မျိုးဆက်ပျံ့ပွားခြင်းဆိုင်ရာ အမျိုးသမီးများ အခွင့်အရေးအကြောင်း တစေ့တစောင်း
ချိုးလင်းပြာ ဘာသာပြန်သည်
(PICHAYANUND CHINDAHPORN ရေးသားသော ထိုင်းနိုင်ငံ၊ မျိုးဆက်ပျံ့ပွားခြင်းဆိုင်ရာ အမျိုသမီး အခွင့်အရေးညီလာခံတွင် ထိုင်းအမျိုးသမီးပညာရှင်များ ဆွေးနွေးခဲ့ကြသော မျိုးဆက်ပျံ့ပွားခြင်းဆိုင်ရာ အမျိုးသမီးများ အခွင့်အရေးနှင့် ပါတ်သက်သည့် ဆောင်းပါးကို ချိုးလင်းပြာပရိတ်သတ်လေ့လာနိုင်စေရန်အတွက် ဘာသာပြန်ဖော်ပြပါသည်။)
ကိုယ်ဝန်ယူရမည်၊ မယူရမည် စသည့်ကိစ္စများအတွက် အမျိုးသမီး အယောက်တိုင်းသည် သူ့ကိုယ်ပိုင် အတွေးအခေါ်စဉ်းစားမှုများဖြင့် ဆုံးဖြတ်ကြပါ၏လော။ ကိုယ်ဝန်ရရှိခြင်းသည်လည်း အမျိုးသမီးများအတွက် ကာမစပ်ယှက်မှု၏ ပြစ်ဒဏ်ခံရခြင်းဟု အဓိပ္ပါယ်သက်ရောက်နေပေသလော။ ဒီမေးခွန်းများကို ပြီးခဲ့သည့်အပတ် အတွင်းက ကျင်းပခဲ့သည့် "မျိုးဆက်ပျံ့ပွားခြင်းဆိုင်ရာ အမျိုးသမီးအခွင့်အရေး ညီလာခံ" ၌ အဓိကဆွေးနွေး ငြင်းခုံကြပေသည်။ ဆွေးနွေးငြင်းခုံခဲ့ကြသည့် အချက်များထဲတွင် ကိုယ်ဝန်ဖျက်ချမှု၊ အမျိုးသမီးများနှင့် အိတ်(စ်) ရောဂါ၊ အမျိုးသမီးအချင်းချင်း လိင်တူဆက်ဆံခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းပတမ်း ဆက်ဆံနေကြခြင်း စသည့်အချက်များလည်း ပါဝင်ခဲ့သည်၊
"အမျိုးသမီးတစ်ယောက်အတွက် အိမ်ထောင်သားမွေးလုပ်ရတယ်ဆိုတာ သူ့ပုဂ္ဂိုလ်ရေးဆိုင်ရာ တစ်ချက်ထဲတင် မကတော့ပါဘူး။ တကယ်တော့ ကိုယ်ဝန်ဆောင်လိုက်ပြီဆိုတာနဲ့ နိုင်ငံရေး လူ့အသိုင်းအဝိုင်းထဲ ကို ဝင်ရောက်လိုက်တာပါပဲ" ဟု မဟိဒေါ(လ်) တက္ကသိုလ်မှ ထင်ပေါ်ကျော်ကြားသည့် အမျိုးသမီးရေးရာ ပညာရှင် တွဲဖက်ပါမောက္ခ "ကရစ်တာယာအချာဟနစ်ကူး" ကပြောကြားခဲ့သည်။
အမျိုးသမီးများ၏ မျိုးဆက်ပျံ့ပွားရေး အခွင့်အရေးနှင့် အမျိုးသမီးများ၏ သံဝါသပြုမှု စသည့်ကိစ္စရပ်များ ကို သေချာစွာလေ့လာ ကြည့်ပါက အမျိုးသမီးများအပေါ် မတူမတန်ဟု သဘောထားနေသည်ကိုလည်း တွေ့ရပေမည်၊ ထို့ကြောင့် "သံဝါသပြုမှုနှင့် အမျိုးသမီးများ၏ ကိုယ်ခန္ဓာ၊ ကိုယ်ဝန်ဖျက်ချရမှု၊ အိတ်စ်ရောဂါ၊ အကြမ်းဖက်ခံ၇ခြင်း၊ ခြေသလုံးအိမ်တိုင် ဖြစ်ခြင်း" ဟူသည့် သုတေသနစာတမ်း တစ်စောင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်၊
တွဲဖက်ပါမောက္ခ ကရစ်တာယာသည် သန်းခေါင်စာရင်းဌာနမှ "ကနုတ်ဝမ်တာရာဝမ်" နှင့်အတူတွဲပြီင်္း အမျိုးသမီးများအနေဖြင့် သူတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် လိင်မှုကိစ္စများ ပြုလုပ်နိုင်စေရန် ကြိုးစားခဲ့ကြသည်၊ ထို့အပြင် အမျိုးသမီးများ၏ မျိုးဆက်ပျံ့ပွားရေး အခွင့်အရေးနှင့် ကျန်းမာရေး ကိစ္စများအတွက် ဥပဒေပြဌာန်းချက် အသစ်များ လိုအပ်နေကြောင်းကိုလည်း ပြောဆိုနေခဲ့သည်။
ကရစ်တာယာနှင့် ကနုတ်ဝမ်တို့သည် ကိုယ်ဝန်ဖျက်ချမှု၊ အိတ်စ်ရောဂါ၊ လိင်တူဆက်ဆံမှု စသည့်ကိစ္စရပ်များကို သုတေသနပြုပြီး "အမျိုးသမီးများအနေဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်" ရရှိစေရန် ကြိုးစားခဲ့သည်။ "အမျိုးသမီးတွေကို ကာကွယ်နိုင်တဲ့ ဥပဒေမျိုးရှိမှ အကြမ်းဖက်ခံရတဲ့ ဘဝမျိုးက လွတ်နိုင်မှာပါ" ဟု ကရစ်တာယာက ပြောခဲ့သည်၊ သူပြုစုနေသည့် သုတေသနသည်လူ့အဖွဲ့အစည်းတစ်ခု အတွင်းဖခင်များ နေရာရရှိနေခြင်းကြောင့် အမျိုးသမီးများအပေါ် မည်သို့ရိုက်ခတ်နိုင်သည့် အကြောင်းကို ဇောင်းပေးထားခြင်း ဖြစ်လေသည်။ ထို့အပြင် သံဝါသပြုမှုကိစ္စ အပေါ်တွင်လည်း မိန်းမတစ်ယောက်အနေဖြင့် ယောက်ျားများ နည်းတူ အခွင့်အရေးရရှိသင့်ကြောင်း ထောက်ပြခဲ့သည်၊
သံဝါသပြုမှုသည် လူ့အဖွဲ့အစည်းအတွက် အရေးကြီးသော အခန်းကဏ္ဍဖြစ်သောကြောင့် အမျိုးသမီးများ အနေဖြင့် သူတို့ကိုယ်ပိုင်ဆုံးဖြတ် ရွေးချယ်မှုများနှင့် လွတ်လပ်ခွင့်ရှိသင့်သည်ဟု တင်ပြထားပေသည်။ ဥပမာဆိုရလျှင် မလိုချင်ဘဲနဲ့ ကိုယ်ဝန်ရရှိလာပါက ဖျက်ချခွင့် ကိစ္စကို ထိုအမျိုးသမီးတစ် ယောက်၏ စိတ်ဆုံးဖြတ်ချက်ဖြင့် ရှိစေသင့်သည်ဟု ဆိုလိုခြင်းပင်။ ပြည့်တန်ဆာအလုပ် လုပ်နေကြသည့် အမျိုးသမီးများအား အိတ်စ်ရောဂါ ဖန်တီးပေးနေသူများ အဖြစ် သတ်မှတ်ချက်မျိုးကို ပြင်ဆင်ပြောင်းလဲသင့်ပေ သည်။ ထို့အတူ လိင်တူဆက်ဆံခြင်းကိုလည်း သူတို့၏ဆန္ဒအတိုင်း ခွင့်ပြုသင့်ပေသည်။
စဉ်းစားသင့်သည့် အချက်တစ်ခုမှာ အိတ်စ်ရောဂါ မဖြစ်စေရန် တစ်အိမ်ထောင်စနစ်ကျင့်သုံးခြင်းဖြင့် ကာကွယ်နိုင်သည် ဟူသည့်အချက်ပင်။ အိတ်စ်ရောဂါသည် ကွန်ဒုံးအပေါ် အဓိက မူမတည်ပေ။ ကွန်ဒုံးမသုံးဘဲ တစ်လင်တစ်မယား စနစ်ကျင့်သုံးပါက အိတ်စ်ရောဂါ မဖြစ်နုင်ပေ။ Safe Sex ဟူသော "လုံခြုံသည့်သံဝါသ ပြုမှုသည် အိတ်စ်ရောဂါနှင့် ကာလသားရောဂါများ မဖြစ်အောင် ကာကွယ်နိုင်ပေသည်။ ထို့ကြောင့် အစိုးရများအနေဖြင့် ကွန်ဒုံးသုံးပါ" ဟု ပြောခြင်းထက် တစ်လင်တစ်မယား စနစ်ကျင့်သုံးပါဟု ပို၍ဆော်သြသင့်ပေသည်။
စိတ်ဆန္ဒအရ သံဝါသပြုခြင်း ကိစ္စများအတွက် အမျိုးသမီးများ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပြုမူသင့်ပေသည်။ အကယ်၍ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ရရှိလာပါက ကိုယ်ဝန်ယူခြင်း မယူခြင်းကစ္စအတွက် သူတို့ကိုယ်တိုင် မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေကြရသည်။ ကိုယ်ဝန်ဖျက်ချခွင့်များအတွက် အမျိုးသမီးများသည် အခွင့်ရေးတစ်ရပ် ရရှိနေကြပါသလော။ အမျိုးသားများအတွက် သုတ်ပိုးများကို အကန့်အသတ်မရှိ ပို့လွှတ်ခွင့် ရှိခြင်းသည် တရားမျှတမှု မရှိပေ။ ယောက်ျားများ စိတ်ဆန္ဒရှိတိုင်း သံဝါသအပြုခံနေရသည်ကို အမျိုးသမီးများ စိတ်ပျက်စပြုနေကြပြီ။ ထို့ကြောင့် အချို့အမျိုးသမီးများသည် နားလည်မှု ပြောင်းလဲပေးရန် တောင်းဆိုနေကြခြင်း ဖြစ်လေသည်။
"မျိုးဆက်ပျံ့ပွားရေး ကိစ္စတွေမှာ အမျိုးသမီးဟာ မယားဖြစ်မှုနှင့် မိခင်ဖြစ်မှု နှစ်ခုလုံး အကျုံးဝင်တဲ့ အတွက် သူတို့ကိုယ်တိုင်ပဲ ဖြတ်ခွင့် ရှိသင့်ပါတယ်။ ကျမတို့တစ်ယောက်ချင်း အဲဒီလိုမလုပ်နိုင်ဘူးဆိုရင် တစ်ခြားလူတွေကို ဘာမှလမ်းညွှန်မှုပေးနိုင်မှာ မဟုတ်ဘူး" ဟု ကရစ်တာယာက ပြောကြားခဲ့သည်။ ရှေးရိုးထိုင်း အယူအဆသည် ကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်ပြီး အမျိုးသမီးများအား ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ပေးထားခြင်း မရှိပေ။ ၁၉၅၇ ခုနှစ်အထိ ကလေးဖျက်ချသည့် ကိစ္စမျိုး မရှိခဲ့ပေ။ နောက်ပိုင်းကျမှ ဂျာမန်ဥပဒေကို ကိုးကားပြီး တရားမဝင်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ယခုဆိုလျှင် ထိုင်းအမျိုးသမီးများသည် မုဒိမ်းကျင့်ခံရပြီး ကိုယ်ဝန်ရလာသည့်တိုင် ကလေးဖျက်ချခွင့် မရဘဲ ဖြစ်နေတော့သည်။ ထို့ကြောင့် သူတို့ စိတ်ဆန္ဒအရ သံဝါသပြုချင်သည့်တိုင် ကိုယ်ဝန်ရမှာစိုးသည့်အတွက် သံဝါသမပြုရဲအောင် ပြဌာန်းထားသလို ဖြစ်နေသည်။ ကလေးဖျက်ချခြင်းကို ဆန့်ကျင်သည့် ဥပဒေသည် အနောက်တိုင်းဥပဒေကို မွေးစားလိုက်ခြင်းပင် ဖြစ်သည်။ "အနောက်တိုင်းသားတွေက အမျိုးသမီးတွေကို ယဉ်ကျေးမှုဖန်တီးပေးသူတွေလို့ သုံးသပ်ကြတယ်။ ဒါဟာ ခရစ်ယာန်ဝါဒ အတွေးအခေါ်ပဲပေါ့" ဟု ကရစ်တာယာက ပြောခဲ့သည်။
ကရစ်တာယာ၏ သုတေသနထဲတွင် အမျိုးသမီးတစ်ယောက် သံဝါသပြုမှု၏ ရလဒ်အဖြစ် ကလေးရရှိခဲ့ ခြင်းဖြစ်ပြီး အမျိုးသမီးများ၏ ကိုယ်ခန္ဓာပြင်ပတွင် ကလေးအသက်မရှင်နိုင်ကြောင်း ထောက်ပြခဲ့သည်။ သံဝါသပြုခြင်းသည် သူတို့၏စိတ်ဆန္ဒကြောင့် ဖြစ်ပြီး ကလေးယူခြင်း၊ မယူခြင်းအပေါ် သူတို့၏ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ရှိသင့်ပေသည်။ ယောက်ျားအပေါ် ကိုးကွယ်အလေးပေးခြင်းကြောင့် HIV နှင့် အိတ်စ်ရောဂါ ဖြစ်စေသည်ဟု ကရစ်တာယာက ထောက်ပြခဲ့သည်။ "လုံခြုံသည့်သံဝါသပြုမှု" ကြောင့် HIV ရောဂါကို ကာကွယ် နိုင်ပေသည်။ ထိုအခါ ကွန်ဒုံးသုံးစရာလိုမည် မဟုတ်တော့ပေ။ ယောက်ျားထံမှ သုတ်ပိုးသည် အမျိုးသမီး၏ ခန္ဓာကိုယ်ထဲရောက်လာပြီး ကိုယ်ဝန်ရလာသည့်အခါ ကိုယ်ဝန်မလိုချင်လျှင် ဖျက်ချခွင့်မျိုးတော့ ပေးသင့်ပေသည်။
နောက်ပြဿနာတစ်ခုမှာ အမျိုးသမီးချင်း လိင်တူဆက်ဆံခြင်းပင် ဖြစ်သည်။ အမျိုးသမီးချင်း လိင်တူဆက်ဆံခြင်းသည် ယောက်ျားချင်း လိင်တူဆက်ဆံသည့် နည်းတူ တောင်းဆိုမှုများ ပြုလုပ်လာကြပြီ ဖြစ်သည်။ အခြားအမျိုးသမီးရေးရာ ကျွမ်းကျင်သူ တွဲဖက်ပါမောက္ခ " ဒေါက်တာနာလပေါ်(န်)ဟာဝနွန်" က အမျိုးသမီးချင်း လိင်တူဆက်ဆံမှုအပေါ် သူတေသနပြုနေပေသည်။ "အခုလိုတောင်းဆိုလာကြတဲ့အတွက် ထိုင်းလူ့အဖွဲ့အစည်းအပေါ် ဘယ်လိုရိုက်ခတ်လာနိုင်သလဲ။ ဘာကြောင့်ဒီလို ဖြစ်လာရတာလဲဆိုတာကို ကျမတို့ လေ့လာရပါလိမ့်မယ်။ ပြီးပြီးရောဆိုပြီး မသိချင်ဟန်ဆောင်ထားလို့ မရပါဘူး။ ကလေးဖျက်ချတဲ့ ကိစ္စကိုလည်း ကျမတို့ သေသေချာချာလေ့လာရမှာပါ" ဟု ဒေါက်တာနာလပေါ်(န်)က ပြောကြားခဲ့သည်။
မမွေးဖွားရသေးသည့် သန္ဓေသားအခွင့်အရေး ကိစ္စကို ဂရုတစိုက်လေ့လာပြီး ကိုယ်ဝန်ဆောင်ခြင်း ကြောင့် အမျိုးသမီးများအပေါ် ကိုယ်ခန္ဓာအရရော စိတ်ဓာတ်ရေးရာအရပါ သက်ရောက်မှုများကို ဆန်းစစ်ကြည့်ရပေမည်။ ကလေးဖျက်ချမှု၊ အိတ်စ်ရောဂါ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း၊ အမျိုးသမီးချင်း လိင်တူဆက်ဆံမှု စသည့်ကိစ္စများကို သီးခြားတကဏ္ဍစီ လေ့လာသုံးသပ်သင့်ပေသည်။
အမျိုးသမီးများသည် သူတို့၏ဘဝအတွက် သီးခြားလွတ်လပ်ခွင့် ရှိသင့်ပြီး သူတို့၏ကိုယ်ခန္ဓာကို မည်သူတစ်ဦးတစ်ယောက်ကမှ ထိန်းချုပ်ထားရန် မလိုပေ။ "မိန်းမတွေဟာ ယောက်ျားတွေရဲ့ နောက်လိုက်လို့ဘဲ သတ်မှတ်နေကြတယ်။ ကိုယ်ဝန်ဆောင်တာတောင်မှ သူတို့ဆန္ဒအတိုင်း မလုပ်နိုင်ကြဘူး။ သံဝါသပြုတာမှာလည်း သူတို့ရဲ့ ဆန္ဒအတိုင်း လုပ်လို့မရဘူး ဖြစ်နေတယ်။" ဟုသမ္မာဆတ် တက္ကသိုလ်မှ " ဒေါက်တာချာလီဒါပေါ်(န်)ဆော်ဆမ်ပန်း" က ပြောကြားခဲ့သည်။ "အမျိုးသမီးတွေအပေါ် အကြမ်းဖက်ဆက်ဆံနေကြ တယ်လေ။ မလိုချင်လဲရလာတဲ့ ကိုယ်ဝန်ကိုကျတော့ ဖျက်ချခွင့် မရပြန်ဘူး။ နောက်ပြီးအိမ်ထောင်မပြုဘဲ သံဝါသပြုပြန်တော့ လမ်းပေါ်က မိန်းမလို့ ကင်ပွန်းတပ်ကြပြန်ရော" ဟု ဒေါက်တာချာလီဒါပေါ်(န်)က ဆက်ပြောပြ သည်။
တွဲဖက်ပါမောက္ခ ကရစ်တာယာ၏အဆိုအရ ကလေးဖျက်ချခွင့် မရသေးကြောင်း သိရပေသည်။ လူအများကလည်း အမျိုးသမီးအခွင့်အရေးများရရန် အဆိုမပြုကြဘဲ အမျိုးသမီးများကို မျက်နှာလွဲခတ်ပစ် လုပ်နေကြပေသည်။ ကလေးငယ်များအပေါ် အကြမ်းဖက်ခြင်းသည်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်သည့် နည်းတူ ဖြစ်နေသည်ဟု ပါမောက္ခကရစ်တာယာက ထောက်ပြခဲ့သည်။ ကလေးဖျက်ချခွင့်ကို ပိတ်ပင်ထားခြင်းကြောင့် HIV နှင့် အိတ်စ်ရောဂါကို ကြိုနေသကဲ့သို့ ဖြစ်သွားစေသည်။ ထို့ကြောင့် အစိုးရနှင့် လူ့အဖွဲ့အစည်းတို့သည် အမျိုးသမီးအခွင့်အရေးဆိုင်ရာများကို ပြန်လည်သုံးသပ်သင့်နေပေတော့သည်။

ဆက်စပ်အကြောင်းအရာများ
TERMS AND CONDITIONS
We (The Age & The Sydney Morning Herald) invite you to post comments in a number of areas of the website (comments areas). These include but are not limited to 'Your Say' and in the comments sections of blogs published on the website.
When using the comments areas, you agree to be bound by the following terms and conditions.
If you think that a comment that has been posted is offensive, unsuitable or has in some other way breached these terms and conditions, please email us at readerlink@smh.com.au with a link to the comment and your reasons for objecting to it. We'll consider whether there are grounds for editing or removing the comment and take appropriate action, but you won't necessarily be contacted as to our decision.
Our rights
1. We retain the right and discretion (but not the obligation) to edit, delete, reject or remove any comment which you post or seek to post in the comments areas.
2. You grant us a non-exclusive, royalty-free, perpetual, worldwide licence to reproduce and deal with any material you submit to us by all means whatsoever (including, without limitation, in print and electronic format).
3. We retain the right and discretion to terminate your access to the comments areas if we believe you are abusing the services in any way, or have breached these terms and conditions.
Your obligations
5. You will not post any material in the comments areas:
(a) which is not original work in which you own the copyright, or which in any way violates or infringes (or could reasonably be expected to violate or infringe) the copyright, registered trademark or intellectual property rights of another person;
(b) which is (or could reasonably be expected to be) obscene, offensive, pornographic, vulgar, profane, indecent or otherwise illegal;