နောက်ဆုံးပြင်ဆင်ဖြည့်စွက်သည့်နေ့ - ၀၂ မေလ ၂၀၁၂
မူလစာမျက်နှာ|ချိုးလင်းပြာအကြောင်း|ဆက်သွယ်ရန်|BWU|
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအမျိုးသမီး အလုပ်သမားများ၏ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံအကြောင်းကို မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) မှ အသံမဲ့ (သို့မဟုတ်) ပုန်းကွယ်နေသော အရိပ်များ အမည်ဖြင့် ယခုလ ၂၃ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါသည်။ (အင်္ဂလိပ်ဘာသာဖြင့် အစီရင်ခံစာ ရယူရန်)
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအမျိုးသမီး အလုပ်သမားများ၏ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံအကြောင်းကို မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) မှ အသံမဲ့ (သို့မဟုတ်) ပုန်းကွယ်နေသော အရိပ်များ အမည်ဖြင့် ယခုလ ၂၃ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါသည်။ (မြန်မာဘာသာဖြင့် အစီရင်ခံစာ ရယူရန်)
အမှတ် ၁၀၊ ၂၀၁၀ ခုနှစ် နိုဝင်ဘာလထုတ် စာစောင်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်တဦးဖြစ်သည့်အပြင် အမျိုးသမီးထုတရပ်လုံး စံပြုထားရသည့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်မှုအပေါ် ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု အမှတ်တရ အထူးထုတ်စာအုပ်အဖြစ် ထုတ်ဝေခဲ့ပါသည်။ စာအုပ်ထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ စာရေးဆရာ၊ ဆရာမများ၏ ရှုထောင့်အမျိုးမျိုးမှ တင်ပြထားသော စိတ်ဝင်စားဖွယ် ဆောင်းပါးများ၊ ရသစာစုများအပြင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများနှင့် လုပ်ဆောင်ချက်များကိုလည်း ပြန်လည်မှတ်တမ်းတင် ဖော်ပြထားပါသည်။ ထို့ပြင် အနယ်နယ်အရပ်ရပ်မှ အမျိုးသမီးများ၏ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုအပေါ် အမြင်သဘောထားများကို စကားဝိုင်းအဖြစ် စီစဉ်ဖော်ပြထားပါသည်။
အမှတ် ၉၊ ၂၀၁၀ ခုနှစ် ဇူလိုင်လထုတ်တွင် အမျိုးသမီးပြည်သူများ၏ ၂၀၁၀ ရွေးကောက်ပွဲအပေါ် ရင်ဖွင့်သံများကို စိတ်ဝင်စားဖွယ် စီစဉ်ဖော်ပြထားပြီး မြန်မာနိုင်ငံ ၉၀ ရွေးကောက်ပွဲ၏ အမျိုးသမီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦး၏ ၉၀ ရွေးကောက်ပွဲအတွေ့အကြုံနှင့် ၂၀၁၀ ရွေးကောက်ပွဲနှိုင်းယှဉ်ချက်များကို ဆက်သွယ်မေးမြန်းမှုကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။ ထို့ပြင် ရွေးကောက်ပွဲသပိတ်မှောက်ခြင်းဆိုင်ရာ သိကောင်းစရာ အထွေထွေဗဟုသုတဆောင်းပါးနှင့် အခြားလေ့လာဖွယ် ဆောင်းပါးများကိုလည်း ထည့်သွင်းထားပါသည်။ အမျိုးသမီးရေးဆိုင်ရာ အခြားအကြောင်းအရာများကိုလည်း ပေါ့ပေါ့ပါးပါး ရသစာစုများအဖြစ် ဖော်ပြထားပါသည်။
အမှတ် ၈၊ ၂၀၁၀ ခုနှစ် မေလထုတ် ချိုးလင်းပြာစာစောင်တွင် အမျိုးသမီးများ ကြုံတွေ့နေရသည့် အခြေအနေများပါဝင်သည့် စိတ်ဝင်စားစရာကောင်းသည့် ရသစာစုများ၊ အမျိုးသမီးများ အရွယ်မရွေး သတိထားရမည့် မီးယပ်ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးဆောင်းပါး၊ စာရေးဆရာမ တူးတူးသာ၏ ဘ၀သရုပ်ဖော် ၀တ္ထုရှည် စသဖြင့် ဝေေ၀ဆာဆာ ဖော်ပြထားပါသည်။ ထို့ပြင် ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် နယ်ပယ်အသီးသီးမှ အမျိုးသမီးများ၏ ရင်ဖွင့်သံများကိုလည်း စိတ်ဝင်စားဖွယ် ဖတ်ရှုနိုင်သလို နိုင်ငံတကာ လူထုကြားနာပွဲတွင် အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခံရမှုကို တိုင်ကြား ကြားနာခဲ့သည့် ဒေါ်ပုစိန်နှင့်လည်း ဆက်သွယ်မေးမြန်းထားခြင်းကို ထည့်သွင်းထားပါသည်။
အမှတ် ၇၊ ၂၀၁၀ ခုနှစ်၊ မတ်လထုတ် ချိုးလင်းပြာစာစောင်တွင် ပုံမှန်ကဏ္ဍများအတွက် အမျိုးသမီးရေးရာ ဆက်စပ်အကြောင်းအရာများ ပါဝင်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲဆိုင်ရာ အမျိုးသမီးများ၏ အတွေးအမြင်များ၊ ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ ဒီပဲယင်းမြို့တွင် ဖြစ်ပွားခဲ့သည့် လူသတ်ပွဲတွင် ကိုယ်တိုင်တွေ့ကြုံခံခဲ့ရသူနှင့် တွေ့ဆုံမေးမြန်းခြင်းကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။
အမှတ် ၆၊ ၂၀၁၀ ခုနှစ် ဇန်န၀ါရီလထုတ် စာစောင်ကို မြန်မာ့အမျိုးသမီးသမဂ္ဂ၏ ၁၅ နှစ်ပြည့် အမှတ်တရ အထူးထုတ်အဖြစ် ထုတ်ဝေဖြန့်ဖြူးခဲ့ပါသည်။ အဓိကအားဖြင့် သမဂ္ဂအဖွဲ့ဝင်များ၏ ၁၅ နှစ်ပြည့်နှစ်အမှတ်ရစကားများ၊ ၁၅ နှစ်တာကာလ မြန်မာ့အမျိုးသမီးသမဂ္ဂ၏ ဖြတ်သန်းမှုပုံရိပ် ဓာတ်ပုံကဏ္ဍများနှင့် ၁၅ နှစ်ပြည့် အခမ်းအနားတွင် ကပြဖျော်ဖြေခဲ့သော ချိုးလင်းပြာသဘင်ပွဲမှ အမျိုးသမီးလူရွှင်တော်များနှင့် တွေ့ဆုံစကားဝိုင်း စသည်တို့ကို ထည့်သွင်းဖော်ပြထားပါသည်။ ဤအထူးကဏ္ဍများအပြင် ပုံမှန် ကဏ္ဍများဖြစ်သည့် အခြား အမျိုးသမီးရေးရာ ဆောင်းပါးများကိုလည်း ဖတ်ရှုနိုင်ပါသည်။