နောက်ဆုံးပြင်ဆင်ဖြည့်စွက်သည့်နေ့ - ၀၂ မေလ ၂၀၁၂
မူလစာမျက်နှာ|ချိုးလင်းပြာအကြောင်း|ဆက်သွယ်ရန်|BWU|

မိန်းမခရီးသည် - ၂

ပါရဂူ
အမျိုးသမီးများနှင့် ပတ်သက်လျှင် ယောက်ျားများသာမက သဘာဝကလည်း ရက်စက်သည်။ ကရုဏာ ခေါင်းပါးသည်။ သဘာဝသည် အမျိုးသမီးများအား ယောက်ျားများက ပြုလုပ်သည်ထက် ပို၍ အခက်အခဲဖြစ်အောင် ပြုလုပ် ဖန်တီးသည်။

ကိုယ်ဝန်ဆောင်ရသည့် အလုပ်သည် ယင်းကဲ့သို့သော အခက်အခဲများထဲက တစ်ခုဖြစ်သည်။ ယင်းသို့ ပြုလုပ်ခြင်းသည် အဆင့်တန်း မြင့်သော စံနမူနာတစ်ခု မဟုတ်ပေ။ သို့ရာတွင် အကယ်၍ လက်ထပ် ထိမ်းမြားခြင်း တည်းဟူသော အနှောင်အဖွဲ့မျိုး မရှိလျှင် သားသမီး မွေးမြူကြည့်ရှုရာ၌ ယောက်ျားများအနေနှင့် ယခု ဓနအင်အား၊ ကာယအင်အားဖြင့် တတပ်တအား ကူညီခြင်းမျိုး မလုပ်တော့ဘဲ ပေါက်လွှတ်ပဲစား နေမည်ဆိုပါက သားသမီး မွေးမြူရေးသည် မိန်းမများ၏ ပုခုံးပေါ်တွင် တာဝန်အားလုံး ပုံကျနေပေလိမ့်မည်။

ထိုအချိန်မျိုး၌ မိန်းမများ၏ မိခင်အဖြစ်ကို ငြင်းပယ်ရင်လည်း ငြင်းပယ်ကြပေလိမ့်မည်။ သို့မဟုတ်ပါကလည်း တာဝန်ဟူသမျှကို အားလုံး သိမ်းကျုံး ယူရပေလိမ့်မည်။ ယင်းအဖြစ်မျိုးသည် အမျိုးသမီးများနှင့် ပတ်သက်၍ သဘာဝတရား၏ မတရားပြုမူချက် ဖြစ်သည်။ သို့ရာတွင် သဘာဝသည် လူသားအပေါ်တွင် မည်သည့်အခါက ပွင့်ပွင့်လင်းလင်း ကရုဏာ ပြခဲ့သနည်း။ လူသားသည် သဘာဝ၏ အဟန့်အတားများ ရှိနေသည့် ကြားထဲက သဘာဝအပေါ်တွင် အနိုင်ရရှိအောင် ကြိုးစား အားထုတ်သည်။

အမျိုးသမီးများ ခရီးလှည့်လည် သွားလာခြင်း၌ ဖြစ်ပေါ်လာသော အခက်အခဲများသည် လူတို့ပြုလုပ်သော အဟန့်အတား ထောင်ပေါင်းများစွာ မျှသာ မကဘဲ သဘာဝ၏ အကြင်နာမဲ့မှု ကလည်း အမျိုးသမီးများအား ခရီးလှည့်လည် မသွားနိုင်အောင် ပြုလုပ် ဖန်တီးထားသော အဟန့်အတားများကြောင့် လူသားသည် သဘာဝ၏ ရှေ့မှောက်တွင် ဒူးထောက်ရမည်ဟု မဆိုလိုပေ။ ယင်းသို့အားဖြင့် ခရီးလှည့်လည် သွားလာခြင်း ကျင့်စဉ်ကို ကျင့်ကြံ အားထုတ်ချိန်၌ အမျိုးသမီးများသည် လေးလေးနက်နက် စဉ်းစားဆင်ခြင်လျှက် မြဲမြံခိုင်ခန့်သော လုံ့လ၀ိရိယဖြင့် ယင်းလမ်းမ၌ ခြေချသင့်သည်။ တစ်ကြိမ် ခြေချလိုက်သည်နှင့် နောက်ပြန်ဆုတ်ဖို့ စဉ်းစား၍ ရတော့မည် မဟုတ်ပေ။ ခရီးလှည့်လည် သွားလာသူ မိန်းမ၊ ယောက်ျား နှစ်ဦးလုံးအတွက် ရှိသင့်အပ်သော အရည်အချင်းများမှာမူ များသောအားဖြင့် တစ်ခုတည်းပင် ဖြစ်သည်။

အမျိုးသမီးများ အနည်းဆုံး (18) နှစ်အထိ အရွယ်သည် ပညာသင်ကြားချိန်နှင့် ခရီးအတွက် ပြင်ဆင်ထားချိန် ဖြစ်သည်။ အမျိုးသမီးများ အတွက်လည်း အသက် (20) ကျော်တွင် ခရီးလှည့်လည်လျှင် အဆင်ပြေလိမ့်မည်။ အတတ်ပညာနှင့် အခြား ပြင်ဆင်စရာများမှာ နှစ်ဦးလုံးအတွက် တမျိုးတည်းလိုလို ဖြစ်နိုင်သည်။ သို့ရာတွင် အမျိုးသမီးများသည် ဆေးဝါးကုသမှု၌ ထူးခြားသော အရည်အချင်း ရရှိထားပါက (၀ါ) ဆရာဝန်၊ ဆေးဆရာအဖြစ်နှင့် စွန့်စွန့်စားစား ခရီးထွက်မည် ဆိုပါက ထိုအမျိုးသမီးသည် ထူးထူးခြားခြား အောင်မြင်မှု ရရှိပေလိမ့်မည်။ ယင်းကဲ့သို့သော အမျိုးသမီးသည် ခရီးလှည့်လည်သွားလာရင်း လူပေါင်းများစွာကို အထူး ကျေးဇူးပြုနိုင်ပေသည်။ အကယ်၍ အမျိုးသမီးများသည် သုံးယောက်လောက် ပူးပေါင်းပြီး ပထမဦးဆုံး ခရီးကို စကြမည်ဆိုလျှင် အဆင်ပြေမှု အမျိုးမျိုး ရှိလာပေလိမ့်မည်။

အဘယ်ကြောင့် သုံးယောက်ဟူ၍ ပြောသနည်း။ နှစ်ယောက် အရေအတွက်သည် မလုံလောက်ပေ။ တစ်ယောက်နှင့် တစ်ယောက် စိတ်သဘောထား ကွဲပြားနေပါက အကျိုးလိုလားသော ကြားနေတစ်ယောက် ရှိဖို့ လိုအပ်သည်။ သုံးယောက်ထဲက ကြားနေတစ်ယောက် ရှိလာနိုင်သည်။ သုံးယောက်ထက် ပိုသော အရေအတွက်သည် အစုအဝေး ဖြစ်လာနိုင်သည်။ ခရီးလှည့်လည် သွားလာခြင်းနှင့် အုပ်စုဖွဲ့ပြီး သွားခြင်းသည် တစ်ခုနှင့် တစ်ခု သဟဇာတဖြစ်ဖို့ ခဲယဉ်းသည်။ သုံးယောက် အရေအတွက်သည်လည်း အစပိုင်း ခရီးလှည့်လည် သွားလာခြင်းအတွက်သာ ဖြစ်သည်။ အတွေ့အကြုံ ရင့်ကျက်လာသော အခါ၌ကား သုံးယောက်ပေါင်းပြီး ခရီးလှည့်လည် သွားလာဖို့ မလိုတော့ပေ။

“ဧကောဓရေ ခဂဂ၀ိပေါပ” (ကြံ့ချိုကဲ့သို့ တစ်ယောက်တည်း သွားလာရမည်) ဟူသော အဆိုအမိန့်သည် ခရီးလှည့်လည် သွားလာသူ၏ ရှေ့မှောက်၌ မိုတို ဖြစ်နေသင့်သည်။ အမျိုးသမီးများအား ခရီးလှည့်လည် သွားလာရန် အားပေးအားမြှောက် ပြုလုပ်သောကြောင့် ကျွန်ုပ်အား လူပေါင်းများစွာက အပြစ်ပြောကြပေလိမ့်မည်။ ယင်းကျင့်စဉ်ကို ကျင့်ကြံအားထုတ်သော အမျိုးသမီးများကိုလည်း နှာခေါင်း ရှုံ့ကြပေလိမ့်မည်။ သို့ရာတွင် ယင်းလမ်းသို့ ထွက်လာကြသော အမျိုးသမီးကမူ ဘယ်သူ ဘယ်လို ပြောပြော၊ ဘယ်သူ ဘယ်လို နှာခေါင်းရှုံ့ရှုံ့ ဂရုပြုကြလိမ့်မည် မဟုတ်ပေ။ အမျိုးသမီးများ ခေါင်းမြီးခြုံ စတင် ဖြုတ်ပစ်ကြစဉ်က ၀ိုင်းပြီး လက်ညှိုးငေါက်ငေါက် ထိုးကြသည့် လုလင်များကဲ့သို့ပင် လုံမပျိုများလည်း ထောင်နှင့်ချီပြီး ကျယ်ပြန့်သော ကမ္ဘာမြေပြင်တွင် လှည့်လည် သွားလာ ကြသင့်သည်။ ပထမအဆင့် ကမ္ဘာလှည့် ခရီးသည်များ ဖြစ်လာနိုင်ကြသည်။

(ရာဟုလာသံကိစ်စည်း၏ ဃူမကရသျှတရ မှ)
အတွေးအမြင် (အမှတ် 137)

Print     


 

ဆက်စပ်အကြောင်းအရာများ

  1. အများသုံး စကားလုံးများနှင့် စကားပုံများအပေါ် ခံစားခြင်း
  2. ဂျူးမတရားဘူး
  3. အနှိမ်ခံလာခဲ့ရသော အမျိုးသမီးများ၏ဘဝ
  4. စလင်းဘက်(ခ်)ထဲက ညနေများ
  5. ကြိုးစားတိုးထွက် အမျိုးသမီးတို့အတွက် (၂)
  6. ရင်တွင်းဖြစ်စကား ဆောင်းပါးရှင် ရဲနိုင် ကြားစေသား
  7. ကြိုးစားထိုးထွက် အမျိုးသမီးတို့အတွက် ၁
  8. အမျိုးသမီးတို့ဘဝမြှင့်တင်ရေးအတွက် အမျိုးသားများကို
    တိုက်မည်လော သို့မဟုတ် အမျိုးသားများနှင့် လက်တွဲမည်လော
  9. ပင့်ကူအိမ်ထဲ တိုးဝင်သွားမိတဲ့ ဘဝတွေ (ယခင်လ ထွန်းတောက်နေ ဆောင်းပါးအား ဝေဖန်ခြင်း)
  10. မိမိကိုယ်ကို အညွှန့်ချိုးမိသူများ
  11. အ၀လွန် အကျည်းတန် စိတ်ယုတ်ညံ့တဲ့ ဒီမိန်းမ

    1.  

      ထင်မြင်ချက်များ

      Name:(Required)

      Email:(Required)

      Comment:(Required)



      Web Site Terms & Conditions Are you agree ?

      TERMS AND CONDITIONS
      We (The Age & The Sydney Morning Herald) invite you to post comments in a number of areas of the website (comments areas). These include but are not limited to 'Your Say' and in the comments sections of blogs published on the website.
      When using the comments areas, you agree to be bound by the following terms and conditions.
      If you think that a comment that has been posted is offensive, unsuitable or has in some other way breached these terms and conditions, please email us at readerlink@smh.com.au with a link to the comment and your reasons for objecting to it. We'll consider whether there are grounds for editing or removing the comment and take appropriate action, but you won't necessarily be contacted as to our decision.
      Our rights
      1. We retain the right and discretion (but not the obligation) to edit, delete, reject or remove any comment which you post or seek to post in the comments areas.
      2. You grant us a non-exclusive, royalty-free, perpetual, worldwide licence to reproduce and deal with any material you submit to us by all means whatsoever (including, without limitation, in print and electronic format).
      3. We retain the right and discretion to terminate your access to the comments areas if we believe you are abusing the services in any way, or have breached these terms and conditions.
      Your obligations
      5. You will not post any material in the comments areas:
      (a) which is not original work in which you own the copyright, or which in any way violates or infringes (or could reasonably be expected to violate or infringe) the copyright, registered trademark or intellectual property rights of another person;
      (b) which is (or could reasonably be expected to be) obscene, offensive, pornographic, vulgar, profane, indecent or otherwise illegal;