ဆယ်သုံးနှစ်သမီးရဲ့ ငရဲ
မလက်တို(ထားဝယ်)
လောင်းလုံမြို့နယ်ရဲ့ ကျေးရွာလေးမှာ ကျမနေထိုင်ခဲ့တယ်။ ကျမတို့ ရွာက အိမ်ခြေ (၁၈ဝ) လောက် ရှိတယ်။ ကျမတို့ ရွာလေးက အရမ်းကို ပျော်စရာကောင်းတဲ့ ရွာကလေးပါ။ ဒါပေမဲ့ ရွာသားတွေအားလုံး သောကရောက်တဲ့ နေ့မှာ ကလေးဖြစ်တဲ့ ကျမလည်း သောက ရောက်ခဲ့ရပါတယ်။ အဲဒီတုန်းက ကျမ အသက် ဆယ့်သုံးနှစ်ပဲ ရှိသေးတယ်။ ကျမ ခြောက်တန်းစာမေးပွဲ ပြီးတဲ့ အချိန်ပေါ့။ အိမ်ရှေ့ မြေသလင်းပေါ်မှာ ခုန်ပြီး ကစားနေတဲ့အချိန် အမေပြန်လာ တာကိုမြင်လိုက် ရတယ်။ မွန်းလွဲ နှစ်နာရီလောက် ရှိပြီ။
သမီးရေ အမေ့ဆီလာဦးလို့ ခေါ်လိုက်တယ်။ အမေ့မျက်လုံးက ကျမကို စိုက်ကြည့်နေတယ်။ ကျမအမေက ကျန်းမာရေး သိပ်မကောင်းဘူး။ အမေဘယ်က ပြန်လာတာလည်း လို့ကျမမေးလိုက်တယ်။ ရွာလယ်ဇရပ်က ပြန်လာတယ်လို့ အမေ ဖြေခဲ့တယ်။ မနက်ဖြန် ရထားလမ်း ဖောက်လုပ်အားပေး သွားရမယ် လို့ပြောတယ်။ ကျမတို့ အိမ်မှာ ကျမက အကြီးဆုံး ဆိုတော့ ကျမဘဲ သွားရတယ်။ အဖေကလည်း အခြားတစ်နေရာမှာ အလုပ်သွား လုပ်နေတယ်။ သူများကို ငှားပြီး အစားထိုးပေးဖို့ ဆိုတာကလည်း ကိုယ်စားဖို့တောင် မနိုင်မနင်းဆိုတော့ ဘာမှပိုပြီး စိတ်ကူးလို့မရဘဲ ကျမ လိုက်သွား ရတယ်။ လုပ်အားပေးသွားတဲ့ လူတွေအထဲမှာ ကျမက အသက် အငယ်ဆုံးဆိုတော့ အမေက အရမ်းကို စိတ်ပူခဲ့တယ်။
တနေ့လုံး ကားစီးပြီး ညနေငါးနာရီလောက်မှာ နှမ်းကြဲဆိုတဲ့ ရွာအနီးမှာရှိတဲ့ ရာဘာတော တစ်ခုကို ရောက်သွားတယ်။ ကျမ အဒေါ်ကြီး တစ်ယောက်ကို မေးကြည့်တယ်။ “မိုးချုပ်ရင် ဘယ်မှာ အိပ်ကြမလဲအဒေါ်”လို့ ဆိုတော့ “သစ် ပင်အောက်မှာဘဲ အိပ်ရမယ်သမီး”လို့ ဖြေတယ်။ ကျမလည်း အသည်းထဲ တုန်အောင် ကြောက်သွားမိတယ်။ ဒီလိုပဲ အားလုံးဟာ ရာဘာပင်အောက်မှာ အဝတ်စုတ်ကလေး ခင်းပြီး အိပ်ကြရတယ်။ မိုးသောက်ချိန် (၃) နာရီဆို ထပြီး ထမင်းချက်ရတယ်။ (၅) နာရီဆိုရင် အားလုံးတန်းစီ ရတယ်။ တန်းစီတဲ့ အခါမှာလည်း နေရာမှားတာပဲဖြစ်ဖြစ်၊ နာမည်ခေါ်သံ မကြားတာပဲဖြစ်ဖြစ် ကြိမ်လုံးနဲ့ အရိုက်ခံကြရတယ်။
ရောက်ကာစ နှစ်ရက်သုံးရက် အကြာမှာ တောင်ပေါ်တက်ပြီး ဝါးခုတ်ရတယ်။ တစ်နေ့မှာ လူတစ်ယောက်ကို ဝါး(၁ဝ)လုံး ခုတ်ရတယ်။ စခန်းချတဲ့ နေရာနဲ့ ဝါးခုတ်တဲ့တောင်က အလွန်ဝေးပါတယ်။ ကျမ ကလေးဆိုတော့ ဝါး(၁ဝ) လုံးကို စခန်းရောက်အောင် ဘယ်သယ်နိုင်မလဲ။ အဲဒီအခါကျတော့ ကျမ ငိုချလိုက်တော့တာပဲ။ ကျမကို ကြည့်ပြီး သနားတဲ့ ဦးကြီး တစ်ယောက်က ကူသယ်ပေးပါတယ်။ ဝါးတွေကို သူတို့ တပ်ရင်းမှာ သုံးဖို့ဆိုပြီး ကားကြီးနဲ့ လာသယ်သွားတယ်။ ကျန်တဲ့ ဝါးတွေနဲ့ သူတို့နေဖို့ အိမ်ကလေးတွေ ဆောက်ပေးရတယ်။ နောက်ထပ် သုံးရက် အကြာမှာ ကျမတို့ တဲကလေး တန်းပြီး ထိုးခွင့်ရတယ်။ တဲသာဆိုပေမဲ့ ဘာလုံခြုံမှုမှ မရသေးဘူး။ မြေကြီးပေါ်မှာ မအိပ်ရတာ တစ်ခုဘဲ၊ အမိုးအကာ မရှိသေးဘူး။ (၃)နာရီဆိုရင် စစ်သားတွေက တုတ်နဲ့ရိုက်ပြီး လိုက်နိုးတယ်။ ရေချိုးတာက ရာဘာတော နံဘေးစီးဆင်း နေတဲ့ ချောင်းငယ်လေး တစ်ခုမှာ ချိုးရတယ်။ သောက်တာကလည်း အဲဒီရေကို ဘဲသောက်ရတယ်။ ချောင်းက သိပ်ပြီး မကြီးဘူး။ အနက်က ဒူးလောက်ဘဲ ရှိတယ်၊
တစ်နေ့တော့ မိုးတွေ အရမ်းရွာတယ်။ အမိုးအကာမရှိတဲ့ တဲတွေဆိုတော့ အကုန်လုံး ရွဲစိုကုန်ကြတယ်။ မိုးသောက် အိပ်ရာထပြီး ထမင်းချက်တဲ့အခါမှာ အခက်အခဲတွေ့တော့ တာပါပဲ။ ဘာအခက်အခဲလည်း ဆိုတော့ သစ်ပင်အောက် မှာ ကျောက်တုံး (၃) လုံးထားပြီး ကျမတို့မီးဖိုလုပ် ထမင်းချက်ကြတယ်။ မြေကြီးက မိုးတွေ စိုနေတယ်ဆိုတော့ မီးမွှေးလို့ မရဘူး။ ဒါကြောင့် ကျမတို့ အကုန်လုံးတန်းစီ နောက်ကျကြတယ်။ ဒါကြောင့် အလုပ်သမားတွေကို ကြီးကြပ်တဲ့တပ်မှူး က ရွာသားတွေကို တစ်နေ့လုံးနေ ပူလှန်းထားခဲ့တယ်။ ဖျားပေမယ့်လည်း တစ်ယောက်မှ နားလို့မရဘူး၊ အကုန်အလုပ် လုပ်ကြရတယ်။ တချို့ကျန်းမာရေး ထိခိုက်ပြီးသေကြတယ်။
ကျမအမှတ်ရဆုံး အဖြစ်အပျက်ကတော့ တစ်နေ့ သူတို့တဲနံဘေးမှာ ထမင်းလုံးပြန့်ကြဲနေ တာတွေ့လို့ ဘယ်သူ လာသွန် ထားတာလဲ ဆိုပြီး စစ်ဆေးတယ်။ ရွာသားတွေက တစ်နေ့လုံး လမ်းသွားဖောက်တဲ့ နေရာမှာဆိုတော့ သူတို့တဲလေးမှာ ဘယ်သူမှမရှိဘူး။ အမှန်တော့ ထမင်းလုံးတွေကို သွန်ထားတာ သူတို့တပ်သား တစ်ယောက်ပါ။ ဒါနဲ့ ဒီကိစ္စကို ဘယ်သူမှ မသိရကောင်းလား ဆိုပြီး ရွာသားတွေ အားလုံးကို စခန်းနဲ့ တစ်မိုင်လောက်ဝေးတဲ့ တံတားကလေး အထိ ရောက်အောင် လေးဘက်ထောက်ပြီး အသွားအပြန် သွားခိုင်းတယ်။ အချိန် တစ်နာရီ သတ် မှတ် ပေးတယ်။ နေပူကြဲကြဲ ကတ္တရာလမ်းဘေးမှာ ဆိုတော့ လေးဘက်ကြီး ထောက်ပြီး ဘယ်သူမြန်မြန် သွားနိုင် မှာလဲ။ ဒါကိုဘဲ ကြာတယ်ဆိုပြီး အနောက်ကနေ ကြိမ်လုံးနဲ့ လိုက်ရိုက်ကြသေးတယ်။
ဒီအဖြစ်အပျက်လေးကတော့ ကျမဘဝ (၁၃) နှစ်အရွယ်က ကျခဲ့ရတဲ့ ငရဲပါ။ အဲဒီတုန်းက အဖြစ်အပျက်တွေ ပြန်စဉ်းစားရင် လူတွေလို သဘောမထားဘဲ ကျမတို့ ရွာသားတွေကို နှိပ်စက်ခဲ့တဲ့ (၄ဝ၃)တပ်ရင်း ကို ကျမ တကယ် မမေ့ဘူး။ အဲဒီကတည်းက ကျမဆုံးဖြတ်ချက် ချခဲ့တယ်။ ဒီရေး-ထားဝယ် ရထားလမ်းမှာ ပြေးဆွဲမယ့် ရထားကြီးကို ငါ ဘယ်တော့မှ မစီးဘူးလို့။ ကျမလိုဘဲ ခံစားပြီး သေသွားကြတဲ့ လူသားတွေ မနည်းပါဘူး။ အခုတော့လည်း ဒီရေး- ထားဝယ် ရထားလမ်းကြီးဟာ တပ်မတော်ရဲ့ ကြိုးစားမှုပါ တဲ့လေ။ ကျမတို့ ဘာများပြောနိုင်ဦးမှာလဲ။

ဆက်စပ်အကြောင်းအရာများ
TERMS AND CONDITIONS
We (The Age & The Sydney Morning Herald) invite you to post comments in a number of areas of the website (comments areas). These include but are not limited to 'Your Say' and in the comments sections of blogs published on the website.
When using the comments areas, you agree to be bound by the following terms and conditions.
If you think that a comment that has been posted is offensive, unsuitable or has in some other way breached these terms and conditions, please email us at readerlink@smh.com.au with a link to the comment and your reasons for objecting to it. We'll consider whether there are grounds for editing or removing the comment and take appropriate action, but you won't necessarily be contacted as to our decision.
Our rights
1. We retain the right and discretion (but not the obligation) to edit, delete, reject or remove any comment which you post or seek to post in the comments areas.
2. You grant us a non-exclusive, royalty-free, perpetual, worldwide licence to reproduce and deal with any material you submit to us by all means whatsoever (including, without limitation, in print and electronic format).
3. We retain the right and discretion to terminate your access to the comments areas if we believe you are abusing the services in any way, or have breached these terms and conditions.
Your obligations
5. You will not post any material in the comments areas:
(a) which is not original work in which you own the copyright, or which in any way violates or infringes (or could reasonably be expected to violate or infringe) the copyright, registered trademark or intellectual property rights of another person;
(b) which is (or could reasonably be expected to be) obscene, offensive, pornographic, vulgar, profane, indecent or otherwise illegal;