နောက်ဆုံးပြင်ဆင်ဖြည့်စွက်သည့်နေ့ - ၀၂ မေလ ၂၀၁၂
မူလစာမျက်နှာ|ချိုးလင်းပြာအကြောင်း|ဆက်သွယ်ရန်|BWU|

ဇိုရာဖန်းနှင့် ဆက်သွယ်မေးမြန်းခြင်း

အိမ်ဦးခင်စီစဉ်သည်
မိမိနာမည်၊ လူမျိုး၊ မိမိပါဝင်လုပ်ဆောင်သော လုပ်ငန်းတာဝန်များနှင့် င်္လန်မှာ ဘယ်လို အကြောင်းကြောင့် ရောက်နေသလဲ ဆိုတာ ပြောပြပေးပါ။

ကျမနာမည်က ဇိုရာဖန်းပါ။ ကျမအဖေ (ပဒို မန်းရှာ လားဖန်း) က အမျိုးသမီး ရုရှတော်လှန်ရေးသမား တစ်ယောက်ရဲ့ အမည်ကို ပေးထားတာ ဖြစ်ပါတယ်။ အဖေက သူ့ခြေရာနင်းပြီး မြန်မာပြည်က ပြည်သူတွေရဲ့ လွတ်မြောက်ရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးကို ဆောင်ရွက်စေလိုတာကြောင့် ကျမကို ဒီအမည် ပေးတာပါ။ ကျမဟာ ကရင်လူမျိုးပါ။ အင်္ဂလန်ကိုတော့ ကျမ စာသင်ဖို့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်ကို မရောက်မီ အမျိုးသမီးငယ် တစ်ဦးအနေနဲ့ ပြည်တွင်း ဒုက္ခသည်၊ ဒုက္ခသည်အဖြစ် ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံ အခြေအနေ တစ်စိတ် တစ်ပိုင်းကို ပြောပြပေးပါ။

ကျမအသက် ၁၄ နှစ်အရွယ်မှာ မြန်မာစစ်တပ်က ကျမတို့ ရွာကို လာတိုက်ပါတယ်။ ကျမတို့ဟာ ပိုင်ဆိုင်မှုတွေ အားလုံး စွန့်ပစ်ခဲ့ရတယ်။ ကိုယ် သယ်ပိုးနိုင်တဲ့ ပစ္စည်းလေးတွေလောက်ပဲ သယ်ပြီး ရွာက ထွက်ပြေးခဲ့ရတယ်။ အစားအစာ လုံလောက်အောင် မရရှိပဲ ရရာ စားပြီး ရက်သတ္တပတ်များစွာ တောထဲမှာ ပုန်းအောင်းနေခဲ့ရတယ်။ ကျမတို့နဲ့ အဖေနဲ့ ကွဲသွားတော့ အဖေ အသတ်ခံရပြီလား ဆိုတာ စိုးရိမ်နေခဲ့ကြတယ်။ နောက် စစ်သားတွေက ကျမတို့ကို တွေ့ပြီး အသတ်ခံရမှာကိုလည်း ကြောက်နေခဲ့ပါတယ်။ နောက်ဆုံးတော့ ကျမတို့ မယ်လာမူ ဒုက္ခသည် စခန်းကို ရောက်လာတယ်။ အဲဒီမှာ နေတာ တစ်နှစ်လောက် ရှိတော့ အဖေ ရောက်ပြီး ကျမတို့ကို ဒူးပလာယာခရိုင်ကို ခေါ်သွားတယ်။ အဲဒီမှာ တစ်နှစ်လောက် ထပ်နေတယ်။ ကျမ ကိုးတန်း စာမေးပွဲ ဖြေနေတုန်းမှာ မြန်မာစစ်တပ်တွေ လာတာကြောင့် ကျမတို့ အဲဒီကနေ ပြောင်းရမယ်လို့ အမေက ပြောတယ်။ ဒါနဲ့ ကျမတို့ နို့ဘိုး ဒုက္ခသည် စခန်းကို ရောက်ခဲ့ကြတယ်။ နောက် မယ်လစခန်းကို ထပ်ပြောင်းခဲ့တယ်။ အဖေက ပညာရေးဟာ အရေးကြီးတဲ့ အကြောင်း၊ နောက် တက္ကသိုလ်ကို ရောက်အောင် စာကို ကြိုးစားဖို့ အကြောင်းတွေ အမြဲပြောပေမယ့် တက္ကသိုလ်ပို့ဖို့ သူ့မှာ ငွေမရှိဘူး။ ဒါပေမဲ့ ကျမ ကံကောင်းပြီး တက္ကသိုလ် တက်ဖို့ ပညာသင်ဆု ရခဲ့တယ်။ အခု ကျမ ယူကေနိုင်ငံက East Anglia တက္ကသိုလ်မှာ ပညာသင်ခွင့် ရခဲ့တယ်။

ဇိုရာဖန်း အနေနဲ့ အခုလို မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်နိုင်အောင် ဘယ်အကြောင်း အရာတွေ၊ ဘယ်လို အခြေအနေတွေက လုပ်ဆောင်ပေးပါသလဲ။

ကျမဟာ ပထမဦးဆုံး ကျမတို့ ပြည်သူတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို တွေ့မြင်ခဲ့ရတယ်။ မိသားစု အများအပြားကို သူတို့နေအိမ်ကနေ အတင်းအကြပ် ထွက်ပြေးစေခဲ့တာတွေ၊ အမိုးအကာ မရှိဘဲ တောတောင်တွေမှာ ပုန်းအောင်းနေကြရတာတွေ၊ စားစရာ မရှိလို့ ကလေးတွေ ငိုနေတာ၊ ဆေးဝါးမရှိလို့ ကလေးငယ်တွေ ငိုနေတာ၊ ဆေးဝါးမရှိလို့ ကလေးငယ်တွေ မသေသင့်ဘဲ သေကြရတာတွေ ရှိနေပါတယ်။ ဒီအဖြစ်အပျက်တွေက နေ့စဉ်ဖြစ်နေတယ်။ ဒါ ကရင်ပြည်နယ် တစ်ခုတည်းမှာ မဟုတ်ပါဘူး။ တစ်ပြည်လုံးမှာ ဖြစ်နေတာပါ။ ကလေးတွေက သေလုမျောပါး ဖြစ်နေပြီး မိဘတွေက ဒုက္ခအမျိုးမျိုး တွေ့ကြုံနေရတာပါ။ ကျမတို့ ဒီအခြေအနေတွေ ပြောင်းလဲစေချင်တယ်ဆိုရင် အလုပ် ကြိုးစားရမယ်လို့ ကျမအဖေက အမြဲပြောလေ့ ရှိပါတယ်။ သူများတွေက လွတ်လပ်မှုကို ပေးလာလိမ့်မယ်လို့ ကျမတို့ မမျှော်လင့် ထားပါဘူး။ ကျမ မိဘနှစ်ပါးလုံး တော်လှန်ရေးမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ခဲ့တာကြောင့် ကျမတို့ဟာ တော်လှန်ရေးထဲမှာပဲ ကြီးပြင်းခဲ့ရတယ်။ ဒါတွေက ကျမကို လှုံ့ဆော်ပေးတဲ့ အရာတွေပါ။ ကျမအနေနဲ့ နောက် မျိုးဆက်သစ်ကို ဖိနှိပ်ခံရမှာ၊ ကျွန်တွေလို ဆက်ဆံခံရမှမျိုး မမြင်လိုပါဘူး။

အမျိုးသမီးငယ် တစ်ဦးအနေနဲ့ နိုင်ငံရေး လှုပ်ရှားမှုထဲ ဦးဆောင်မှု အတိုင်းအတာထိ ပါဝင်လာနိုင်တဲ့ နေရာမှာ ဘယ်လိုမျိုး ခြိမ်းခြောက်မှုမျိုး၊ အခက်အခဲမျိုး တွေ့ကြုံရပါသလဲ။ မြန်မာ့ လူ့အသိုင်းအ၀ိုင်း အခြေအနေနဲ့ နှိုင်းယှဉ်ပြောပြပေးပါ။

ယူကေနိုင်ငံမှာ ကျား၊မ တန်းတူညီမျှမှု အပြည့်အ၀ မရှိပေမယ့် နိုင်ငံရေး လောကမှာ ဖြစ်ဖြစ် စီးပွားရေး လောကမှာ ဖြစ်ဖြစ် အမျိုးသမီးတွေ ထိပ်တန်းက ပါဝင်ဆောင်ရွက်တာ သိပ်တော့ မဆန်းပါဘူး။ ဘာပဲဖြစ်ဖြစ်ပါ၊ အမျိုးသမီးတွေကတော့ ချက်ပြုတ် လျှော်ဖွတ် ကလေးထိန်းဆိုတဲ့ အလုပ်တွေကိုပဲ ဆက်လက် လုပ်ကိုင်နေကြဖို့ မျှော်လင့်မထားကြပါဘူး။ ယူကေနိုင်ငံနဲ့ ဥရောပမှာ ကျမဟာ အမျိုးသမီး ဖြစ်တာကြောင့် အလုပ်ခွင်မှာ အဟန့်အတားဖြစ်တယ်လို့ မခံစားရပါဘူး။ ကျမတို့ လူ့ဘောင် အတွင်းမှာ နောက် တော်လှန်ရေး အတွင်းမှာ အမျိုးသမီးတွေကို ထိပ်တန်း ခေါင်းဆောင်မှု အပိုင်းမှာ တာဝန်ယူတာကို တားဆီးတာတွေ ရှိတယ်ဆိုရင် ဒါကို ကျမတို့ တိုက်ဖျက်ကြရမှာပါ။ အနောက်တိုင်းက နိုင်ငံရေး သမားတွေက ပြည်ပရောက် ဒီမိုကရေစီရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေ ပါဝင်မှု နည်းနေတာ ဝေဖန်ကြပါတယ်။

မြန်မာ့ ဒီမိုကရေစီရေး စည်းရုံးလှုံ့ဆော်မှုအနေနဲ့ နိုင်ငံတကာမှာ စကားပြောတဲ့ နေရာမှာ ယခုလက်ရှိ အခြေအနေ၊ နအဖ စစ်အစိုးရရဲ့ လူထို ဆန္ဒ ကောက်ယူပွဲနဲ့ ပတ်သက်ပြီး ဘာတွေ ပြင်ဆင်နေပါသလဲ။

ယူကေမှာ ရှိတဲ့ မြန်မာ့ အရေး လှုပ်ရှားမှု အဖွဲ့အနေနဲ့ ဒီမိုကရေစီ လှုပ်ရှားမှု တစ်စုံလုံးက ချမှတ်ထားတဲ့ မူဝါဒအတိုင်း လိုက်နာ ဆောင်ရွက်ပါတယ်။ နိုင်ငံတကာရေးရာ ညှိနှိုင်းဆောင်ရွက်သူ အနေနဲ့ ကျမဟာ ဥရောပတလွှားမှာ ရှိတဲ့ အစိုးရတွေ၊ လွှတ်တော်အမတ်တွေ၊ စာနယ်ဇင်းသမားတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ သွားရောက် တွေ့ဆုံပြီး မြန်မာပြည်ရဲ့ အခြေအနေကို ရှင်းလင်း တင်ပြပါတယ်။ နောက် မြန်မာ အစိုးရအပေါ် အရေးယူ ဆောင်ရွက်ဖို့ ပြောပါတယ်။ သေချာတာ တစ်ခုကတော့ အဲဒီ အစိုးရအဖွဲ့တွေဟာ နအဖ အစိုးရ ပြောတာတွေဟာ အလိမ်အညာတွေ ဖြစ်တယ်ဆိုတာ သိကြတယ်။ မကြာခင် လုပ်မယ့် လူထုဆန္ဒခံယူပွဲကလည်း နအဖအနေနဲ့ အာဏာကို ဆက်လက် ထိန်းသိမ်းထားဖို့ပဲ ဖြစ်ပါတယ်။

ဇိုရာဖန်းရဲ့ အနာဂတ်မှာ အဓိက အဖြစ်ချင်ဆုံးအရာက ဘာလဲ။ ဘာကြောင့်လဲဆိုတာ ပြောပြပေးပါ။

ကျမတို့ ဒီမိုကရေစီရရင်တောင်မှ ပြည်သူတွေဟာ ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်ကြရဦးမှာပါ။ ဒီမိုကရေစီက ဆင်းရဲမွဲတေမှုတွေကို အလိုလို ချုပ်ငြိမ်းစေမှာ မဟုတ်ဘူး။ ကလေးတိုင်းကို ပညာသင်ကြားပေးမှာ မဟုတ်ဘူး။ မိသားစုတိုင်းကို နေအိမ် ဖန်တီးပေးမှာ မဟုတ်ဘူး။ နောက် တိုင်းရင်းသား လူမျိုးစုတွေကို ခွဲခြား ဖိနှိပ် ဆက်ဆံတာတွေကို အဆုံးသတ်ပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီမိုကရေစီ ရှိမယ်ဆိုရင် ကျမတို့ ဒီပြဿနာတွေကို စတင် ဖြေရှင်းနိုင်ပါလိမ့်မယ်။ ကျမအနေနဲ့ အခုအချိန်မှာ မြန်မာပြည်မှာ စစ်အာဏာရှင် စနစ် ကျဆုံးပြီး ဒီမိုကရေစီ နည်းကျ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ တည်ဆောက်ဖို့ ဆောင်ရွက်နေသလို ဆင်းရဲ မွဲတေမှုနဲ့ လွဲမှားတဲ့ အစွဲတွေနဲ့ ခွဲခြားဆက်ဆံမှုတွေကို အဆုံးသတ်ဖို့အတွက် ကြိုးကြိုးစားစား လုပ်ဆောင် သွားပါမယ်။

နိုင်ငံတကာမှာ မြန်မာပြည်အရေး စည်းရုံးလှုံ့ဆော်သူ တစ်ယောက်အနေနဲ့ ဒီမိုကရေစီအတွက် မြန်မာပြည်သူလူထုကို အဓိက ဘာပြောချင်ပါသလဲ။

လူမျိုးရေးအရ မခွဲခြားဘဲ ကျမတို့ ပြည်သူတွေဟာ တသွေးတည်း တသားတည်း ရှိနေတယ်။ နောက် ကျမတို့ဟာ တိုင်းပြည်ကို အုပ်စိုးနေတဲ့ စစ်အစိုးရကို ဘုံရန်သူအဖြစ်နဲ့ တော်လှန်နေသူတွေ ဖြစ်ကြတယ်။ ကျမတို့ဟာ သေချာပေါက် အောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျမတို့ အလုပ်ကို ပြင်းပြင်း ထန်ထန် လုပ်ရမယ်။ စွန့်လွှတ် အနစ်နာ ခံရပါမယ်။ ဒီအတွက် လူတိုင်းမှာ တာဝန်ရှိပါတယ်။ အခု ကျမအနေနဲ့ ဥရောပမှာ တာဝန်ယူထားပါတယ်။ ကျမတို့ လှုပ်ရှားမှုကို အဲဒီက အစိုးရတွေက ကူညီပံ့ပိုးလာအောင်၊ နအဖနဲ့ ကုန်သွယ်မှု ပြုပြီး ရင်းနှီးမြုပ်နှံနေခြင်းအားဖြင့် ကူညီနေတာတွေ ရပ်တန့်သွားအောင် ကျမအနေနဲ့ တိုက်တွန်းနေပါတယ်။ ဒါပေမဲ့ ရှင်တို့အနေနဲ့ မြို့ကြီးမှာပဲ ရှိရှိ၊ ကျေးလက်မှာပဲ ရှိရှိ ပြည်ပမှာပဲ ရောက်ရောက် ဒုက္ခသည် စခန်းပဲနေနေ၊ ဘယ်နေရာမှာပဲ ရှိရှိပေါ့။ ရှင်တို့အနေနဲ့ ဒီလှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်ဖို့ လိုပါတယ်။ ကျမတို့ရဲ့ လွတ်မြောက်မှုဟာ လူတိုင်း အတူတကွ ပေါင်းစည်း လုပ်ကိုင်မှ ရမှာ ဖြစ်ပါတယ်။ ကျမအနေနဲ့ တော်လှန်ရေးမှာ လူတိုင်း ပါဝင်ကြဖို့နဲ့ ကျမတို့ လွတ်မြောက်မှုအတွက် ပြင်းပြင်းထန်ထန် အလုပ်လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဇိုရာဖန်းဟာ ကရင့်အမျိုးသား ခေါင်းဆောင် ပဒိုမန်းရှာလဖန်းနဲ့ နမ့်ကျင်ရွှေတို့ရဲ့ သမီးဖြစ်ပါတယ်။ ဇိုရာဖန်းရဲ့မိခင်ဟာလည်း ကရင့်တော်လှန်ရေးအတွက် ပေးဆပ်ခဲ့သူတစ်ယောက်ပါ။ အဖေအမေတွေနဲ့ ပတ်သက်ပြီး မှတ်မိသလောက် ပြောပြပေးစေချင်ပါတယ်။

ကျမရဲ့ မိဘ နှစ်ပါးလုံး ဆုံးပါးခဲ့ပါပြီ။ ဒါပေမဲ့ သူတို့ မျှော်လင့်ခဲ့တဲ့ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရေးဟာ ကျမတို့ မောင်နှမတွေအကြားမှာ၊ ကရင်လူထုတွေအကြားမှာ၊ နောက် ကျမတို့ ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို ရပ်စဲစေလိုတဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ပြည်သူတွေအကြားမှာ ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ကျမအဖေရော အမေပါ ကျမတို့ ပြည်သူတွေ လွတ်မြောက်တာကို မြင်ချင်ခဲ့ကြပါတယ်။ သူတို့ဟာ ပြည်သူတွေရဲ့ အရေးကို ဦးစားပေး လုပ်ကိုင်ခဲ့ကြတာဟာ ကျမအတွက် ဥပမာကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ကျမဟာ မိသားစုဘ၀အကြောင်းကို ပြန်တွေးမိတဲ့အခါတိုင်း ၀မ်းနည်းမိတယ်။ ကျမတို့ မိသားစုဟာ တကွဲတပြားစီ နေခဲ့ကြရပြီး ကျမ မိဘတွေဟာ ငြိမ်းချမ်းသာယာတဲ့ ဘ၀မှာ မနေနိုင်ခဲ့ကြဘူး။ ကျမ မိဘတွေဟာ ဆင်းဆင်းရဲရဲနဲ့ အေးအေးချမ်းချမ်း မနေရပေမယ့် ကျမတို့တွေကို ချစ်ချစ်ခင်ခင်နဲ့ ဂရုစိုက်ခဲ့တယ်။ မကောင်းတဲ့ အရာတွေ အားလုံးကနေ ကာကွယ်ပေးခဲ့တယ်။ ကျမတို့ ကလေးဘ၀တုန်းက အဖေနဲ့ အမေက ကျမတို့ကို ပြုစုစောင့်ရှောက်ခဲ့သလို သူတို့ အိုမင်းလာချိန်မှာ ပြန်ပြီး စောင့်ရှောက်ခွင့် မရတဲ့အတွက် အများကြီး ကျမ ၀မ်းနည်းမိတယ်။

ဇိုရာဖန်းမှာ ကရင်လူမျိုးတွေရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ အကြီးမားဆုံး မျှော်လင့်ချက်က ဘာပါလဲ။ နောက် ဒီအတွက် ဇိုရာဖန်းအနေနဲ့ ဘယ်အခန်းက ပါဝင်မလဲ။

အရာတွေ အားလုံးအနက်က ကျမအဖြစ်ချင်ဆုံး အမျှော်လင့်ချက်ကတော့ ကျမရဲ့ လူမျိုးတွေ နောက် မြန်မာပြည်သူတွေ လွတ်မြောက်စေလိုတာပဲ ဖြစ်ပါတယ်။ သူတို့အားလုံးကို စစ်အာဏာရှင် စနစ်လက်အောက်က လွတ်မြောက်ပြီး အကြောက်တရား ကင်းကင်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေစေလိုပါတယ်။ လုံခြုံစိတ်ချစွာနဲ့ အလုပ်လုပ်ကိုင်စေလိုတယ်။ ကလေးတွေအတွက် ကျောင်းတွေ ရှိစေချင်တယ်။ လယ်သမားတွေအနေနဲ့ သူတို့ လယ်ယာတွေမှာ မြန်မာစစ်တပ်က လာပြီး ပစ်ခတ် သတ်ဖြတ်မှာကို မကြောက်ရဘဲ အလုပ်ကိုင်နေတာ။ အတင်းအကြပ် လုပ်အားပေးခိုင်းတာတွေက ကင်းလွတ်တာ မြင်ချင်ပါတယ်။ ကလေးတွေကို ညအချိန်မှာ မြန်မာစစ်သားတွေ လာတိုက်မှာကို မကြောက်လန့်ပဲ အိပ်စက်စေလိုတယ်။ ကျမဟာ ဒီမိုကရေစီ နိုင်ငံ တစ်ခုမှာ ပညာသင်ကြားနေချိန်မှာ ကျမမှာ ဒီမိုကရေစီနဲ့ လွတ်လပ်ရေးရဲ့ အရသာတွေ ခံစားရတယ်။ မြန်မာနိုင်ငံက ကျမတို့ ပြည်သူတွေ အားလုံးကိုလည်း ဒီလိုပဲ ခံစားစေချင်ပါတယ်။ အဲဒါကြောင့်  ကျမရဲ့ ဘ၀ကို ဒီအတွက် ပေးဆပ်ဖို့ ဆုံးဖြတ်ထားပါတယ်။

(၂၀၀၈ ဖေဖော်ဝါရီ (၁၄) ရက်တွင် လုပ်ကြံ သတ်ဖြတ်ခြင်း ခံလိုက်ရသော ကရင့် တော်လှန်ရေးခေါင်းဆောင် တစ်ဦးလည်းဖြစ် နပ်စပ်အခြေစိုက် နိုင်ငံရေး အင်အားစုများမှ အားကိုး အားထားပြုသော ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည့် ပဒိုမန်းရှာလဖန်းအား ဤအစီအစဉ်ဖြင့် ဦးညွှတ် ဂုဏ်ပြုပါသည်။ - ချိုးလင်းပြာ)

Print     


 

ဆက်စပ်အကြောင်းအရာများ

  1. မြန်မာပြည် ကွန်မြူနစ်ပါတီမှ ကြာဦးဖြူ (သို့မဟုတ်) ရဲဘော် ဦးစိန်နှင့် တွေ့ဆုံမေးမြန်းခြင်း
  2. အမျိုးသမီးငယ်လေးတွေအနေနဲ့ သတ္တိရှိတဲ့ ခွပ်ဒေါင်းစိတ်ဓာတ်ရှိဖို့
    အရေးကြီးတယ်ဆိုတဲ့ မှိုင်းရာပြည့်မျိုးဆက် ဒေါ်လှမြိုင်နှင့်တွေ့ဆုံခြင်း
  3. ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ မော်ဦးမာနှင့်တွေ့ဆုံခြင်း
  4. ဒီပဲယင်းလူသတ်ပွဲအတွက် ဘယ်သူအရေးယူ ပေးမလဲဆိုတဲ့ ဒေါ်ညွှန့်ညွှန့်နှင့် တွေ့ဆုံခြင်း
  5. ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တွေ့ဆုံခြင်း
  6. အဓမ္မလုပ်အားပေးခိုင်းစေမှုတွေကို ရပ်တန်းကရပ်ပါဆိုတဲ့ ဒေါ်ပုစိန်နှင့် တွေ့ဆုံခြင်း
  7. HIV/AIDS ဝေဒနာသည်များရဲ့ ဂရုဏာရှင် စေတနာ့ဝန်ထမ်း မဖြူဖြူသင်းနှင့် တွေ့ဆုံခြင်း။
  8. အာဂမိခင် မအေးအေးလွင်နှင့် တွေ့ဆုံမေးမြန်းခြင်း

    1.  

      ထင်မြင်ချက်များ

      Name:(Required)

      Email:(Required)

      Comment:(Required)



      Web Site Terms & Conditions Are you agree ?

      TERMS AND CONDITIONS
      We (The Age & The Sydney Morning Herald) invite you to post comments in a number of areas of the website (comments areas). These include but are not limited to 'Your Say' and in the comments sections of blogs published on the website.
      When using the comments areas, you agree to be bound by the following terms and conditions.
      If you think that a comment that has been posted is offensive, unsuitable or has in some other way breached these terms and conditions, please email us at readerlink@smh.com.au with a link to the comment and your reasons for objecting to it. We'll consider whether there are grounds for editing or removing the comment and take appropriate action, but you won't necessarily be contacted as to our decision.
      Our rights
      1. We retain the right and discretion (but not the obligation) to edit, delete, reject or remove any comment which you post or seek to post in the comments areas.
      2. You grant us a non-exclusive, royalty-free, perpetual, worldwide licence to reproduce and deal with any material you submit to us by all means whatsoever (including, without limitation, in print and electronic format).
      3. We retain the right and discretion to terminate your access to the comments areas if we believe you are abusing the services in any way, or have breached these terms and conditions.
      Your obligations
      5. You will not post any material in the comments areas:
      (a) which is not original work in which you own the copyright, or which in any way violates or infringes (or could reasonably be expected to violate or infringe) the copyright, registered trademark or intellectual property rights of another person;
      (b) which is (or could reasonably be expected to be) obscene, offensive, pornographic, vulgar, profane, indecent or otherwise illegal;