နောက်ဆုံးပြင်ဆင်ဖြည့်စွက်သည့်နေ့ - ၀၂ မေလ ၂၀၁၂
မူလစာမျက်နှာ|ချိုးလင်းပြာအကြောင်း|ဆက်သွယ်ရန်|BWU|

ရွေးကောက်ပွဲဝင်ရန် အစီအစဉ်ရှိကြောင်း ဒေါ်စုပြော

ချိုးလင်းပြာဘာသာပြန်သည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ်
မှတ်ပုံပြန်တင်ပြီးရင် လာမယ့် ပါလီမန်ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ရှိတဲ့အကြောင်း ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။

"ပါလီမန်ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ ကျမ မျှော်လင့်ပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က videoconference တခုမှာ ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ  နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးကို အားပေးဖို့ လာရောက်မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရင်ကလင်တန်ရဲ့ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အတွင်း   ကြာသာပတေးနေ့မှာ နှစ်ဦးတွေ့ဆုံဖို့ စီစဉ်ထားတာလည်း  ဖြစ်ပါတယ်။

"ကျမတို့ပါတီရဲ့ မှတ်ပုံတင်လွှာလက်ခံအတည်ပြုမယ် မပြုဘူးဆိုတာကို ကျမတို့ စောင့်နေပါတယ်။ မှတ်ပုံတင်လျှောက်လွှာကို လက်ခံမှပဲ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ ကျမတို့ အစီအစဉ်တွေ စလုပ်နိုင်မှာပါ" လို့ အမေရိကန်နိုင်ငံ နိုင်ငံခြားဆက်ဆံရေးကောင်စီက ပရိသတ်တွေကို  videoconferenceက တဆင့်  ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ပါလီမန်ရွေးကောက်ပွဲကို သပိတ်မှောက်ပြီးနောက် NLD ဟာ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်မယ်ဆိုတဲ့အကြောင်း ဒီလထဲမှာ ကြေညာခဲ့တာဖြစ်ပါတယ်။

အမတ် ၄၈ နေရာအတွက် ၀င်ပြိုင်နိုင်မှာ ဖြစ်ပေမဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဘယ်အချိန်ကျင်းပမလဲဆိုတာကိုတော့ ရက်သေချာမသတ်မှတ်ရသေးပါဘူး။

"ပါလီမန်ထဲမှာ ကျမတို့အဖွဲ့ဝင်တွေ ရှိခြင်းအားဖြင့် ကျမတို့ အခု လုပ်နေတာထက် ပိုပြီး အလုပ် နှစ်ဆ လုပ်နိုင်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ဟာ ပါလီမန်ပြင်ပက လှုပ်ရှားမှုတွေသာမက  ပါလီမန်အတွင်းက ကိစ္စတွေကိုလည်း လုပ်ဆောင်နိုင်မှာကြောင့် ဖြစ်ပါတယ်" လို့ ဒေါ်စုက ပြောခဲ့ပါတယ်။

နိုင်ငံတွင်းမှာ ဖြစ်နေတဲ့ တိုင်းရင်းသားပဋိပက္ခတွေမှာ အပစ်အခတ်ရပ်စဲဖို့အတွက် ပါတီက တိုက်တွန်းဖိအားပေးမှာ ဖြစ်သလို ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့နဲ့ တရားဥပဒေစိုးမိုးရေးရှိဖို့လည်း ဖိအားပေးလုပ်ဆောင်မှာဖြစ်တယ်လို့ သူမက ပြောသွားခဲ့ပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဟာ သူတို့လွတ်မြောက်လာပြီးတဲ့နောက်မှာ ထောင်ထဲပြန်ရောက်နိုင်တဲ့အတွက်ကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးကိစ္စကို အဓိက ဦးစားပေးထားပါတယ်။

ပရိသတ်တွေနဲ့ အမေးအဖြေကဏ္ဍမှာ "ရွေးကောက်ပွဲကျင်းပတဲ့အခါ ကျမ လုံးဝ ရွေးကောက်ပွဲဝင်မှာပါ" လို့ သူမရဲ့ ရည်ရွယ်ချက်ကို ပိုပြီးရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေ တစတစ လုပ်ဆောင်လာမှုကြောင့် စစ်တပ်စိုးမိုးထားတဲ့ အစိုးရက အမေရိကန်ရဲ့ ထောက်ခံမှုတွေကို လက်ခံရရှိတဲ့နေ့ တနေ့တည်းမှာပဲ NLD ရဲ့ ရွေးကောက်ပွဲသပိတ်မှောက်ရေးကို ရပ်တန့်ဖို့အတွက် ဆုံးဖြတ်ချက်လည်း ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမာက Air Force One လေယာဉ်ပေါ်ကနေ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံး တိုက်ရိုက်စကားပြောပြီးနောက်မှာ နှစ်ပေါင်း ၅၀ အတွင်းမှာ ဟီလာရီကလင်တန်ဟာ မြန်မာနိုင်ငံကို လာရောက်တဲ့ ပထမဆုံး နိုင်ငံခြားရေးဝန်ကြီးဖြစ်လာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

NLD ဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရဟာ NLD ပါတီကို လုံးဝ အာဏာမလွှဲပေးခဲ့ပါဘူး။ လှုပ်ရှားမှုကြီးတခုလုံးရဲ့ ပြယုဂ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အဲဒီအချိန်မှာ နေအိမ်အကျယ်ချုပ်ချခံခဲ့ရပါတယ်။

၉၀ ရွေးကောက်ပွဲနောက်ပိုင်း ပြုလုပ်တဲ့ နောက်ထပ် ရွေးကောက်ပွဲကိုလည်း ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလအထိ မကျင်းပနိုင်ခဲ့ပါဘူး။ အဲဒီရွေးကောက်ပွဲကိုလည်း အဓိကအားဖြင့် အကျဉ်းကျနေတဲ့ အဖွဲ့ဝင်တွေကို
ပါဝင်ခွင့် ပိတ်ပင်ထားတဲ့ စည်းမျဉ်းတွေရှိနေတဲ့အတွက်ကြောင့်လည်း NLD က သပိတ်မှောက်ဆန့်ကျင်ခဲ့ပါတယ်။ အဲဒီအချိန်က ဒေါ်အောင်ဆန်းကြည်ဟာလည်း နောက်ထပ် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပါတယ်။

အဲဒီရွေးကောက်ပွဲကို ရှက်စရာကောင်းတဲ့ ရွေးကောက်ပွဲအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ပြစ်တင်ရှုတ်ချခဲ့ပေမယ့်လည်း မြန်မာစစ်အစိုးရဟာ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ချရာကနေ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတာအပြင် အခြား အပြုသဘောဆောင် လုပ်ရပ်တချို့ကို လုပ်ဆောင်လာတဲ့ အရပ်သားအစိုးရပုံစံကို ပြောင်းလဲခဲ့ပါတယ်။

ကလင်တန်ရဲ့ခရီးစဉ်ဟာ စစ်အစိုးရကျောထောက်နောက်ခံ အစိုးရကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာဖို့ တွန်းအားပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

နိုင်ငံရေးအပြောင်းအလဲအပေါ် သူမရဲ့ သုံးသပ်ချက်နဲ့ပတ်သက်ပြီး မေးတဲ့အခါ "သတိရှိတဲ့ အကောင်းမြင်ဝါဒကို ကျမ အမြဲတမ်း ယုံကြည်တယ်" လို့ သူမပြောခဲ့ပါတယ်။

"အခက်အခဲကြားက လုပ်ဆောင်နိုင်ဖို့အတွက် ကျမတို့တွေ သေချာပြင်ဆင်မှုရှိရပါမယ်" လို့ သူမပြောပါတယ်။ "ပြီးခဲ့တဲ့
လအနည်းငယ်အတွင်းမှာ ပေါ်လာတဲ့ အခွင့်အလမ်းတွေကို ကျမတို့အနေနဲ့ အကောင်းဆုံးလုပ်ဆောင်ဖို့ရှိပါတယ်"

Source@ Bangkokpost

Print     


 

ဆက်စပ်အကြောင်းအရာများ

  1. မြန်မာ့အမျိုးသမီးသမဂ္ဂ ဥက္ကဌ နော်လေးဒီ ထိုင်းဒေသခံ အာဏာပိုင်များ ပေးအပ်သော စံပြခေါင်းဆောင်ဆုရရှိ
  2. မြန်မာ့နိုင်ငံရေး ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်အတွင်း အမျိုးသမီးများ ပါဝင်နိုင်ရေး ဆွေးနွေး
  3. ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရရှိရေး အမျိုးသမီးများ တောင်းဆို
  4. မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အသံမဲ့ (သို့မဟုတ်) ပုန်းကွယ်နေသော အရိပ်များ အစီရင်ခံစာ
  5. ဂါဇာမြို့မှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးပွဲတော်
  6. အမျိုးသမီး ၃ ဦး နိုဘယ်ဆု ချီးမြှင့်ခံရ
  7. ကိုယ်ဝန်ဖျက်ချခြင်းသည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာနှင့် မသက်ဆိုင်
  8. သြဇာတိက္ကမကြီးမားသည့် အမျိုးသမီးခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှု အမျိုးသမီးအဖွဲ့ချုပ်မှ ကြိုဆို
  9. ဟောလိဝုဒ်ရုပ်ရှင်များတွင် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာရုပ်ဝတ္ထုသဖွယ် ဖော်ပြနေကြောင်း လေ့လာတွေ့ရှိ
  10. လေယာဉ်ကွင်းအိမ်သာအတွင်းမှာ အမျိုးသမီးတဦး ကလေးမွေးဖွား
  11. စာသင်ကျောင်းများအတွင်း လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုအဖြစ်များ
  12. ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်တဲ့ အဖွားအိုတဦးကို တရုတ်အစိုးရက ဖမ်းဆီး
  13. မြောက်ကိုးရီးယားက အမျိုးသမီးများနဲ့ ကလေးငယ်များအတွက် စားနပ်ရိက္ခာကူညီဖို့ တောင်းဆို
  14. ကမ္ဘာ့လူဦးရေ သန်းပေါင်း ၇ ထောင်ပြည့်ပြီ
  15. ကွာတီမာလာနိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်ဖို့ ခြေလှမ်းစပြီ
  16. လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုအပေါ် ဥပဒေပြဌာန်းပေးဖို့ အမျိုးသမီးများတိုက်တွန်း
  17. ဗွီဒီယိုသတင်းထောက် မလှလှဝင်းလွတ်မြောက်ရေး မြန်မာသံရုံးရှေ့ဆန္ဒပြ
  18. ချစ်စရာကောင်းတဲ့ ပြိုင်ဘက်များ
  19. သမီးဖြစ်သူကို ဂုဏ်သိက္ခာအရသတ်မှုနဲ့ မိဘနှစ်ဦး အဖမ်းခံရ
  20. လိင်ပိုင်းဆိုင်ရာစော်ကားမှုကြောင့် အင်္ဂလန်သားတဦး ထောင်ကျ
  21. ကယ်လီဖိုးနီးယားက အမျိုးသမီးချင်း ချစ်သူတွေအတွက်ပြဌာန်းတဲ့ ပညာရေးဥပဒေသစ်
  22. အာဖရိက အငတ်ဘေးသင့်ဒေသတွေက အမျိုးသမီးများအတွက် UNFPA ကူညီ
  23. အဖေဖြစ်သူက ပစ်သတ်လိုက်လို့ အမွှာမွေးပြီးခါစ သမီးဖြစ်သူ သေဆုံး
  24. ကုလအမျိုးသမီးအဖွဲ့က အိပ်ခ်ျအိုင်ဗွီ အမျိုးသမီးတွေအတွက် ပိုမိုကူညီဖို့ဆုံးဖြတ်
  25. ကျေးလက်နဲ့ သစ်တော အမျိုးသမီးအလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် ဆန္ဒပြ
  26. အလုပ်သမားများအတွက် တုပ်ကွေးနှင့် ငှက်ဖျားရောဂါအကြောင်း စကားဝိုင်းပြုလုပ်
  27. ရွှေ့ပြောင်းအလုပ်သမားများ အမေများနေ့အမှတ်တရ စကားဝိုင်းပြုလုပ်
  28. ကျောင်းဖွင့်ချိန်အမှီ ကိုယ်ဝန်ဆောင်များ ဗိုက်ခွဲမွေးဖွားမှုနှုန်း မြင့်မား
  29. အမျိုးသမီးတွေရဲ့ဘ၀မြင့်မားဖို့ ရှေးရိုးစွဲ အတွေးအခေါ်တွေ ပယ်ဖျက်ဖို့လို
  30. အိမ်သာတန်းစီရတာဟာ ဒေလီမြို့ ဆင်ခြေဖုံးရပ်ကွက်က အမျိုးသမီးတွေရဲ့ နေ့စဉ်အလုပ် ဖြစ်လာပြီ
  31. ဖိနှိပ်မှုတွေကို ခေါင်းငုံခံနေရင် အမြဲတမ်း အခွင့်အရေးချိုးဖောက်ခံရမယ်လို့ အလုပ်သမားများ ပြောဆို
  32. နယူးယောက်မြို့ ကျောင်းသင်ရိုးညွှန်းတမ်းမှာ လိင်ပညာပေး သင်ခန်းစာ ထည့်သွင်းတော့မည်
  33. စစ်ရေတပ်ကို အုပ်ချုပ်ဖို့အတွက် အရွေးခံရတဲ့ ပထမဆုံး အမျိုးသမီး
  34. တူနီးရှားရွေးကောက်ပွဲ ဥပဒေက အမျိုးသမီးတန်းတူရေးအတွက် အခွင့်အလမ်းပေးပြီ
  35. ကျောင်းဝင်းထဲက လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေကို စုံစမ်းစစ်ဆေးမှုအပေါ် အငြင်းအခုန်ဖြစ်နေ
  36. WLB မှ ပြည်တွင်းတွင်ဖြန့်ဝေသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးပို့စကဒ်
  37. ဂုဏ်သိက္ခာရှိရှိ ကွာရှင်းပွဲတခု
  38. ဘရာဇီးနိုင်ငံအနှံ့ အမျိုးသမီးရေးဆန္ဒပြ
  39. ဘန်ကောက်-မဲဆောက်ပြေး ဘက်စ်ကားပေါ်တွင်
    ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးငယ် တစ်ယောက် ထူးဆန်းစွာသေဆုံး
  40. ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်
  41. နေအိမ်အကျယ်ချုပ်ကလွတ်မြောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နေပြီလဲ
  42. မြန်မာ့အမျိုးသမီးသမဂ္ဂမှ ၂၀၁၁ - ၂၀၁၂ အတွက် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲနှင့် ဆဋ္ဌမအကြိမ်ညီလာခံ ကျင်းပပြီးစီး
  43. ဘိန်းစိုက်ပျိုးမှု တိုးမြင့်လာနေသော ပလောင်တောင်တန်းဒေသ
  44. ချိုးလင်းပြာ သဘင်နှင့် အမျိုးသမီးလူရွင်တော်များကို ပရိတ်သတ် အထူးနှစ်ခြိုက်

    1.  

      ထင်မြင်ချက်များ

      Name:(Required)

      Email:(Required)

      Comment:(Required)



      Web Site Terms & Conditions Are you agree ?

      TERMS AND CONDITIONS
      We (The Age & The Sydney Morning Herald) invite you to post comments in a number of areas of the website (comments areas). These include but are not limited to 'Your Say' and in the comments sections of blogs published on the website.
      When using the comments areas, you agree to be bound by the following terms and conditions.
      If you think that a comment that has been posted is offensive, unsuitable or has in some other way breached these terms and conditions, please email us at readerlink@smh.com.au with a link to the comment and your reasons for objecting to it. We'll consider whether there are grounds for editing or removing the comment and take appropriate action, but you won't necessarily be contacted as to our decision.
      Our rights
      1. We retain the right and discretion (but not the obligation) to edit, delete, reject or remove any comment which you post or seek to post in the comments areas.
      2. You grant us a non-exclusive, royalty-free, perpetual, worldwide licence to reproduce and deal with any material you submit to us by all means whatsoever (including, without limitation, in print and electronic format).
      3. We retain the right and discretion to terminate your access to the comments areas if we believe you are abusing the services in any way, or have breached these terms and conditions.
      Your obligations
      5. You will not post any material in the comments areas:
      (a) which is not original work in which you own the copyright, or which in any way violates or infringes (or could reasonably be expected to violate or infringe) the copyright, registered trademark or intellectual property rights of another person;
      (b) which is (or could reasonably be expected to be) obscene, offensive, pornographic, vulgar, profane, indecent or otherwise illegal;