ဆိုပါက ထိုတိုင်းပြည်သည် တိုးတက်မှုမရှိဘဲ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများလည်း ဆိတ်သုန်းနေပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုဘုန်းကြီး၍ မြင့်မြတ်လှပါသည်ဟု ပြောဆိုနေကြသော အမျိုးသားများကို ဘုန်းနိမ့်လျှက် ယုတ်ညံ့ပါသည်ဟု ဆိုသော ထိုအမျိုးသမီးများကပင် သူတို့၏ ပေါင်နှစ်လုံးကြားမှ မွေးဖွား၍ လူလားမြောက်အောင် ပြုစုပေးနေခြင်းကြောင့် ဖြစ်ပါသတည်း။

ဆက်စပ်အကြောင်းအရာများ
TERMS AND CONDITIONS
We (The Age & The Sydney Morning Herald) invite you to post comments in a number of areas of the website (comments areas). These include but are not limited to 'Your Say' and in the comments sections of blogs published on the website.
When using the comments areas, you agree to be bound by the following terms and conditions.
If you think that a comment that has been posted is offensive, unsuitable or has in some other way breached these terms and conditions, please email us at readerlink@smh.com.au with a link to the comment and your reasons for objecting to it. We'll consider whether there are grounds for editing or removing the comment and take appropriate action, but you won't necessarily be contacted as to our decision.
Our rights
1. We retain the right and discretion (but not the obligation) to edit, delete, reject or remove any comment which you post or seek to post in the comments areas.
2. You grant us a non-exclusive, royalty-free, perpetual, worldwide licence to reproduce and deal with any material you submit to us by all means whatsoever (including, without limitation, in print and electronic format).
3. We retain the right and discretion to terminate your access to the comments areas if we believe you are abusing the services in any way, or have breached these terms and conditions.
Your obligations
5. You will not post any material in the comments areas:
(a) which is not original work in which you own the copyright, or which in any way violates or infringes (or could reasonably be expected to violate or infringe) the copyright, registered trademark or intellectual property rights of another person;
(b) which is (or could reasonably be expected to be) obscene, offensive, pornographic, vulgar, profane, indecent or otherwise illegal;