Font (ဖောင့်)
အဂ္ဂ
ဖောင့်
အချိုရည် အထုတ်လေး ကျပေါက်သွားတဲ့အသံ မဟုတ်ဘူးကွဲ့။ ဖောင့်ကို ကာရိုက်တာ လို့လည်း ခေါ်တယ်၊ အယ်လဖါဘက်လို့လည်း ခေါ်ချင်ရင် ခေါ်နိုင်တာပေါ့။ ဗမာလိုကတော့ အက္ခရာ ဒါမှမဟုတ် စာလုံး၊ ကွန်ပြူတာမှာ သုံးလို့ရတဲ့ စာလုံးလေ။
ရုံးမှာ အလုပ်လုပ်ကြတဲ့ သမီးတို့ကတော့ ပျော့သေးသေး စကားကိုသုံးပြီး စာတွေ ရိုက်နေကျ ဖြစ်ပေမယ့် ဒီစာလုံးတွေကို ကိုယ့်ဘာသာကိုယ် ဒီဇိုင်းအသစ် ထွင်ပြီး သုံးဖို့ စိတ်ကူးမိချင်မှ မိမယ်ပေါ့။ ကဲ-ဒါဆိုရင် ခုချိန်ကစပြီး တီထွင်ဖို့ စဉ်းစားပေတော့။
ဘယ်လိုလုပ်ရတယ်ဆိုတာ ဦးဦး တစ်ဆင့်ပြီး တစ်ဆင့်ပြောပြမယ်။ သြော် မေ့သွားတယ် ဆောရီးဘဲနော်၊ ဟို- ပျော့သေးသေး စကား ဆိုတာက Microsoft word ကို မြန်မာမှု ပြုထားတာကွဲ့။ မိုက်တယ် မဟုတ်လား။
ဖောင့်လက် Font Lab နဲ့ ဖောင့်လုပ်နည်း အဆင့်ဆင့်ကို ပြောမယ်-
၁။ မစ္စတာဘားမား ကိုဝင်းထွန်း အများသုံးဖို့ လုပ်ပြီး လှူတန်းခဲ့တဲ့ Wwin_Burmese ဖောင့်ကိုကူး ယူပြီး ဖိုလ်ဒါ အသစ်တစ်ခုထဲ ထည့်သိမ်းထားလိုက်-
၂။ Font Lab ပရိုဂရမ်ကို ဖွင့်
၃။ Font Lab ပရိုဂရမ်ထဲက Menu bar မှာရှိတဲ့ File ကိုသွား။ Open ကိုနှိပ်ပြီး ခုနက ဖိုလ်ဒါအသစ်ထဲ ထည့်သိမ်းထားတဲ့ ဖောင့်ကိုဖွင့်၊ ပုံ(၁) ကို တွေ့မယ်။
၎။ Wwin_Burmese ဖောင့်ထဲက စာလုံး အားလုံးကို တပြိုင်ထဲ ဒီဇိုင်းပြောင်းနိုင်ဖို့ Menu bar ပေါ်က Edit ကို သွားပြီး Select All လုပ်( တခြားနည်းနဲ့ Select All လုပ်ချင်လည်း လုပ်ပေါ့၊ ရပါတယ်) ပုံ(၂) မှာလို အားလုံး မဲသွားတာကိုတွေ့ရမယ်။
၅။ Menu bar ပေါ်က Tool ကိုသွား Action ကိုဝင်ပြီး Effects ထဲက ဒီဇိုင်း တခုခုကို ရွေး။ ပုံ(၃)ကို ကြည့်။
နမူနာအနေနဲ့ ဦးဦးက ဒီမှာ Parallel ကိုရွေးပြီး OK လိုက်တယ်။ တွေ့လား ပုံ(၄)မှာလို စာလုံးတွေ ဒီဇိုင်း ပြောင်းသွားပြီလေ။
ထင်ထင်ရှားရှားမြင်ရဖို့ စာလုံးတလုံးကို ဒဘယ်ခလစ် လုပ်ပြီးဖွင့်လိုက်။ နမူနာအဖြစ် ကကြီးကိုနှိပ်လိုက်တော့ ကကြီးဟာ နဂိုကလို မဟုတ်ဘဲ လိုင်းနှစ်ထပ် ဖြစ်သွားတာ ကိုတွေ့ရမယ်။ ပုံ (၅) ကို ကြည့်။ နဂိုပုံနဲ့ ယှဉ်ပြထားတယ်။
ကြည့်ပြီးရင် ဒီဖောင့်ကို အပေါ်ညာထောင့် က ကြက်ခြေခတ်ကို နှိပ်ပြီး ပြန်ပိတ်လိုက်။
၆။ ဒီအဆင့်မှာ အသစ်ရလာတဲ့ဖောင့်တွေကို နာမည်သစ် တစ်ခု ပေးပြီး Save လုပ်ထားလိုက်နော်။ ပြီးရင် File ထဲက Font Info ကိုသွား။ ပုံ (၆) မှာတော့ Font Info ထဲက Names and Copyright ကို ရွေးထားတယ်နော်။ ညာဘက်က Family name ထဲမှာ ကြိုက်တဲ့နာမည် ရိုက်ထည့်လိုက်။ ပြီးတော့ အောက်က Build Names ဆိုတဲ့ စိန်ခလုပ်လေးကို နှိပ်။ Apply ကို နှိပ်ပြီးမှ OK ကိုနှိပ်လိုက်။
ရ။ ဒါက နောက်ဆုံးအဆင့်လို့ ပြောနိုင်တယ်။ File ကိုသွား Generate Font ကိုရွေးလိုက်ရင် ပုံ(၇)ကို တွေ့မယ်။
အဲဒီမှာ ကြိုက်တဲ့ဖောင့်နာမည်ပေး။ ဒီမှာတော့ Test_ BURN_ လို့ နာမည်ပေးထားတယ်။ Save as Type မှာ Truetype/Opentype TT(*.ttf) ကိုရွေးပြီး Save ကိုနှိပ်လိုက်တဲ့အခါ ပုံ (၈) မှာလို Exporting True Type font ဆိုတာကိုတွေ့မယ်။
၈။ ခုရလာတဲ့ ဖောင့်ကို Font install လုပ်တဲ့နည်းနဲ့ Control panel ထဲသွင်းလိုက်ပြီးရင် ရုံးပေါ်ကသမီးတို့သုံးနေကြ ပျော့သေးသေး စကား မှာဘဲဖြစ်ဖြစ် အင်ဒီဇိုင်း၊ ဖိတ်မိတ်ကာ၊ ကိုရယ်ဒရော၊ ဖိုတိုရှော့ စတဲ့ ဂရပ်ဖစ်နဲ့ ဒက်စ်ထော့ဖ် ဖတ်ဘလစ်ကေးရှင်း ပရိုဂရမ်အားလုံးမှာ သုံးလို့ရပါပြီခင်ဗျား။
ပုံ(၉) မှာ နမူနာတချို့ ပြထားတယ်။ သိပ်တော့ မလှဘူး။ သမီးအချိန်ရတဲ့အခါ လှလှလေး စိတ်ကြိုက် လုပ်ကြည့်။ တချို့က တဆင့်ထဲလုပ်ရပြီး တချို့ကိုတော့ အဆင့်အများကြီး လုပ်မှ ရတယ်။
တကယ်တော့ ခုပြောပြလိုက်တာဟာ ဖောင့်ဒီဇိုင်း ပညာရဲ့ ပထမပိုင်းဘဲ ရှိသေးတယ်လို့ ဆိုရမယ်။ စက္ကူပေါ်ရေးထားတဲ့ စာလုံးဒီဇိုင်း လှလှလေးတွေကို ဖြစ်ဖြစ်၊ မဂ္ဂဇင်းတစ်အုပ်က ကော်ပီကူးလာတဲ့ စာလုံးလေးတွေကို ဖြစ်ဖြစ် ဖောင့်လုပ်ချင်ရင် ဘယ်လိုလုပ်မလဲ၊ စာတစ်လုံးစီကို ဘယ်လိုလုပ်မလဲ၊ ဖောင့်လုပ်တဲ့တခြား ပရိုဂရမ်တွေဟာ ဘာလဲ၊ ဘယ်လိုသုံးလဲ၊ ပရိုဂရမ်တွေထဲမှာပါတဲ့ Tool နဲ့ Effect တွေကို ဘယ်လိုသုံးလဲ။ နောက်ပြီး အင်တာနက်မှာ သုံးလို့ရအောင် ဘယ်လိုလုပ်ရမလဲ စသည်ဖြင့်ပေါ့။
ဒါတွေကိုသမီးတို့ ကိုယ့်ဘာသာကိုယ် ဆက်လေ့လာ လေ့ကျင့်သွားလို့ရအောင် ဒီဆောင်းပါးလေးကို မျှဝေပေးလိုက်တာ နော်- ကားနဲ့ဆက်သွားရမယ့်ခရီးမှာ ကားဂိတ်အရောက် ဆိုင်ကယ်အိုလေးနဲ့ လိုက်ပို့ပေးတဲ့ သဘောပါ။
သမီးတို့ရဲ့ ဦးဦး
အဂ္ဂ
အချိုရည် အထုတ်လေး ကျပေါက်သွားတဲ့အသံ မဟုတ်ဘူးကွဲ့။ ဖောင့်ကို ကာရိုက်တာ လို့လည်း ခေါ်တယ်၊ အယ်လဖါဘက်လို့လည်း ခေါ်ချင်ရင် ခေါ်နိုင်တာပေါ့။ ဗမာလိုကတော့ အက္ခရာ ဒါမှမဟုတ် စာလုံး၊ ကွန်ပြူတာမှာ သုံးလို့ရတဲ့ စာလုံးလေ။
ရုံးမှာ အလုပ်လုပ်ကြတဲ့ သမီးတို့ကတော့ ပျော့သေးသေး စကားကိုသုံးပြီး စာတွေ ရိုက်နေကျ ဖြစ်ပေမယ့် ဒီစာလုံးတွေကို ကိုယ့်ဘာသာကိုယ် ဒီဇိုင်းအသစ် ထွင်ပြီး သုံးဖို့ စိတ်ကူးမိချင်မှ မိမယ်ပေါ့။ ကဲ-ဒါဆိုရင် ခုချိန်ကစပြီး တီထွင်ဖို့ စဉ်းစားပေတော့။
ဘယ်လိုလုပ်ရတယ်ဆိုတာ ဦးဦး တစ်ဆင့်ပြီး တစ်ဆင့်ပြောပြမယ်။ သြော် မေ့သွားတယ် ဆောရီးဘဲနော်၊ ဟို- ပျော့သေးသေး စကား ဆိုတာက Microsoft word ကို မြန်မာမှု ပြုထားတာကွဲ့။ မိုက်တယ် မဟုတ်လား။
ဖောင့်လက် Font Lab နဲ့ ဖောင့်လုပ်နည်း အဆင့်ဆင့်ကို ပြောမယ်-
၁။ မစ္စတာဘားမား ကိုဝင်းထွန်း အများသုံးဖို့ လုပ်ပြီး လှူတန်းခဲ့တဲ့ Wwin_Burmese ဖောင့်ကိုကူး ယူပြီး ဖိုလ်ဒါ အသစ်တစ်ခုထဲ ထည့်သိမ်းထားလိုက်-
၂။ Font Lab ပရိုဂရမ်ကို ဖွင့်
၃။ Font Lab ပရိုဂရမ်ထဲက Menu bar မှာရှိတဲ့ File ကိုသွား။ Open ကိုနှိပ်ပြီး ခုနက ဖိုလ်ဒါအသစ်ထဲ ထည့်သိမ်းထားတဲ့ ဖောင့်ကိုဖွင့်၊ ပုံ(၁) ကို တွေ့မယ်။
၎။ Wwin_Burmese ဖောင့်ထဲက စာလုံး အားလုံးကို တပြိုင်ထဲ ဒီဇိုင်းပြောင်းနိုင်ဖို့ Menu bar ပေါ်က Edit ကို သွားပြီး Select All လုပ်( တခြားနည်းနဲ့ Select All လုပ်ချင်လည်း လုပ်ပေါ့၊ ရပါတယ်) ပုံ(၂) မှာလို အားလုံး မဲသွားတာကိုတွေ့ရမယ်။
၅။ Menu bar ပေါ်က Tool ကိုသွား Action ကိုဝင်ပြီး Effects ထဲက ဒီဇိုင်း တခုခုကို ရွေး။ ပုံ(၃)ကို ကြည့်။
နမူနာအနေနဲ့ ဦးဦးက ဒီမှာ Parallel ကိုရွေးပြီး OK လိုက်တယ်။ တွေ့လား ပုံ(၄)မှာလို စာလုံးတွေ ဒီဇိုင်း ပြောင်းသွားပြီလေ။
ထင်ထင်ရှားရှားမြင်ရဖို့ စာလုံးတလုံးကို ဒဘယ်ခလစ် လုပ်ပြီးဖွင့်လိုက်။ နမူနာအဖြစ် ကကြီးကိုနှိပ်လိုက်တော့ ကကြီးဟာ နဂိုကလို မဟုတ်ဘဲ လိုင်းနှစ်ထပ် ဖြစ်သွားတာ ကိုတွေ့ရမယ်။ ပုံ (၅) ကို ကြည့်။ နဂိုပုံနဲ့ ယှဉ်ပြထားတယ်။ ကြည့်ပြီးရင် ဒီဖောင့်ကို အပေါ်ညာထောင့် က ကြက်ခြေခတ်ကို နှိပ်ပြီး ပြန်ပိတ်လိုက်။
၆။ ဒီအဆင့်မှာ အသစ်ရလာတဲ့ဖောင့်တွေကို နာမည်သစ် တစ်ခု ပေးပြီး Save လုပ်ထားလိုက်နော်။ ပြီးရင် File ထဲက Font Info ကိုသွား။ ပုံ (၆) မှာတော့ Font Info ထဲက Names and Copyright ကို ရွေးထားတယ်နော်။ ညာဘက်က Family name ထဲမှာ ကြိုက်တဲ့နာမည် ရိုက်ထည့်လိုက်။ ပြီးတော့ အောက်က Build Names ဆိုတဲ့ စိန်ခလုပ်လေးကို နှိပ်။ Apply ကို နှိပ်ပြီးမှ OK ကိုနှိပ်လိုက်။
ရ။ ဒါက နောက်ဆုံးအဆင့်လို့ ပြောနိုင်တယ်။ File ကိုသွား Generate Font ကိုရွေးလိုက်ရင် ပုံ(၇)ကို တွေ့မယ်။ အဲဒီမှာ ကြိုက်တဲ့ဖောင့်နာမည်ပေး။ ဒီမှာတော့ Test_ BURN_ လို့ နာမည်ပေးထားတယ်။ Save as Type မှာ Truetype/Opentype TT(*.ttf) ကိုရွေးပြီး Save ကိုနှိပ်လိုက်တဲ့အခါ ပုံ (၈) မှာလို Exporting True Type font ဆိုတာကိုတွေ့မယ်။
၈။ ခုရလာတဲ့ ဖောင့်ကို Font install လုပ်တဲ့နည်းနဲ့ Control panel ထဲသွင်းလိုက်ပြီးရင် ရုံးပေါ်ကသမီးတို့သုံးနေကြ ပျော့သေးသေး စကား မှာဘဲဖြစ်ဖြစ် အင်ဒီဇိုင်း၊ ဖိတ်မိတ်ကာ၊ ကိုရယ်ဒရော၊ ဖိုတိုရှော့ စတဲ့ ဂရပ်ဖစ်နဲ့ ဒက်စ်ထော့ဖ် ဖတ်ဘလစ်ကေးရှင်း ပရိုဂရမ်အားလုံးမှာ သုံးလို့ရပါပြီခင်ဗျား။
ပုံ(၉) မှာ နမူနာတချို့ ပြထားတယ်။ သိပ်တော့ မလှဘူး။ သမီးအချိန်ရတဲ့အခါ လှလှလေး စိတ်ကြိုက် လုပ်ကြည့်။ တချို့က တဆင့်ထဲလုပ်ရပြီး တချို့ကိုတော့ အဆင့်အများကြီး လုပ်မှ ရတယ်။ တကယ်တော့ ခုပြောပြလိုက်တာဟာ ဖောင့်ဒီဇိုင်း ပညာရဲ့ ပထမပိုင်းဘဲ ရှိသေးတယ်လို့ ဆိုရမယ်။ စက္ကူပေါ်ရေးထားတဲ့ စာလုံးဒီဇိုင်း လှလှလေးတွေကို ဖြစ်ဖြစ်၊ မဂ္ဂဇင်းတစ်အုပ်က ကော်ပီကူးလာတဲ့ စာလုံးလေးတွေကို ဖြစ်ဖြစ် ဖောင့်လုပ်ချင်ရင် ဘယ်လိုလုပ်မလဲ၊ စာတစ်လုံးစီကို ဘယ်လိုလုပ်မလဲ၊ ဖောင့်လုပ်တဲ့တခြား ပရိုဂရမ်တွေဟာ ဘာလဲ၊ ဘယ်လိုသုံးလဲ၊ ပရိုဂရမ်တွေထဲမှာပါတဲ့ Tool နဲ့ Effect တွေကို ဘယ်လိုသုံးလဲ။ နောက်ပြီး အင်တာနက်မှာ သုံးလို့ရအောင် ဘယ်လိုလုပ်ရမလဲ စသည်ဖြင့်ပေါ့။
ဒါတွေကိုသမီးတို့ ကိုယ့်ဘာသာကိုယ် ဆက်လေ့လာ လေ့ကျင့်သွားလို့ရအောင် ဒီဆောင်းပါးလေးကို မျှဝေပေးလိုက်တာ နော်- ကားနဲ့ဆက်သွားရမယ့်ခရီးမှာ ကားဂိတ်အရောက် ဆိုင်ကယ်အိုလေးနဲ့ လိုက်ပို့ပေးတဲ့ သဘောပါ။
သမီးတို့ရဲ့ ဦးဦး
အဂ္ဂ
ဆက်စပ်အကြောင်းအရာများ
TERMS AND CONDITIONS
We (The Age & The Sydney Morning Herald) invite you to post comments in a number of areas of the website (comments areas). These include but are not limited to 'Your Say' and in the comments sections of blogs published on the website.
When using the comments areas, you agree to be bound by the following terms and conditions.
If you think that a comment that has been posted is offensive, unsuitable or has in some other way breached these terms and conditions, please email us at readerlink@smh.com.au with a link to the comment and your reasons for objecting to it. We'll consider whether there are grounds for editing or removing the comment and take appropriate action, but you won't necessarily be contacted as to our decision.
Our rights
1. We retain the right and discretion (but not the obligation) to edit, delete, reject or remove any comment which you post or seek to post in the comments areas.
2. You grant us a non-exclusive, royalty-free, perpetual, worldwide licence to reproduce and deal with any material you submit to us by all means whatsoever (including, without limitation, in print and electronic format).
3. We retain the right and discretion to terminate your access to the comments areas if we believe you are abusing the services in any way, or have breached these terms and conditions.
Your obligations
5. You will not post any material in the comments areas:
(a) which is not original work in which you own the copyright, or which in any way violates or infringes (or could reasonably be expected to violate or infringe) the copyright, registered trademark or intellectual property rights of another person;
(b) which is (or could reasonably be expected to be) obscene, offensive, pornographic, vulgar, profane, indecent or otherwise illegal;