ဓလေ့ထုံးစံများနှင့် ကျမ
မေခင်
(၁)
ဓလေ့ထုံးစံများသည် ကျမကို တခါတရံ လွန်စွာ စိတ်အနှောက်အယှက် ပေးပြီး တချိန်ထဲမှာပဲ ကျမဘ၀ကို လုံခြုံစွာ ထွေးပိုက်လေသည်။
(၂)
ဤအသိုက် အ၀န်းထဲသို့ ဘ၀တစ်ခုလုံး မြှုပ်နှံတော့မယ်လို့ သေသေချာချာ ဆုံးဖြတ်ချက် မကျမီပင် ကျမ၀င်ရောက်ပြီး ဖြစ်နေလေသည်။ ကျမ အခက်အခဲဆုံး ကျော်ဖြတ်ခဲ့ရသည်ကတော့ ဖေဖေရဲ့ "သမီး စိတ်တိုင်းကျ ဆုံးဖြတ်ပြီးရင်တော့ သမီးသဘောပါပဲ၊ ဒါပေမဲ့ မိသားစု တစ်ခုလုံးအတွက် သမီးကြည့်စေချင်တယ်။ ဆွေမျိုးအသိုင်းအ၀ိုင်း မရှိတော့ဘူးလို့ဘဲ သဘောထားပါ၊ သမီးဖြစ်ချင်တဲ့ ဆန္ဒ ပြီးမြောက်မှ ပြန်လာခဲ့ပါ" ဆိုသည့် စကားပင် ဖြစ်လေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးက မာကျောကျော ဂျွတ်ဆပ်ဆပ်လို့ သတ်မှတ်ခံရတဲ့ ကျမ အခုလည်း သူတို့ စကားကို သူတို့ အတည်ပြုနိုင်စေခဲ့ပါသည်။
ဖေဖေ မျှော်လင့်ပြီး ဆုံးမစကားထဲက ရှေ့တွေ့ရမယ့် အခက်အခဲ၊ ကျမ မျှော်လင့်ထားခဲ့သော အခက်အခဲဆိုတာ တော်တော်ပင် လွဲခဲ့ပါသည်။ မျှော်လင့်ထားသည့် အခက်အခဲထက် မမျှော်မှန်းခဲ့သည့် အခက်အခဲတွေသာ ဖြတ်ကျော်လာရတဲ့ ကျမအတွက်၊ ဒီအခက်အခဲတွေကပဲ ကျမအတွက် တည်ဆောက်မှုတွေ ဖြစ်ရသလို၊ ကျမဘ၀အတွက်လည်း မပျက်နိုင်တဲ့ အင်အားများသာ ဖြစ်ခဲ့လေသည်။
အခြေခံ လူ့အခွင့်အရေး၊ လူမျိုးစု အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ ကလေးအခွင့်အရေး စသည့် စကားလုံးများကို နှစ်သက် လိုလားစွာ ရွတ်ဆိုနေကြသည့် အသိုင်းအ၀ိုင်းမှာ အနေကြာသလိုပင် ကိုယ်ကပင် လွတ်လပ်မှုကို မြတ်နိုးတတ်သည့် စိတ်အခြေခံဖြင့် ရင်ထဲအထိပင် စူးဝင်နေမိသည့် အချိန်မှာပင် ထိတ်လန့်ဖွယ်ရာ ကျမ ယုံကြည်သည့် အခွင့်အရေး (ဆိုကြပါစို့ အမျိုးသမီးအခွင့်အရေး) ဟာ အတော် ဝေးကွာနေသေးကြောင်း တွေ့လိုက်သည်။ ကျမ နားမလည်သည်မှာ လူ၏ အဓိပ္ပါယ် ဆိုသည်မှာ အမျိုးသားများ အတွက်သာ သီးသန့် ရေးထားကြသည်လား။ လိင်အရ အားလုံးနှင့် သက်ဆိုင်သည်ဟု ဆိုပါလျှင် အမျိုးသမီး အခွင့်အရေး အတွက်တောင် သီးသန့် တောင်းဆိုစရာ လိုမည်မထင်ပေ။ သို့ပေမယ့် လူ့အခွင့်အရေးကို ကျယ်ကျယ်လောင်လောင် တောင်းဆိုနေသည့် ပတ်ဝန်းကျင်မှာပင် ကျမတို့အတွက် လုပ်ဆောင်စရာတွေ အတော် များနေသေးကြောင်း တွေ့လိုက်သည်။ (ကျမတို့မှာ အားနွဲ့သူတွေ အနေနဲ့ အလိုလိုက်ခံနေရရုံနဲ့ အခွင့်အရေး ရပြီလို့ ဆိုနိုင်ပါသလား။ ဒီအတွက်ပင် ကျမ စိတ်ဓါတ်ကျဆင်းမတတ် ဖြစ်ခဲ့ရဖူးပါသည်။)
(၃)
ကျမသည် လွယ်လွယ်နှင့် အလျှော့ပေးတတ်သူတော့ မဟုတ်ပေ။ အမှားဟု မိမိကိုယ်တိုင် မခံယူသေးသမျှ နောင်တလည်း ရမည့်သူ ဘယ်တော့မှ ဖြစ်မှာ မဟုတ်တာ သေချာပါသည်။ လူ့အခွင့်အရေးဟု ကျယ်ကျယ်လောင်လောင် ဟစ်ကြွေးနေကြတဲ့ ဒီအသိုင်းအ၀ိုင်းထဲမှာပင်၊ ကျမ လူ့အခွင့်အရေး ချိုးဖောက်ခံရသည်ဟု အကြိမ်ကြိမ် ခံစားနေရဖူးသည်။ ပါးစပ်ဟရင် အသံထွက်သည်ဆိုတဲ့ လောကအသိုင်းအ၀ိုင်း ကြားမှာ ပါးစပ်တွေကြောင့် အလူးအလဲ ခံစားခဲ့ဖူးပါသည်။ ကျမက ပြောခဲ့ဖူးသလိုပါပဲ၊ ကိုယ်မှန်တယ် ထင်ရာ ကိုယ်လုပ်နေတော့ ကျမရဲ့ အခြေအနေတွေက ဓလေ့ထုံးစံတွေရဲ့ အလယ်မှာ ပြောစရာတွေ ဖြစ်ခဲ့ပါတယ်။
ငယ်ရွယ်သူ မိန်းမပျိုအနေနဲ့ ညဥ့်နက် သန်းခေါင် အချိန်တွေ သုံးပြီး အလုပ်တွေ လုပ်ခဲ့ရတာ၊ ဆွေးနွေးခဲ့ရတာ၊ အားလုံး မိန်းမ ယောက်ျားမရွေး အတူအိပ်ခဲ့ရတာ၊ ပေါင်းစပ်ပြီး၊ မကောင်းတဲ့ အဖြစ်လို့ အပြောခံခဲ့ရတာ၊ အချောင်ရနိုင်တဲ့ မိန်းကလေးလို့ စွပ်စွဲခံရတာဟာ မိမိ ဂရုမစိုက်၊ ဖြေရှင်းစရာ ကိစ္စလို့ မထင်ပေမယ့် ဓလေ့ထုံးစံတွေ ကိစ္စကြောင့်လို့ဘဲ မိန်းမအချင်းချင်းက တီးတိုး တီးတိုး သဖန်းပိုး အလုပ်ခံရတာ အံ့သြခဲ့ရတာပဲ၊ မိန်းမတစ်ယောက် အဖျက်ဆီး ခံရသည်ဖြစ်စေ၊ ဖျားယောင်း သိမ်းသွင်း ခံရသည် ဖြစ်စေ၊ အပျိုစင်ဘ၀ မရှိတော့တာနဲ့ လူ့အသိုင်းအ၀ိုင်းကြားမှာ သိက္ခာရှိစွာ နေထိုင်နိုင်ခွင့် မရှိတော့ဘူးလား။ မိန်းမတစ်ယောက်အတွက် နေ၀င်သွားပြီလား၊ သူ့ရဲ့ တန်ဖိုး လုပ်အားရော ကုန်သွားပြီလား၊ လူမှု အသိုင်းအ၀ိုင်းမှာရော၊ ဦးဆောင်ဦးရွက် တာဝန်တွေ မယူနိုင်တော့ပြီလား။
ကျမသည် ဒီမေးခွန်းတွေ များစွာကို အငြင်းဝါကျနှင့်ပင် အာသာ ဖြေမိတတ်လေသည်။ တခါတရံ လူအများ၏ ကြင်နာသနားမှုကလည်း၊ လွန်စွာပင် ရယ်စရာ ဖြစ်နေတတ်ပါသည်။ မိမိ နေထိုင် လုပ်ကိုင်ပုံနှင့် ပတ်သက်၍ သန့်ရှင်းသော စိတ်နဲ့ပင် အများက မဟုတ်မဟတ် ထင်ပေမယ့် တွေ့ကြုံခဲ့ရသည့် အခြေအနေများနှင့် အများက ကိုယ့်ကို အမျိုးမျိုး အပုတ်ချခံခဲ့ရကြောင်းကို မကွယ်ဝှက်ချေ။ သို့သော် ကျမ နောက်ကွယ်ရာမှာ ကျမကို သနားလှချည်ရဲ့လို့ ပြောဆိုကြပြီး ကျမရဲ့ အရပ်ထဲက အပုတ်ချခဲ့ရခြင်း အကြောင်းကိုပင် အမှန်တရားလို့ သတ်မှတ်သလို ဖြစ်ခဲ့ရတာ အမှန်ပင် ကြင်နာမှုလား၊ ထိုအခါ ကျမ၏ ဇာတ်ကြောင်းသည် အမှန်တကယ် လွမ်းမောဖွယ် မဟုတ်ပါပဲနှင့် လွန်စွာ နားထောင်ကောင်းသည့် အလွမ်း ၀တ္ထုကလေးများ ဖြစ်သွားလေသည်။ တခါတရံ ကျမကိုယ်တိုင်ပင် မသိသည့် ကျမ၏ ဘ၀အကြောင်းကလေးများမှာ လွန်စွာပင် သနားစရာကောင်းသောကြောင့် ကျမပင် ဘုမသိ ဘမသိ လွမ်းမိတတ်သည်၊ အခု ပြန်တွေးပါက အခုပင် လွမ်းလောက်လေသည်။
(၄)
အဖိုး တခါ ပြောဖူးသလို နင်ဟာ ဘယ်တော့မှ သူများတွေ တွေးသလို တည့်တည့် မတွေးတတ်ဘူးလား။ နင့်ကို အရမ်း သနားတာပဲဟု ပြောသူများကို အတော်ပင် စိတ်ဆိုးလေသည်။ မိန်းကလေး တစ်ယောက် မာနဖြင့် ကိုယ့်တာဝန် ကိုယ်ထမ်းနေတာကို သနားစရာလို့ မြင်ကြရင် လောကကြီးမှာ သနားစရာ ကိစ္စများ အတော်ပင် ပေါများပေမည်။ သနားတာကို မက်မောတွယ်တာ တတ်သူများ အားငယ်တတ်လာပြီး အရည်အသွေးပါ ကျဆင်းတတ်တာ ပို၍ မြင်လာမိသည်။ သနားသည့် ကိစ္စမပါပဲနှင့် လူမှုရေး ကိစ္စတစ်ခု ဆောင်ရွက်သလို တကယ်လိုအပ်သော အကူအညီပေးသူများကို အမှန်ပင် ကျေးဇူးတင်ပါသည်။
ဤသို့ဖြင့်ပင် ကျမ၏ အသိုက်အ၀န်းသစ်သည် ခေတ်သစ် လူ့အဖွဲ့အစည်းဖြစ်အောင် လုပ်နေကြသူများ ဖြစ်သော်လည်း မလိုသည့် ဓလေ့ထုံးစံအချို့ကို ဖက်တွယ်ဆဲ ဖြစ်သည်ကို ကျမ စိတ်ရှုပ်စွာ သိလိုက်ရသည်။ ထို့ကြောင့် ဤအသိုက်အ၀န်းသည် ပျော်ရွှင်ဖွယ်၊ စိတ်ညစ်ဖွယ်၊ အားတက်ဖွယ်ဖြင့် ရောထွေးနေတော့သည်။ ထိုအသိုက်အ၀န်းကြောင့်ပင် ကျမအတွက် အတိုင်းအတာ တခုအထိ ပိုမို ရင့်ကျက်လာစေခဲ့သည်။ မိမိမျှော်လင့်သည့် လူ့အဖွဲ့အစည်းသစ် တစ်ခု တနေ့ မိမိနှင့် ဆန္ဒတူညီသူများ စုပေါင်း ကြိုးစားရင်းဖြင့် တနေ့ အကောင်အထည် ပေါ်လာမည်ဟု ယုံကြည်မိလေသည်။
(၅)
တခါတရံမှာတော့ မြန်မာ့ဓလေ့ထုံးစံများနှင့် ကျမ အသိုက်အ၀န်းသည် ကျမ၏ ဂုဏ်သိက္ခာနှင့် ဘ၀ကို အကာအကွယ် ပေးတတ်ပြန်လေသည်။ ရည်ရွယ်ချက် ကြီးမားသော။ စွန့်လွှတ်တတ်ကြသော တော်ထဲတောင်ထဲတွင် ဆယ်စုနှစ် တစ်ခုကျော် ဒုက္ခတွေနှင့် နပန်းလုံးနေကြရသော ကျမ၏ အသိုက်အ၀န်းသည် ကျမတို့၏ ဓလေ့ထုံးစံများကြောင့် အတော်ပင် နှစ်လိုဖွယ် ဖြစ်နေပြန်သည်။ မည်မျှပင် ဒုက္ခတွေနှင့် ရင်ဆိုင်နေရသည့် အချိန်အခါမဆို၊ အမျိုးသမီးများအတွက် သတ်မှတ်ပေးထားသော စည်းခြားခွင့်၊ လွတ်လပ်ခွင့်၊ ဖြစ်နိုင်သည်အထိ သက်တောင့်သက်သာ ရှိနေခွင့်များ ကျမအပါအ၀င် အမျိုးသမီးများတွက် တန်ဖိုးမဖြတ်နိုင်သည့် အရေးထားခံရမှုများပင် ဖြစ်သည်။
ကျမတို့၏ မြန်မာ့ဓလေ့ ထုံးစံအချို့သည် အမျိုးသမီးများကို အတော်ပင် ဦးစားပေးသည်မှာ၊ ချစ်စရာအတော်ပင် ကောင်းပေသည်။ သို့သော် အချို့သော ကိစ္စများအတွက်မူ ဓလေ့ထုံးစံတို့သည် ကျမအတွက် အတော်ပင် ကသိကအောင့် နိုင်လှသည်။ ကျမ၏ အသိုင်းအ၀န်းသည် ရပ်ထဲရွာထဲက သာမန် အရပ်သားတွေလိုပင် အရွယ်ရောက်ပြီးသူ မိန်းမများကို အိမ်ထောင်ချပေးလိုသော ဆန္ဒ ရှိကြသည်။ ကျမအနေဖြင့် အသက် (၂၅)နှစ် ကျော်လို့ (၃၀)ကြား ရောက်နေသော်လည်း အိမ်ထောင်မှု တစ်ခုကို တာဝန်တစ်ခု အနေဖြင့် လုပ်စရာဟု မမြင်ပေ။ အဖေကိုယ်တိုင် ပြောလျှင်သော်မှ ခေါင်းမာမည့်သူ ဖြစ်ပေသည်။
ဘ၀ကို သက်တောင့်သက်သာ လျှောက်နိုင်မှု၊ အဆင်ပြေစွာ နေထိုင်မှုတို့နှင့် အိမ်ထောင်ပြုမှုသည်၊ မည်သို့မျှ မသက်ဆိုင်ဟု ခံယူထားသော ကျမအတွက်မူ အတော်ပင် ဂွကျသော စေတနာများပင် ဖြစ်လေသည်။ ကျမဘေးရှိ မိန်းကလေး အတော်များများကမူ မြန်မာ့ယဉ်ကျေးမှုနှင့် အညီ သို့မဟုတ် ညီအောင်ညှိ၍ နေထိုင် တတ်သူများ ဖြစ်ကြလေသည်။
ကျမက ဤသို့သော မိန်းမ မဟုတ်သည်ကိုမူ ၀န်ခံရပေမည်။ ပြောလိုသော်လည်း မပြောပဲ၊ ပြောပြန်ရင်လည်း နှုတ်ချိုချိုနှင့် အများ လက်ခံချင်အောင် မပြောတတ်သည်က ကျမ၏ မွေးရာပါ အကျင့်ပင် ဖြစ်လေသည်။ လိုအပ်သည်လို့လည်း တခါမျှ မထင်မိပေ။ မိမိကို ကြက်ခေါင်းဆိပ်မခံ တဇွတ်ထိုးသမားဟု သတ်မှတ်ခံရမှန်း သိပေမယ့် အများ လက်ခံအောင် ဗီဇကို တခါမျှပင် မပြင်မိခဲ့ချေ။ ဤသို့ဖြင့် ကျမသည်၊ ခေါင်းကြောမာသော၊ အမျိုးသားများနှင့် အဖွဲ့ကျသော၊ အမျိုးသမီး မိတ်ဆွေနည်းသောသူ တဖြည်းဖြည်း ဖြစ်လာခဲ့ရသည်။
(၆)
ကျမကို ချစ်ရေးဆိုသူများ မရှိမဟုတ်၊ ရှိခဲ့ပါသည်။ ကျမကတော့ မူလည်းမနေ၊ တခါတည်းပင် ပြတ်သားစွာ စာရင်း ရှင်းတတ်သူတည်း။ ကျမ ပြန်လည် မတုံ့ပြန်နိုင်ကြောင်း တည်ငြိမ်စွာပင် ပြောခဲ့သည်ပင်။ ထို့ကြောင့် ထိုထိုသော အမျိုးသားများနှင့် အခင်မင်မပျက် မူမပျက် ဆက်ဆံနိုင်ခဲ့သည်။ ဤသည်ကပင် ကျမကို မိန်းမအချင်းချင်းပင် နားမလည်နိုင် ဖြစ်စေပြန်သည်။ ချစ်စကားပြောသူများနှင့် ဆက်လက်သူငယ်ချင်း မဖြစ်ရဘူးလား။ ထိုထိုသော သူများနှင့် ခပ်ခွာခွာမနေပဲ ပုံမှန်ဆက်ဆံသည်ကို ကြိုးရှည်ရှည်နှင့် လှန်ထားသည်ဟု မြင်ရသည့် ထုံးစံက ထိုထိုသော အမျိုးသားများအား အားနာစရာပင် ဖြစ်သည်ဟု ကျမ မယောင်ရာ ဆီလူးသူမျိုး ဖြစ်သည်။ ကျမအတွက်တော့ ရိုးနေပြီမို့ အတော်ပင် အကျင့်သား ရနေပေပြီ။
ထိုထိုသော ချစ်ရေးဆိုသည့် လူမျိုးများထဲမှ ကျမ စိတ်အပျက်ဆုံး လူတွေရှိပါသည်။ ထိုသူများကတော့ ကျမကို သနားသလိုလို၊ ကူညီချင်သလိုလို ပြောလာသူများပင်။ ထိုသို့သော သူတွေ ကြားထဲမှ သူနဲ့ ပတ်သက်ခဲ့ရသည်။ မည်သည့် အချိန်အခါကဟု ကျမတိကျစွာ မပြောနိုင်သော်လည်း သူနှင့်ကျမ အချိန် စောစောကပင် တစ်ဦးနှင့်တစ်ဦး အကဲခတ်မိကြသည် ထင်သည်။ ကျမ တွေးကြည့်မိသည့်အခါ သူသည် တခါမျှပင် ကျမအား ချီးမွမ်းပြောဆိုဖူးသည် မရှိခဲ့ချေ။
ကျမအား စွဲလမ်းစွာ စိုက်ကြည့်ခြင်း၊ ကျမရှိရာ နေရာသို့ အကြောင်းမရှိ အကြောင်းရှာ၍ အခါအားလျော်စွာ လေးတောင်မှ ရောက်လာခြင်း မရှိခဲ့ချေ။ မလိုအပ်ပါပဲ ၀ိုင်းဝန်းကူညီခြင်းလည်း မရှိခဲ့ဖူးချေ။ မိမိကို ပြောခဲ့သော စကားများသည်လည်း ကျမ၏ အကောင်းများထက် အဆိုးများကိုသာ ပုံဖော်ပြောတတ်သူဟုပင် စွပ်စွဲရနိုင်၏။ ဤသို့သော သူက ချစ်ခွင့်ပန်သော အခါတွင်မူ ကျမ ခေါင်းညိတ်မိလေသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် သူ့ကိုယ်သူ ကယ်တင်ရှင် တစ်ယောက်ဟု မမြင်တတ်သူ ဖြစ်သောကြောင့် ဖြစ်လေမည်။ ထိုအခါမှပင် ကျမ သူ့ကို တကယ် လေ့လာဖြစ်ခဲ့လေသည်။
(၇)
သူနှင့် လက်ထပ်ပြီး နောင်နှစ် အနည်းငယ် ကြာသောအခါတွင် ကျမ ပြောစရာရှိလာဦးမည် ဖြစ်သည်။ အဲဒီအကြောင်းက ကျမ၏ ခေါင်းပေါ်တွင် ကျမ၏ အချစ်နှင့် ဗီဇတို့ ချစ်ခင်စွာ ရန်ဖြစ်နေခြင်း အကြောင်းများပဲ ဖြစ်ပေလိမ့်မည်။ ဓလေ့ထုံးစံ အချို့တို့မှာ ကျမကို အကာအကွယ် ပေးသည့် နည်းတူ တပြိုင်နက်တည်းမှာပင် ကျမကို စိတ်အနှောက်အယှက်များ ဖြစ်စေလေသည်။

ဆက်စပ်အကြောင်းအရာများ
TERMS AND CONDITIONS
We (The Age & The Sydney Morning Herald) invite you to post comments in a number of areas of the website (comments areas). These include but are not limited to 'Your Say' and in the comments sections of blogs published on the website.
When using the comments areas, you agree to be bound by the following terms and conditions.
If you think that a comment that has been posted is offensive, unsuitable or has in some other way breached these terms and conditions, please email us at readerlink@smh.com.au with a link to the comment and your reasons for objecting to it. We'll consider whether there are grounds for editing or removing the comment and take appropriate action, but you won't necessarily be contacted as to our decision.
Our rights
1. We retain the right and discretion (but not the obligation) to edit, delete, reject or remove any comment which you post or seek to post in the comments areas.
2. You grant us a non-exclusive, royalty-free, perpetual, worldwide licence to reproduce and deal with any material you submit to us by all means whatsoever (including, without limitation, in print and electronic format).
3. We retain the right and discretion to terminate your access to the comments areas if we believe you are abusing the services in any way, or have breached these terms and conditions.
Your obligations
5. You will not post any material in the comments areas:
(a) which is not original work in which you own the copyright, or which in any way violates or infringes (or could reasonably be expected to violate or infringe) the copyright, registered trademark or intellectual property rights of another person;
(b) which is (or could reasonably be expected to be) obscene, offensive, pornographic, vulgar, profane, indecent or otherwise illegal;